အားလုံးပဲ မဂ်လာပါလို. နှုတ်ခွန်းဆက်သလိုက်ပါတယ် ရှင်.
ရွှေမြို.တော်မှ ခင်မင်ခဲ.ရတဲ. မြို.တော်သူ မြို.တော်သားများအားလုံးလဲ
ကျွန်မတို. ရွှေမြို.တော်မှာ ပျော်ရွှင်ကြလိမ်.မယ်လို. မျှော်လင်.ပါတယ် ဒီစာကို စိတ်မကောင်းစွာနဲ.
ရေးခြင်းဖြစ်တဲ.အတွက် သူငယ်ချင်းများဖတ်ရင်း အမှားများပါရှိခဲ.ပါက မြို.တော်သူ
မြို.တော်သားများအားလုံးအနေနဲ. နားလည်ခွင်.လွှင်.ပေးကြပါလို.လဲ အရင်ဆုံးတောင်းဆိုပါရစေ ရှင်. ။ ။
လူတိုင်းမှာ ရည်ရွယ်ချက်ဆိုတာ ကိုယ်စီရှိကြပါတယ် ရှိကြမှာလဲသေချာပါတယ် ကျွန်မ ဒီဆိုဒ်မှာ
တတ်နိုင်သမျှကူညီလုပ်ပေးတဲ.သူ ၁ယောက်ပါ ဒီလိုကူညီတာဟာလဲ အက်ဒမင် အခေါ်ချင်လို.လဲ ''လုံးဝ လုံးဝ''
မဟုတ်ပါဘူး'' ဖြူစင်တဲ. စေတနာသက်သက်နဲ.ပါ'' ''အက်ဒမင်'' ဆိုတဲ. ''ဂုဏ်ပုဒ် ''အနေနဲ.လဲစကားမပြောချင်ဘူး ။
ကျွန်မရင်ထဲမှာ ''မှန်သောစကား မုသားမပါတဲ.စကား'' တစ်ခွန်းရှိပါတယ် ''ခုချိန်ထိ ကျွန်မကိုယ်ကျွန်မ အက်ဒမင်
တစ်ယောက်ပါလို. မခံယူဖူးဘူး(မမြင်ဖူးဘူး)'' မလုပ်ပေးနိုင်တဲ. အကန်.တွေအများကြီးရှိတဲ.အခါ ကျွန်မဟာ
ဒီ ''အက်ဒမင်'' ဂုဏ်ပုဒ်နဲ.အပ်စပ်ပါ.မလား ညီနေပါ.မလားဆိုတဲ. အသိစိတ်က ကျွန်မကို အရိပ်တစ်ခုလို
အမြဲနောက်ကလိုက်နေသလို စိတ်ထဲခံစားနေရတယ် အက်ဒမင်တစ်ယောက်လိုလဲ မပြည်.စုံပါဘူး
ဒါပေမဲ. ပြည်.စုံအောင်တော. အမြဲကြိုးစားနေတယ်ဆိုတာ မှန်သောစကားပါ ။ ။
ဒါကြောင်. ကျွန်မ အက်ဒမင်ပါဆိုတာ ပြောမထွက်ရဲခဲ.သလို တတ်နိုင်သမျှမကျင်.သုံးပဲ လုပ်ဖော်ကိုင်ဖက်
ကူညီနေသူတစ်ယောက်ပါလို.လဲ လာမေးတဲ.သူတွေဆို ကျွန်မ ပြန်ဖြေပြဖူးပါတယ် လူတိုင်းကို
စေတနာတန်းတူထားနိုင်ရန်ပဲကြိုးစားခဲ.တယ် ဘယ်လိုကူညီပေးရင် ဝင်လာတဲ. အဖွဲ.ဝင်တစ်ယောက်ဟာ
အဆင်ပြေမလဲဆိုတာလဲ တွေးမိတာအခါခါပါ ဒါပေမဲ. စိတ်မကောင်းစရာက ရင်ထဲက စေတနာအမှန်တွေဟာ
တကယ်တော.လူတိုင်းနဲ.မတန်ဘူး မထိုက်တန်ဘူး ကျွန်မဆိုတာ ကျန်တဲ.အက်ဒမင်တွေလောက် ဒီဆိုဒ်ကို
အကူညီပေးနေတဲ.သူ တစ်ယောက်လဲမဟုတ်ပါဘူး ကျောင်းတစ်ဖက်နဲ.တကယ်တော. မအားပါဘူး ဒီလိုပြောတာ
ကျန်တဲ.အက်ဒမင်တွေကျ အားတယ်လို.မဆိုလိုပါဘူး ဒီဆိုဒ်အပေါ် ဘယ်လောက်သံယောဇဉ်တွေဖြစ်နေမိလဲဆိုတာ
ပြောချင်တာပါ ကျောင်းသွားရတဲ.နေ.တွေ စာသင်ခန်းထဲမှာဆိုလဲလစ်ပြီဆိုတာနဲ. ဆိုဒ်ထဲပြေးဝင်လာတယ်
တစ်ခါတစ်လေတော. ကိုယ်ကိုကိုယ် ပြန်မေးမိတယ် ဘာလို.ပါလိမ်. ဘာအတွက်ပါလိမ်. သေချာတဲ.အဖြေကတော.
