Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကမ္ဘာဦးလူသားကို အပြစ်ယူရမလား.... စဉ်းစားပေးကြပါ

$
0
0

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ကျနော်တို့ နိုင်ငံသားတွေက စာနာမှုတွေရှိကြတယ်၊ အခုလည်း ရန်ကုန်မှာ မီးလောင်တဲ့ ဖြစ်ရပ်ကြောင့် တော်တော်များများ စိတ်မကောင်း ဖြစ်နေကြတယ်ဆိုတာ သိရပါတယ်၊ ဒီတော့ စိတ်မကောင်းဖြစ်နေတဲ့ ကျနော့ သူငယ်ချင်း တွေကို မွေးနေ့နဲ့တိုက်တိုက်ဆိုင်ဆိုင် ကျနော့ မမပြောတဲ့ ပုံပြင်လေးကို ပြန်ပြောပြမယ်နော်....

သူငယ်ချင်းတို့ရေ.... သူငယ်ချင်းတို့ ကျနော်တို့တွေဟာ မွေးနေ့ဆုတောင်းတဲ့အခါမှာ အင်း... ""ဒီနေ့ကျရောက်တဲ့ မွေးနေ့မှ နောက်နှစ်ပေါင်း (၁၂၀)တိုင် ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေ"" လို့ ဆုတောင်းလေ့ရှိကြတယ်နော်၊ ကျနော့မမ ပြောတဲ့ ပုံပြင်က အဲ့ဒါနဲ့ ပတ်သက်တယ်ဗျ၊

ကမ္ဘာဦးအစက ဘုရားသခင်ဟာ အရာရာကို ဖန်ဆင်းသတဲ့၊ ဘုရားသခင် ဖန်ဆင်းတဲ့ အရာတွေထဲက တစ်ချို့ပေါ့.... ဘုရားသခင်က ဖန်ဆင်းကတည်းက ကိုယ်စီ ကိုယ်စီ တာဝန်တွေ ပေးလိုက်တယ်တဲ့၊ အင်း... ဘုရားသခင်က နွားကို ဖန်ဆင်းတယ်၊ တာဝန်တွေ အသီးသီး ပေးပြီး သက်တမ်းကို နှစ်(၈၀)ပေးလိုက်တယ်၊ ဒီတော့ နွားက စောဒက တက်ပါတယ်၊ ကျွန်ုပ်က လူတွေကို အလုပ်အကျွေး ပြုရမှာဆိုတော့ နှစ်(၈၀)ဆို များလွန်းတယ်၊ ထက်ဝက်လောက်ပဲ လိုချင်တယ်ဆိုတော့... ဘုရားသခင်က သဘောကောင်းတယ်လေ နွားရဲ့ သက်တမ်းကို နှစ်(၄၀) သတ်မှတ်ပေးလိုက်တယ်၊ ပြီးတော့.. ခွေးကိုဖန်ဆင်းပြန်တယ်၊ တာဝန်တွေ အသီးသီးပေးပြီး သက်တမ်းကို နှစ်(၂၀) ပေးလိုက်တယ်၊ ခွေးကလည်း စောဒက တက်ပြန်တယ်၊ ကျွန်ုပ်ကလည်း လူတွေကို စောင့်ရှောက်ရမယ်ဆိုတော့ များလွန်းပါတယ်၊ ထက်ဝက်လောက်လျှော့ပါဆိုတော့... ဘုရားသခင်ကလည်း ထုံးစံအတိုင်းပေါ့ ခွေးရဲ့သက်တမ်းကို (၁၀)နှစ်လို့ သတ်မှတ်လိုက်ပါတယ်၊ နောက်ပြီး မျောက်ကို ဖန်ဆင်းတယ်၊ တာဝန်တွေပေးပြီး သက်တမ်းကို နှစ်(၂၀)လို့ သတ်မှတ်လိုက်ပြန်တယ်၊ အဲ့ဒီ မျောက်ကလည်း စောဒက တက်ပြန်တာပဲ.... ကျွန်ုပ်ကလည်း လူတွေကို ဖျောဖြေရမှာ ဆိုတော့... ထက်ဝက်သာ လျှော့ပေးပါတဲ့၊ သဘောကောင်းတဲ့ ဘုရားသခင်ကလည်း မျောက်ရဲ့ တောင်းဆိုချက်အတိုင်း သက်တမ်းကို (၁၀)နှစ် သတ်မှတ်ပေးလိုက်ပါတယ်၊ ပြီးတော့ လူသားကို ဖန်ဆင်းပါတယ်၊ တာဝန်တွေ အသီးသီးပေးပြီး သက်တမ်းကို နှစ်(၆၀)လို့ သတ်မှတ်ပေးလိုက်တယ်၊ လူ့တာဝန်မှာ ပျော်ရွှင်စရာ၊ ဇိမ်ယူစရာတွေပါသလို ကုသိုလ် ဒါနပြုစရာတွေလည်း ပါတာပေါ့ဗျာ၊ အင်း... အဲ့ဒီမှာ လူသားက ကျန်တဲ့ သတ္တ၀ါတွေနဲ့ မတူဘူးခင်ဗျ၊ ဒီလောက် ပျော်စရာကောင်းတဲ့ လူ့ဘ၀ကို သက်တမ်းလျှော့ထားတဲ့ သတ္တ၀ါတွေဆီက အစားထိုးပြီး နှစ်ဆတိုးပေးဖို့ တောင်းဆိုလေတော့ ဘုရားသခင်က ထုံးစံပေါ့ဗျာ တိုးပေးပါတယ်၊ လူ့သက်တမ်းကို နှစ်(၁၂၀)လို့ သတ်မှတ်ပေးလိုက်တယ်၊

