ပျံသန်းနေသောငါးတို့ ၏ခြေရာများ
အချစ်ဆိုတဲ့ အရာကို ခေတ်အမီဆုံး ဓါတ်ခွဲခန်းထဲမှာ စစ်စစ်ပေါက်ပေါက်
ခွဲခြမ်း စိတ်ဖြာ ကြည့်လိုက်ချင်တယ်။ အဲလိုသာဆိုရင် သက်တံ ပျစ်ပျစ် တွေနဲ့ 
ဖျော်ထားတဲ့  ဗာဂျီးနီးယား ကော်ဖီ နှစ်ခွက် ကို တွေ့ ကောင်း တွေ့  နိုင်မှာပေါ့ ။
ဒါမှမဟုတ်ရင်လည်း နီနီရဲရဲ နှင်းဆီ နှစ်ပိဿာများ တွေ့ ရမလား။ မနေ့ က နဲ့ 
မနက်ဖြန် ဆိုတာ ဝေါဟာရမဲ့ တဲ့  ကဗျာတစ်ပုဒ်ပဲ။
အလွမ်းဆိုတဲ့  ကချေသည်ဟာ ဗိုက်နာရုံသာ နာတတ်တဲ့ ဝမ်းနှုတ်ဆေး
တစ်ခွက်လိုပဲလေ။တောင်ပေါ်မှာမိုးတွေညို့ နေပြီဟေ့ ။ ရေသန့် ဗူးခွံကောက်တဲ့ 
ကလေးတွေသတိထား။မြောင်းဘေးနားက ငါ့ရဲ့  အတွေးတွေ။ အဲဒါ ငါ့ဟာတွေ။
ငါပိုင်တာလေအဲဒါတွေက။
ထမင်းကြမ်းကိုနွှေးလိုက်ဦး။ ပဲပြုတ်နဲ့  စားတဲ့ အခါ ဆီနည်းနည်းတော့ ဆမ်းဖို့ လိုမယ်။
ဆားမပါချင်နေပါစေ။ ရေအိမ်ကမုတ်ပေါ် က ပရွက်နီ တွေကို ဘေးမဲ့  ပေးထားလိုက်စမ်းပါ။
သူတို့ အာသဝေါ မကုန်ကြသေးဘူးလေ။ ဟိုမှာ အလှူခံ မဏ္ဍပ် ထဲက မိုက်ကိုင်ပြီး
ငိုက်နေ တဲ့  အဖိုးကြီး၊ သူ့ ကို ရေအေးအေး တစ်ခွက် တိုက်လိုက်ပါ။ ယိုသူမရှက်
မြင်သူရှက် ဟိုကောင်မလေး။ပေါင်တိုတိုလေး။ ဝါဝင်းနုအိနေတာပဲ။ ကြည့်လို့ 
့ကောင်းလိုက်တာ။ အောင်နက်သာဆိုရင် ဘယ်လောက် ဟပ်ချင်လိုက်မလဲမသိ။
သံဃာ တစ်ပါးမှ မရှိသေးခင်တော့ ဗိုက်ကြီးသည် ကို နေရာပေးသင့်ပါတယ်ဗျို့ ။
အေအိုင်ဒီအက်စ် ဆိုတာ အလက်ဇန္ဒားသဂရိတ် နဲ့  အိုင်ယာလန် နိုင်ငံ
ဒက်ဗလင်မြို့ က ရှာကီရာ တို့  ညားလို့ မွေးလာတဲ့ ကလေးပဲ။ အိုဇုန်းလွှာပေါက်တာ
သူ့ ကြောင့်ပဲနေမှာ။ ဧရာဝတီ မြစ်ရေသန့် သန့် တစ်ခွက်လောက်။ အိုင်စတိုင်း
ရေငတ်နေလို့ ဗျ။
ခင်ဗျားမျက်မှန် ပါဝါတိုးဖို့ တော့လိုနေပြီ။ ငါ့စက်က အိုင်ဆဲဗင်းန်း ကွ မင်းဟာကကော။
