လူမှုရေးဝက်ဆိုက် ရေစီးကြောင်းထဲမှာ နစ်မြောစီးဝင်နေမိတာ
နှစ်နှစ်ကျော်လောက်ရှိခဲ့ပါပြီ..
ပို့စ်လေးတစ်ပုဒ် ရေးပြီးတယ်ဆိုရင်..ကိုယ်ဝင်ထားတဲ့ဆိုက်တွေမှာ..တစ်ဆိုက်ပြီးတစ်ဆိုက်လိုက်တင်
ကွန်နက်ရှင်က..လိပ်သွားသွားပြီး..ခေါက်ရှာငှက်လိုပျံနေတော့..ကိုယ့်စာတင်နေရတာနဲ့တင်
သူများ ပို့စ်တွေကို..အပြေးလွှားဖတ်..မှတ်ချက်မပေးမိတာက ခပ်များများပါ ။
ဆိုက်တိုင်းမှာ..chat room ..လေးတွေ ထည့်ပေးထားတာ သတိပြုမိပေမဲ့
ကိုယ့်ရဲ့နှစ်နှစ်တာကာလမှာ..အမှန်ဝန်ခံရရင် တစ်ခါဘူးမျှ အာရုံမကျမိခဲ့ပါ..
ဝင်ရောက်ပြောဆိုတာမျိုးကိုလည်း မလုပ်ခဲ့ဘူးပါ..။
မနေ့တစ်နေ့ကမှ..ပို့စ်တင်စရာမရှိလို့..စာတွေလိုက်ဖတ်ရင်း
ွ့န်နက်ရှငါကလည်း..ဘာစိတ်ကောင်းဝငါတယ်မသိပါ..ဖလန်းဖလန်းထလို့ပါ..
အောက်နားလေးက..chat room ကအပြည့်ဝတက်လာပါတယ်..
အမှတ်မထင်..ချစ်သူမြို့တော်သူ..မြို့တော်သားတွေ..စကားဝိုင်းဖွဲ့နေတာကို
ငေးမောနေမိပါတယ်..ဒီတစ်ခါပဲဂရုတစ်စိုက်ကြည့်ဖြစ်ပါတယ်..။
တော်တော်ပျော်စရာကောင်းပါလားလို့ တွေးမိပါတယ်
ကျောင်းနေဖက်ငယ်သူငယ်ချင်းတွေ..
လက်ဘက်ရည်ဆိုင်မှာ ၀ိုင်းဖွဲ့နေတဲ့အရသာမျိုးလို့ခံစားမိပါတယ်
ရီမောစရာတွေ..နောက်ပြောင်နေတာလေးတွေ..စိတ်ဆိုးစိတ်ကောက်တာလေးတွေ
အို…ကျွန်တော်တောင်..ဘေးကနေ..လန်းဆန်းလာပါတယ်..။
တစ်ခါနှစ်ခါ စိတ်ကူးမိသေးတယ်..၀င်ပြောရကောင်းမလားပေါ့
ဒါပေမဲ့ခက်တာက..ကိုယ်က gtalk..မှာသာပြောတတ်တာ
သူနဲ့ကိုယ်..နှစ်ယောက်ချင်း အကျင့်ရှိတာ..
chat room ဘာသာဗေဒက သိပ်မလွယ်ဘူးဗျ..ရီစရာလည်းကောင်းသား
စကားကို မပီကလာ ပီကလာ ပြောကြတာ များပါ့..ကိုယ်ကမပြောတတ်..
သူတို့ဖာသာတော့ အဟုတ်ပါလား..လူအများကြီးပြောနေကြပေမဲ့
အချင်းချင်းတော့ လိပ်ပတ်လည်နေကြတာပါ..။
chat room ပျော်လေးတွေပြောစကားထောက်တော့..
အများစုက တစ်ပြည်တစ်ရွာမှာ ငွေရှာနေကြတဲ့..ရွှေမြန်မာလေးတွေဖြစ်ပုံရပါတယ်..
အလုပ်မှာ စိတ်မော လူမောကို chat room မှာ အပန်းဖြေလေရော့လား
ဒါလည်း ကောင်းတာပါပဲဗျာ..။chat room ထားရကျိုးနပ်တာပေါ့ ။
မဆီမဆိုင် တောင်အတွေးဝင်မိပါသေးတယ်..
chat roomမှာဆုံလို့ ချစ်သူဖြစ်သွားကြတာများရှိရင်ရှိလောက်တယ်လို့...
ဒါလည်းမဆိုးပါဘူးဗျာ ..ချစ်သူမြို့တော်မှာ ဖူးစာဆုံတယ်ပေါ့..။
စိတ်တော့ ကူးထားပါတယ်..chat room ပျော် ညီလေး ညီမလေးများနဲ့
တစ်ခါလောက်တော့..ကိုအောင်ထက်ကြီး..ငယ်မူပြန်ချင်ပါဗျာ..။
(ချစ်သူမြို့တော် chat room လေးမှာ chat room ပျော်လေးများ ထာဝရ ပျော်ရွှင်နိုင်ကြပါစေ..)