အဲ့ဒီတော့... သူငယ်ချင်းတို့ရေ... လူတွေဟာ အသက်(၂၀)အရွယ်လောက်ထိ ပျော်စရာ သိပ်ကောင်းပါတယ်၊ ပညာသင်ယူရတဲ့ အရွယ်ပေါ့နော်၊ အင်း... အသက်(၂၀)ကျော်ပြီးရင်တော့ အသက်(၆၀)လောက်ထိ နှစ်(၄၀)လောက် နွားလို ရုန်းကန်ကြရပါတော့တယ်၊ ပြီးတော့ အသက်(၆၀)ကျော်ရင် မြေးတွေကို ထိမ်းကျောင်းရတယ်၊ မြေးတွေပျော်ရွှင်အောင် မျောက်လို ကပြ ချော့မြှူရတာ (၁၀)နှစ်လောက်ကြာတယ်၊ အသက်(၇၀)ကျော်ပြီဆိုရင်တော့... သိပ်ပြီး မသွားနိုင် မလာနိုင်တာကြောင့် အိမ်မှာပဲ ခွေးလို စောင့်ရှောက်နေရင်းနဲ့ အိမ်စောင့်ဖြစ်ရပါတော့တယ်၊ အင်း..... အသက်(၈၀)ကျော်မှပဲ ကုသိုလ် ဒါနတွေ လုပ်မယ်လို့ ရည်စူးကြတယ် ဆိုတော့..... ကျနော်တို့ လူသားတွေ ရောက်ချင်တဲ့ နိဗ္ဗန်ဆိုတာ.... မလွယ်ဘူးထင်တယ်ဗျာ၊ ဒီတော့... သူငယ်ချင်းတို့ ပြောပြောနေတဲ့ နှစ်ပေါင်း(၁၂၀)ဆိုတာကို ကမ္ဘာဦးလူသားက ဘုရားသခင်ဆီမှာ တောင်းဆိုခဲ့တာဆိုတော့.... အဲ့ဒီလူသားကိုပဲ အပြစ်ယူရမလား....... စဉ်းစားပေးကြပါနော်......


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>