ရှိနေခဲ.ပါတယ် ရွှေမြို.တော်မှာ ပျော်နေမိပြီ သံယောဇဉ်တွေဖြစ်နေမိပြီ တတ်နိုင်သမျှကူညီပေးချင်လို.ပဲ
ဆိုတာ သေချာနေတယ် ကျွန်မတို.လဲ ကိုယ်.အလုပ်ကိုယ်လုပ်ကြမယ် ကျန်တဲ.သူငယ်ချင်းတွေလဲ ကိုယ်အလုပ်ကိုယ်
လုပ်ကြပေါ. အက်ဒမင် ဆိုတာ မန်ဘာတွေ အမှားမလုပ်သေးသရွေ.တာ. ချက်ခန်းထဲမှာ မလိုအပ်ပါဘူး
ဒါပေမဲ. ပြသနာတွေဖြစ်လာပြီဆိုရင်တော. အက်ဒမင်ဆိုတာ ရှိရမှာပါ အများကြီးလို.မပြောရပေမဲ.
တတ်နိုင်တဲ.ဖက်က ကျွန်မလုပ်ပေးခဲ.ပါတယ် တစ်တောင်.တစ်နေရာကနေပါဝင်နေတာပါ ။ ။
ဒီအတွက်လဲ ဘာအကျိုးတစ်စုံတစ်ခုကိုမှ မမျှော်ကိုးမိခဲ.ပါဘူး လူတိုင်းကိုတော. လေးစားပါတယ် ဒါပေမဲ. အဲ.ထဲမှာ
လူတိုင်းက မပါဘူး အွန်လိုင်းသုံးတယ်ဆိုတာ ကိုယ်.မွေးရပ်မြေနဲ.ဝေးနေရလို. နောက်ပြီး သင်ယူတတ်ရင်
သင်စရာတွေက မကုန်နိုင်ဘူး အနည်းဆုံးတော. မိတ်ဆွေစစ်တွေလဲ ရနိုင်တယ်လေ
ကျွန်မ ခုချိန်ထိ ဘယ်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာအောင် မလုပ်ခဲ.ဖူးပါဘူး ကျွန်မအလုပ်ပဲ
ကျွန်မလုပ်သွားတယ် လူဆိုတာ ကိုယ်.လုပ်ရပ်တွေတိုင်းမှာ ကိုယ်.အဆင်.တန်း,
ကိုယ်ဟာဘယ်လိုလူစားမျိုးလဲဆိုတာ ဖော်နေကြတာပဲ အဲ.အဆင်.တန်းဆိုတာကကော ဘာလဲ??????
ကျွန်မတော. အဆင်.တန်းဆိုတာ စိတ် လို.သတ်မှတ်ထားတယ်
ရှေးစကားတစ်ခုရှိပါတယ် ''စကားထဲက ဇာတိပြ'' ဆိုတာ ကျွန်မပြောဖူးတယ် ''ငါဆိုတာဘယ်သူလဲ မင်းဆိုတာ
ဘယ်သူလဲ'' ကျွန်မစိတ်မဝင်စားဘူး ကျွန်မ သိတာစိတ်ဝင်စားတာ ''မင်းနဲ.ငါ''က အွန်လိုင်းပေါ်မှာ သိကျွမ်းခဲ.ကြ
ခင်လာခဲ.ကြတဲ. ဆုံလာကြတဲ. ''အရမ်းကို ဖြူစင်တဲ. အွန်လိုင်းသူငယ်ချင်း'' တွေဆိုတာပဲ ။ ။
အွန်လိုင်းတက်ပြီး ရိုင်းလို.ရိုင်း လူ၁ဘက်သားကို စော်ကားလို.စော်ကား ဝဋ် ဆိုတာလည်တတ်ပါတယ်
လူဆိုတာ ကိုယ်ပြုလိုက်တဲ.အကျိုးတစ်စုံတစ်ခုဟာ တစ်နေ. ကိုယ်မမျှော်လင်.ထားတဲ.တချိန်မှာ
အမှတ်မထင် ပြန်ရောက်လာတတ်ပါတယ် ပြန်ခံစားလာရတတ်ပါတယ် ။ ။
အဆုံးဆိုးက နှမချင်းမစာနာတတ်တဲ.သူတွေပဲ ဘယ်သူကမှတော. ကိုယ်.နှမကို ထိခိုက်စေချင်မယ်မထင်ပါဘူး
ပြောအဆိုတွေ ကျေးဇူးပြုပြီး ယဉ်ကျေးစွာပြောဆိုကြပါ ကျွန်မဆိုတာလဲ လူသားထဲကလူသား၁ယောက်ပဲလေ
