Quantcast
Viewing all articles
Browse latest Browse all 9878

ရယ်ချင်ရင်ဖတ်ကြည့်ကြနော်။ နံပါတ်(၁၂)

မဝယ်နဲ့
အမေဥ စွပ်ကျယ်ရှိသလား’

‘ဘယ်သူဝတ်မှာလဲ’

‘ကျွန်မဝတ်မှာပေါ့’

‘ဟဲ့ မိန်းကလေးက စွပ်ကျယ် ဝတ်ရမယ်လို့’

‘အမေဥကလဲ ခေတ်မမီလိုက်တာ၊ ကြော်ငြာတွေထဲမှာ မတွေ့ဘူလား၊ ကောင်လေးနဲ့ ကောင်မလေး အတူတူ ဝတ်ပြထားတာ၊ ကောင်လေး ဝတ်လည်းရတယ်၊ ကောင်မလေး ဝတ်လည်းရတယ်၊ တီရှပ်လို့ ခေါ်တယ်’

‘ညည်းက မင်္ဂလာဆောင်တော့မှာပဲ၊ မဝယ်နဲ့’

‘ဘာဆိုင်လို့လဲ’

‘ညည်းကောင်လေးမှာ ပါလာမှာပဲအေ၊ အဲဒီတော့မှ သူ့စွပ်ကျယ်ကို ညည်းယူဝတ်ပေါ့’

အထင်မသေးပါနဲ့
ဦးလေးသာဝ’ ‘ဟေ’

‘ဆပ်ပြာလိုချင်လို့’

‘ပြော ဘာဆပ်ပြာလဲ’

‘ဟိုလေ ဟိုမင်းသမီးလေး ရေချိုးတော့ သုံးတဲ့ဆပ်ပြာ’

ဒေါ်စိန်ဥက ဘေးနားမှာ ထိုင်နေရာက ထရပ်ပြီး…………

‘ ငါ့ယောက်ျားကိုများ ရေချိုးခန်းတွေ လိုက်ချောင်းနေတယ် ထင်လို့လား၊ အထင်သေးလှချည်လား ဟင်’

ဆပ်ပြာကတော့ ဆပ်ပြာပါပဲ
အမေဥ ဆပ်ပြာလိုချင်လို့၊ ခိုပြာတံဆိပ် ရှိသလား’

‘ခိုပြာ မရှိဘူး၊ ငှက်ပြာပဲ ရှိတယ်’

‘ငှက်ပြာက ကောင်းရဲ့လား’

‘ဆပ်ပြာပဲအေ အတူတူပါပဲ’

‘အမေဥကလဲ ဆပ်ပြာချင်းတူပေမဲ့ တံဆိပ်ချင်းမှ မတူတာ’

‘နေပါဦး ညည်းတို့က အင်္ကျီလျှော်တော့ ဆပ်ပြာမှုန့်တွေ သွန်ပစ်ပြီး တံဆိပ်နဲ့ ပွတ်ကြတာလား’

ဒေါ်စိန်ဥပေးတဲ့ အကြံ
ဒေါ်စိန်ဥရဲ့ အိမ်ဈေးဆိုင်ကို မဗျိုင်းက ဈေးဝယ်ရင်း…………

‘ဘူးရွက်ဟင်းချိုချက်ပြီး ငါးပိထောင်းနဲ့ ပဲနီလှော်မြှုပ်စားရမှာပဲ၊ အမေဥ ဘူးရွက်တစ်စည်း ပေးစမ်းပါ၊ ငါးပိထောင်းက တစ်ဆယ်ဖိုးလောက်’

‘ဘာလဲ အနံ့ရှူပြီးစားကြမလို့လား၊ တစ်ဆယ်ဖိုး မရောင်းဘူး’

‘တစ်ဆယ်ဖိုးပဲ၊ ပေးချင်သလောက်ပေး၊ အမေဥငါးပိက အနံ့ပျောက်အောင် ဘယ်လိုလုပ်ရမလဲ’

‘ဒေါ်စိန်ဥက မျက်စောင်းထိုးလိုက်ပြီး’ ‘မဆလာလေး ဖြူးလိုက်ပါလား’

