မိုးစက်တွေနဲ့ အပြိုင်မြေခ မျက်ရည်တွေကြွေကျလာတိုင်း အနိုင်းမဲ့ပူဆွေးခြင်းတွေက ညစဉ်နဲ့အမျှပေါ့။တချိန်ကဒီအချိန်၊ဒီနေရာမှာနှစ်ကိုယ်တူရှိနေခဲ့ပေမဲ့ အဖော်မဲ့တဲ့နှလုံးသားလေးကတော့ မင်းရဲ့ကိုယ်အငွေ့အသက်လေးတွေကိုတောင်းတနေစမြဲပါ။မျှော်လင့်မထားတဲ့ကံ့တရားတစ်ခုက တဖွဲဖွဲကျဆင်းနေတဲ့ မိုးစက်လေးတွေအကြား မိုးအပြိုင်မျက်ရည်လေးတွေဖြစ်အောင် ကျိန်စာတိုက်ခဲ့တယ်။အလို့ချစ်ခဲ့တာလားချစ်လို့အခဲ့ရလား၊မသိခဲ့ရတဲ့၊ငါ့အချစ်စစ်တစ်ခုကတော့ကြွေကျလာတဲ့ မိုးစက်လေးတွေလိုကြွေကျခဲ့ရပြီးချစ်ရေ။မင်းသိနိုင်ဖို့ညစဉ်ညတိုင်းဂစ်တာလေးကိုတီး၊အလွမ်းစာသားလေးတွေကိုရေးဖွဲ့ပြီး ငါလွမ်းနေဆဲပါ။သန်ခေါင်ယံညတွေရဲ့ အလယ်ခံစားနေရတဲ့ပူဆွေးသောကတွေဟာ နင့်အတွက်ပျော်တော်ဆက်လေးတွေဖြစ်ခဲ့ရင်...ချစ်သူရေငါဘ၀သေဆုံးချိန်ထိပေးဆပ်နေမှာပါ။တနေ့တချိန်ကျငါ့အလွမ်းတွေဟာ ညစဉ်ညတိုင်းမိုးအပြိုင်မျက်ရည်တွေနဲ့သီကုန်းထားတဲ့ ငါ့အချစ်တွေဖြစ်ခဲ့ရင် မင်းသိနိုင်ပါစေလို့ဆုတောင်နေမိတာ မိုးတွေရွာနေတိုင်းငါ့နှလုံးသားကတဆက်ဆက်တုန်လို့ပေါ့ဟာ။
↧