ကုန်ခြောက်ပစ္စည်းများရောင်တဲ့ လူသိပ်ကျပ်တဲ့နေရာတစ်ခုမှာ အရောင်းဝန်ထမ်းဖြစ်တဲ့ကျွန်မက… အမြဲပဲမတ်တပ်ပါ… ကိုယ့်အလုပ်ကို stand by ရှိချင်တာမို့လည်း… ၀ယ်သူရှိရှိ မရှိရှိ.. အမြဲတမ်း မတ်တပ်အနေနဲ့ပဲ..နေလေ့ရှိပါတယ်။ ညောင်းလာတဲ့အခါ ၀ယ်သူပါးတဲ့အခါမျိုးကျတော့. အနားရပါတယ်။
ကိုယ့်ဆိုင်ကပစ္စည်းတွေကို တခြားနေရာ၊ ရှု့ထောင့်အမျိုးမျိုးကနေ လှည့်ပတ်ကြည့်တတ်ပါတယ်………. ပြင်ဆင်ထားတဲ့ အခင်းအကျင်း.. အနေအထား.. လူအများစိတ်ဝင်စားမှုရှိရှိ..စသည်ဖြင့်ပေါ့…..ဒါဟာလည်း ၀န်ထမ်းတိုင်းလိုလိုရဲ့ တာဝန်ပါပဲ။
ရုံးပိတ်ရက်တွေဆို ဈေးဝယ်သူတွေက များတတ်တာမို့.. ပိုပြီးသတိပြုလုပ်ဆောင်ရပါတယ်… ကုန်တင်ကုန်ချ ကားတွေကလည်း စနေ၊ တနင်္ဂနွေမှ ၀င်လာတတ်တာမို့… ရုံးပိတ်ရက်ကိုတော့ ပျော်လဲပျော်ရသလို..စိတ်လဲညစ်ရပါတယ်….။
ဘေးကို..ဘေးကို…..
မနိုင်မနင်းပုံစံနဲ့ ထမ်းလာတဲ့ ကုန်ထမ်းသမားတွေကလည်း လမ်းကျဉ်းလေးထဲ မနည်းကိုတိုးရတာ..….။ တိုင်ကီတွေ ဆီပေပါတွေများဆို… လှိမ့်ချလာတာ..ကျွန်မတို့လို ဆိုင်အပြင်ကဈေးရောင်းသမားတွေက မနည်းကိုရှောင်ရတာ..။ သူတို့လည်း ပင်ပန်းစွာနဲ့ အလုပ်လုပ်ရတာမို့… သူတို့ကိုလည်း စာနာရပါတယ် ချွေးဒီးဒီးကျ အလုပ်သမားတွေက ကျွန်မပတ်ဝန်းကျင်က နေရာတိုင်းလိုလိုပင်..…။
ပူမယ်..ပူမယ်….ဘေးကိုဘေးကို..
အင်း….ဒီလိုမျိုးအော်လို့ကတော့.. ခပ်ဝေးဝေးကတည်းကရှောင်တယ်..အသားနာမှာပူမှာ တော့ကြောက်တာပေါ့နော်… အထုပ်ထမ်းလာတာနဲ့ အပူကိုင်လာတာနဲ့ ဘယ်တူပါ့မလဲနော်….။
တစ်ခါတစ်လေများကျတော့လည်း…လူတွေက လမ်းဖယ်ပေး စေချင်တာနဲ့ပဲ… အထက်ကလိုမျိုး အော်ပြီး ၀င်လာကြပါတယ်…။ အဲ့ဒါအခါမျိုးကျတော့ တစ်ကယ်မှတ်လို့ကိုယ်ကတော့ ကိုယ့်ပစ္စည်းတွေကို အတင်းဖယ်…ဆိုင်ဘက်ကိုအတင်းကပ်….နဲ့.. အနားလဲရောက်ကော..ဘာမှလည်းမဟုတ်ဘူး…..
ဟာ….နင်တို့ကလည်း…. ငါက ပစ္စည်းသယ်လာတယ်ထင်လို့…..။
အချင်းချင်းကျတော့ စိတ်ဆိုးရလည်းအခက်ပေါ့…. ကိုယ်ကတော့အလုပ်ရှုပ်သွားတာ အမှန်ပါ…..။ ကိုယ့်ပစ္စည်းတွေကို မနင်းမိအောင်။ မတိုက်မိအောင်.. ဘေးကိုအတင်းကပ်ကြရတာ..။ ဒါမျိုးတွေကြုံဖန်များလာတော့.. လေသံကြားတာနဲ့တင်… မယုံတတ်တော့ဘူးလေ…..။ အရင်ကတော့ ခပ်ဝေးဝေးကတည်းက စိုးရိမ်မိတဲ့စိတ်က ရှိပြီးသားပေါ့…..။
သေချာတာကတော့…အလုပ်ကလူကိုသင်လာတာပေါ့….နော်….