ယုံပါ
ဟဲလို သူဌေးရှိပါသလား’

‘ဖုန်းနံပါတ် မှားနေပါတယ်ရှင်’

‘ဒါ သူဌေးဦးချမ်းသာရဲ့ ဖုန်းမဟုတ်ဘူးလား’

‘အို ကျွန်မက ရှင့်ကိုဘာလို့ လိမ်ရမှာလဲ၊ ရှင်နဲ့ ကျွန်မနဲ့ ခုမှ စကားပြောဖူးတဲ့ဟာကို’

မှန်လိုက်ပုံက
‘နှုတ်တစ်ရာ စာတစ်လုံး ဆိုတာ သိပ်မှန်တယ်ကွာ၊ ငါက အကြွေးတောင်းတာ မရလို့ အကြွေးမဆပ်ရင် ငါ့အကြောင်း သိစေရမယ်၊ သတိထားနေလို့ စာရေးခဲ့တာ’

‘အကြွေးတွေ လာဆပ်ရောလား’

‘ဟင့်အင်း ခြိမ်းခြောက်မှုနဲ့ တရားစွဲထားလို့’

လက်ကျန်

ဆံပင်တွေဝယ်တယ်၊ ဆံပင်ကျွတ်တွေ ဝယ်တယ်’

ဆံပင်ဝယ်တဲ့ လူက အော်လိုက်တယ်။ သည်တော့ အိမ်ထဲက ကတုံးကြီးနဲ့ မိန်းမကြီး တစ်ယောက် ထွက်လာပြီး

‘ကတုံးတွေရော မဝယ်ဘူးလား’

 

ရှိသေးတယ်

သူငယ်ချင်း နှစ်ယောက် ဆုံမိတော့

‘မင်းပြောတော့ ရှယ်ယာလုပ်တိုင်း ရှုံးရှုံးနေတယ်ဆို’

‘အင်း’

‘ဒါနဲ့များ ရှယ်ယာလုပ်မယ့်သူ ထပ်ရှာနေရသေးတယ်’

‘ကျွန်တော့် ပညာက ရှုံးတဲ့ အထဲ ပါမသွားဘူးလေ၊ သူတို့ငွေကသာ ရှုံးတဲ့ အထဲ ပါပါသွားတာ’

 

အကြွေး

ဒီကောင် တော်တော်ဆိုးတယ်ကွာ၊ ငါ့အကြွေးတွေ မဆပ်ဘူး၊ သူ့ကားသိမ်းကွာ’

‘ကားကလဲ အကြွေးဝယ်ထားတာကွ၊ ငါ့လက်ရောက်မှ အကြွေးရှင်က လိုက်တောင်းနေရင် အခက်’

‘သူ့အိမ်သိမ်းကွာ’

‘အိမ်ငှားကွ’

‘လူခေါ်ပြီး အလုပ်ခိုင်းကွာ’

‘ဟောဗျာ ဟိုလုပ်ငန်းရှင်ဆီက ခြောက်လခ ပိုထုတ်ထားလို့ အကြွေးတင်နေတဲ့ဟာ’

 

သေချာအောင်

ဟဲလို ပြီးပြည့်စုံ ကုမ္ပဏီကပါလား’

‘ဟုတ်ပါတယ်၊ ကျွန်တော် မန်နေဂျာပါ’

‘သူဌေးနဲ့ စကားပြောချင်လို့ပါ ခင်ဗျာ’

‘ပြောပါခင်ဗျာ၊ လိုင်းချိန်းပေး လိုက်ပါပြီ၊ ရပါပြီ’

‘ဟဲလို’ ‘ဟဲလို သူဌေးမင်းပါလား’

‘ဟုတ်ပါတယ်’

‘မနေ့ပြောထားတဲ့ ကိစ္စ အတွက် တိကျတဲ့ ဆုံးဖြတ်ချက် လိုချင်လို့ပါ’ ‘အင်း ဒါဆိုရင်တော့ ကျွန်တော့် ဇနီးနဲ့ ဆက်သွယ်လိုက်ပါ ခင်ဗျာ’

Image may be NSFW.
Clik here to view.

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...