စီဆဲဗင်းန်းလား။ ဆောင်းရာသီကိုရောက်ရင် အမေ့ ကိုသတိရတယ်။ ခြေအိပ်စွပ်ထားစမ်း။
အခု ကျွန်တော် နှလုံးသား အအေးမမိရအောင် ဘာစွပ်ရမှာလဲ အမေ။
ဝတ်နေကျ ဂျင်းဘောင်းဘီ လျှော်ဖို့ လိုနေပြီပဲ။ ချုပ်ရိုးပြဲနေတဲ့  ကျွန်တော့နှလုံးသား
မိုးခေါင်ရေရှား ရပ်ဝန်းမှာ ရှိနေတယ်။ အက်စစ်အမုန်းမိုး တွေ မစိုပါစေနှင့်။
ပါရာစီတာမော့  တစ်လုံးဘယ်လောက်လဲဗျ။ အွန်စောနဲ့  ဝတ်မှုံရွှေရည် ရန်ဖြစ်နေတယ်။
ကျွန်တော် ပုန်းနေတာကို မသိကြပါစေနဲ့ ။ နေ့ ပြန်တိုးက များလွန်းတယ်။
တန်ဖိုးကြီးတိုင်း ပစ္စည်းမကောင်းတတ်ဘူး။ ကာရာမာဇော့ ညီအစ်ကိုများ မနေ့ ကလာတယ်။
ရင်ဘတ်ထဲမှာအသံတွေဆူနေတယ်။ အလင်္ကာကျော်စွာ စိန်ဗေဒါကြီး၊ ခင်ဗျားတီးတာ ခေတ္တ ရပ်ပေးပါ။
ဟိုမှာ ကျွန်တော့ချစ်သူ အလုပ်ဆင်းလာပြီ။ ကော်နက်ရှင်ကောင်းပါ့ မလားမသိ။
ဒီနှစ်ဆောင်းတွင်း ဘာလို့ ဒီလောက်ပူနေပါလိမ့် ။ ကျေးဇူးပြု၍ ပန်ကာပိတ်ပေးပါ။
ကျွန်တော်အိပ်တော့မယ်။ လေးစားစွာဖြင့်။
@@@@@@@@@@@@@@@@@@@@
“ဆရာ- ဘာတွေဖတ်ပြီးပြုံးနေတာလဲ”
“အော်-ဆရာမ၊ ကုတင်(၆)က လူနာရဲ့ စာပါ။ ”
“စာရေးဆရာရူး ရူးနေတဲ့ သူမဟုတ်လား။ အဲဒီ စာကို ကျွန်မ သိတယ်ဆရာရဲ့ ၊
သူရေးထားတာကို ကုတင်(၅) ကလူက စာတိုက်ပုံးထဲ
ပို့ ပေးမယ်ဆိုပြီး အမှိုက် ပုံးထဲ သွားထည့်လိုက်တာလေ”
“အင်းး-သူများတွေထက်စာရင် နုတယ် ပြောရမှာပေါ့ ဗျာ”
“ဟုတ်တယ်ဆရာ သူက နည်းနည်းယဉ်တယ်”
“သူ့ ရဲ့ ကိုယ်ရေးမှတ်တမ်းဖိုင်လေး တစ်ချက်လောက်ပေးပါလားဗျာ”
“ဘာသိချင်လို့ လဲ ဆရာ”
“သူ့ နာမည်ရင်းကိုသိချင်လို့ ဗျ”
“ကျွန်မ သိတယ်ဆရာ၊ သူ့ နာမည်ရင်းကို”
“ဟုတ်ကဲ့ ”
“ကညွှတ်နွယ်(ထီလာ)”
“တဲ့ ”
ကညွှတ်နွယ်(ထီလာ)
05082012