*****---------*****----------
တစ်နေ့ပေါ့..ကျွန်မအိမ်ပြန်လာချိန်.. ကားလမ်းဘေးအတိုင်းလျောက်လာရင်း…
တီ….တီ….. ပွမ်……………………
ရုတ်တရက်ကြားလိုက်တဲ့..ကားဟွန်းတီးသံအရှည်ကြီးကြောင့်..ရုတ်တရက်မို့..ကျွန်မ အရမ်းကိုလန့်သွားခဲ့တာ…..ကိုယ်များ ကားလမ်းပေါ်ရောက်နေပြီလား… တိုက်မလိုဖြစ်လို့..ဟွန်းသံအရှည်ကြီးနဲ့ သတိပေးတာလားဆိုပြီးတော့………
ရင်တွေတုန်တာများ..တဒိတ်ဒိတ်…… စိုးရိမ်စိတ်က ငယ်ထိပ်ကို တက်ဆောင့်တာ…။ အဲ့ဒါနဲ့.. ခဏလောက်ရပ်ပြီး လမ်းကို အသာဖယ်ပေးလိုက်တော့…. ကားမဟုတ်ဘူး..စက်ဘီး…။
စက်ဘီးမှာ ကားဟွန်းတီးသံကို ဘယ်လိုများတပ်ထားသလဲမသိဘူး….လူဖြင့်လန့်သွားတာပဲ..….
စိတ်ထဲကမကျေနပ်မှုလေးတော့ ရုတ်တရက်ဖြစ်သွားတာအမှန်ပါ……။ ကိုယ့်ကို အန္တရာယ်ပေးမဲ့အရာ.. .. အန္တရာယ် ဖြစ်စေတဲ့အရာ ဆိုရင်တော့ စိုးရိမ်မိကြတာ ဓမ္မတာပါပဲ….
ကျွန်မလိုကော..စာဖတ်သူတွေ ကြုံဖူးကြရဲ့လားဟင်…. ဒါဟာ ကိုယ်ထင်ထားတာနဲ့ မြင်လိုက်ရတာ.. ကွဲပြားခြင်းကြောင့်လို့ ဆိုတာ ဖြစ်နိုင်ပါတယ်… ။ တဒင်္ဂ အချိန်လေးအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ စိုး၇ိမ်စိတ်၊ ပူပန်စိတ်လေးက အနည်းငယ်တော့ လူကိုပင်ပန်းစေပါတယ်…။
သိပ်လည်းအရေးမကြီးဘူး..ဘာမှလည်းမဟုတ်ပါဘူးလို့..ပြန်သိလိုက်ရချိန်မှာတော့.. စောနက ပူပန်စိတ်၊ စိုးရိမ်စိတ်လေးက.. သက်သာသလိုထင်ရပေမယ့်….. ရင်ထဲတော့ မကျေနပ်ချက်လေးတစ်ခု ရှိသွားပါတယ်…။
ဒါဟာ
ကျွန်မတို့ဘ၀ရဲ့ ခဏတာ အထင်နဲ့အမြင်လေးပါ….လမ်းသွားရင်း…အလုပ်သွားရင်း.. ဖြစ်တတ်တာလေးတွေပေါ့…။
တစ်ဘ၀လုံးစာ ထင်တားတာတွေ လက်တွေ့နဲ့ထပ်တူမကျတဲ့အခါ..ဘယ်လောက်များ ခံစားရမလဲဆိုတာ… တွေးကြည့်ရင် သိလောက်ပါတယ်နော်…
ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စိုးရိမ်မှုလေးကို ထိန်းချုပ်နိုင်မယ်ဆိုရင်တော့..အကောင်းဆုံးပင်.။ .ကိုယ်ထင်မှတ်ထားတာတွေ မဖြစ်လာတဲ့အခါ။ မှန်းထားတာမဖြစ်လာတဲ့အခါ… ထင်ထားတာများ.. မဟုတ်တဲ့အခါ.။ အဲ့လိုခါမျိုးကျတော့.… စိတ်ဒဏ်ရာလေးများ မကျန်စေခဲ့ဖို့ကိုတော့..ကျွန်မတို့ ကြိုးစားကြရအောင်လို့…. တိုက်တွန်းရင်း…….
ကြိုးစားပါဦးမည်
သူဇာလေး(စိမ့်စမ်းရေ..)
30.12.2011