သည်းခံနိုင်စွမ်းဆိုတာ အတိုင်းတာရှိကြပါတယ် တစ်ခါတစ်လေတော. စိတ်ကုန်မိတယ်ဆိုတာ အမှန်ပဲ ။ ။
စေတနာစိတ်အရင်းခံပြီး အက်ဒမင်တွေ ကျွန်မအပါဝင်ပေါ. လုပ်လိုက်တဲ.အလုပ်တစ်ခုက အရာမထင်တဲ.အပြင်
အစော်ကားပါခံနေရတာ တွေးမိလိုက်တိုင်းတော. ရင်နှင်.မဆန်.အောင် စိတ်မကောင်းဖြစ်မိပါတယ်
ပင်လယ်ကျောက်ဆောင်ကြီးတွေတောင်မှ တိုက်စားမှုတွေများလာရင် လှုပ်လာနိုင်သေးတာပဲလေ ။ ။
လူသူအများပြောဆိုရာ ချက်ရွမ်းမှာဆိုလဲ ကျွန်မ ဘယ်တစ်ယောက်ကိုမှ အလကားနေ မဘမ်းဘူး ဘာမလုပ်ဖူးဘူး
အထင်တွေလွဲမှားစရာတွေကတော. ရှိတာပေါ. ဘာလို.လဲ အက်ဒမင်တွေက များကြီးပဲလေ
သိချင်လာမေးပါ ကျေးဇူးပြုပြီးတော. လာတော.မစော်ကားပါနဲ. စေတနာနဲ.အလုပ်လုပ်တာ အစော်ကားခံရဖို.တော.
မဟုတ်ပါဘူး စေတနာကို မသိချင်နေပါ မစော်ကားမိရင် ကောင်းမယ်ထင်တယ်
ရွှေမြို.တော်လေးနဲ. တစ်ချို.သောအဖွဲ.ဝင်တွေကိုတော. သံယောဇဉ်ရှိပါတယ် ဒါပေမဲ. တစ်ချို.တစ်ချို.သော
မသိတတ် အကြောင်းမရှိပြသနာရှာတဲ.သူတွေအတွက်ကြောင်.တော. စိတ်ညစ်ရပါတယ် ။ ။
နောက်ပြီး ဒီဆိုဒ်တည်ထောင်သူနဲ.ဒီဆိုဒ်လေးကိုတော. တစ်ထောင်.တစ်နေရာကနေ အမြဲကူညီချင်နေတာပါ
လိုအပ်လာရင် နောက်လဲကူညီပေးသွားအုံးမှာပါ ဒါပေမဲ. အရင်လိုတော. ဆိုဒ်ထဲလာဖြစ်မှာတော. မသေချာတော.ဘူး
အဲ.အတွက်တော. အားလုံးကို ကျွန်မတောင်းပန်ပါတယ် ကျောင်းစာမေးပွဲတွေက နီးလာပြီလေ
ကျွန်မ ကျင်လည်လာတဲ. ဒီ၁နှစ်အတွင်း သိခဲ.ခင်လာခဲ.တဲ.သူတွေကိုလဲ သတိရနေမှာပါ
''ဆိုဒ်တာဝန်ခံ ကိုကို မမ'' တွေကိုလဲ အတူတူလက်တွဲအလုပ်လုပ်ခွင်.ရခဲ.လို. ကျေးဇူးတင်ပါတယ်
''တွဲလက်တွေ ညီနိုင်ပြီး ညီပြီဖြစ်တဲ.ဒီတွဲလက်တွေ ခိုင်မြဲနိုင်ကြပါစေ'' ရင်ထဲက ဆုတောင်းပေးပါတယ်
ယခုထိ ဒီနေ.ထက်တိုင် အတူတူလက်တွဲခဲ.ကြတဲ. ဆိုဒ်တာဝန်ခံများနဲ.အဖွဲ.ဝင်သူ(သား)အားလုံးကိုလဲ
ကျေးဇူးတင်ပါတယ် ရှင်. ။ ။
''ချစ်တဲ. ရွှေမြို.တော်လေး ဒီထက်မက အောင်မြင်တိုးတက်လာပါစေ''
ရေးမှား ပြောမှားများရှိခဲ.ရင် ခွင်.လွှတ်ကြပါလို. အားလုံးကို တောင်းပန်ပါတယ်
ခင်မင်လေးစားလျှက်
နှောင်း