Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နမိတ်ကောင်းတဲ့ နှုတ်ထွက်စကားလေးတွေ ပြောဆိုတတ်ကြပါစေ

$
0
0

ကျွန်မ အမျိုးသားနဲ့ vzo ချက်နေတဲ့ အချိန်လေးမှာ အမှတ်မထင်ကြားလိုက်မိတဲ့ စကားသံက တိုးတိုးလေးပါ ။

ကျွန်မ နားထဲတော့ ပဲ့တင်ထပ်ကျယ်လောင်နေခဲ့ပါတယ် ။ မျက်ရည်တွေ အတားဆီးမဲ့စွာ ပါးပေါ်စီးကျခဲ့တယ် ။

ရုတ်တရက်ထငိုလိုက်တဲ့ ကျွန်မကို အမျိုးသားက အံ့သြစွာ မေးပါတော့တယ် ။ ကျွန်မ အကုန်ကြားလိုက်တယ်မောင် ။

အဲဒါ တကယ်ကြီးလားမောင် ။ ဖြေပါအုံး တကယ်လားလို့ ။ ဟုတ်တယ် ဒါပေမယ့်  မိန်းမနဲ့ မဆိုင်ပါဘူးကွာ ။ မိန်းမ

ပြောတိုင်းဖြစ်ရမှာလား မဟုတ်သေးပါဘူး ။ အဖြစ်ပျက်လေးက ဒီလိုပါ ။ မကြာသေးမှီက ကျွန်မတို့ မိတ်ဆွေ မင်္ဂလာ

ဆောင်တစ်ခုကို သွားခဲ့ပါတယ် ။ အဲဒီမင်္ဂလာ လက်မှတ်ရေးထိုးပွဲလေးမှာ အသိသက်သေ လက်မှတ်ထိုးတဲ့ ကောင်လေး

က ကျွန်မအမျိုးသား သူငယ်ချင်းပါ ။ လက်မှတ်ထိုးပြီးအပြန် ကျွန်မ သူကို နောက်လိုက်မိတယ် ။ သူများကို သက်သေထိုးတဲ့

သူက နောက်နှစ်လောက် မိန်းမ မရဘူးနော်... လူပျိုကြီးလည်း ဖြစ်တတ်တယ်လို့ စလိုက်မိတယ် ။ သူမျက်နှာပျက်သွားတယ်

ဆိုတာကို အဲဒီအချိန်က သေချာ သတိမထားလိုက်မိဘူး ။ ကျွန်မစလိုက်တယ်ဆိုတာလည်း တကယ်ကို ဘာရယ်မဟုတ်

စလိုက်မိတာမျိုးပါ ။ ဒီအဖြစ်ပျက်လေး ဖြစ်ပြီး မကြာမှီမှာ ကျွန်မ နဲ့ အမျိုးသား VZO ချက်နေကြချိန် ကွန်ပြူတာထဲက အသံ

ကို ကျွန်မသေချာကို ကြားလိုက်ရတယ် ။ အမျိုးသားဆီ သူအသိတွေ ရောက်လာပြီး ... ( ဟိတ်ကောင် ကိုမင်းအကြောင်း

သိပြီးလား ..သူဆော်ဆုံးသွားပြီ ...မင်းမိန်းမ နိမိတ်ဖတ်လိုက်တာ မှန်နေသလိုဖြစ်နေတာပေါ့ကွာ ) တဲ့ လေ။ ကျွန်မ

အမှန်တစ်ကယ်ကို ခြောက်ခြားသွားမိပါတယ် ။ တစ်ကယ်တော့ ကျွန်မတစ်ကယ်ကို ပေါ့ပေါ့ပါးပါးလေး စလိုက်မိတာပါ ။

ဘယ်သူတွေက ဘာတွေ ပြောနေနေ ကျွန်မနဲ့ မဆိုင်ပါဘူးဆိုပေမယ့် ကျွန်မရင်ထဲမှာ အမှားမကင်းသလို အရမ်းကို ခံစား

နေရပါတယ် ။ ဒီအဖြစ်ပျက်လေးကို သင်ခန်းစာယူပြီး အတွေးတွေ ဆက်စပ်ကြည့်လိုက်မိတယ် ။ လူတစ်ယောက် နှုတ်ထွက်

စကားတိုင်း တစ်ကယ်ဖြစ်မှာလား ။ မဆိုင်ပါဘူး ။ ဒါပေမယ့် လူတိုင်းနှုတ်ဖျားဆီက ထွက်လာတဲ့ စကားလုံးလေးတွေတိုင်း

ကောင်းတဲ့ အတိတ်ကိုဆောင်တာလေးတွေ ၊ မင်္ဂလာရှိတာလေးတွေကိုဘဲ ရွေးချယ်ပြောကြမယ်ဆို လောကကြီးကလည်း

မင်္ဂလာရှိစွာ လှပနေမှာပါ ။ဘာရယ် မဟုတ် ကိုယ်အတွက်ကော သူအတွက်ပါ အကျိုးမရှိစေတဲ့ အတင်းအဖျင်းစကားတွေ ၊

နမိတ်မရှိတာတွေ ပြောမိတာထက် လူသားချင်းချင်း ပျော်ရွင်စရာကောင်းတာတွေ အတိတ်နိမိတ်ကောင်းတာလေးတွေကို

ရွေးချယ်ပြောဆိုကြခြင်းဖြင့် ကျွန်မလို နောင်တတွေက ကင်းဝေးကာ  လောကကြီးကို ပိုမိုလှပအောင် အလှဆင်နိုင်သူတွေ

ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်မိပါတော့တယ်ရှင် ။

အချစ်ကို ကိုးကွယ်သူလေး


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>