သူ.စာမျက်နှာလေး ကျနော်ဖွင်.ကြည်.တဲ. ခဏလေးမှာပေါ့
သူ.ကဗျာလေးတွေ ကျနော်ဖတ်ကြည်.မိတဲ. ခဏလေးမှာပေါ့
သူ.ကိုချက်ခန်းထဲ မှာကျနော်ရှာ ကြည်.မိတဲ. ခဏလေးမှာပေါ့
ကျနော. ရင်မှာ မောနေရတာ ဘာကြောင်.လည်း
ကျနော. ရင်မှာ တမ်းတရတာ ဘာကြောင်.လည်း
ကျနော.ရင်မှာဆုံတွေ.ချင်ရတာ ဘာကြောင်.လည်း
ချစ်နေတာလို.ဘဲထင်ပါတယ်...နော်....။ ။
သည်လို စာစုလေးတွေ အင်တာနက်မှာ ရေးရေးတင် တော.
စာ ဖတ်နေသူတွေ ကလည်း ကြိုက်ခဲ.တယ်
ချစ်သူ ကလည်း ကြိုက်ခဲ.တယ်
ကျနော်ကိုယ်တိုင် ကလည်း ကြိုက်ခဲ.တယ်.......နော်
ဒါလေးတွေက မော်ဒန်ကဗျာ ဆိုတာလား
ဒါလေးတွေက ခေတ်ဆန်းကဗျာ ဆိုတာလား
ဒါလေးတွေက ကာရန်မဲ. ကဗျာ ဆိုတာလား
ကျနော်တကယ်မသိခဲ. တာပါဗျာ........။
သေချာတာကတော.ဒီစာတွေမှာ
အသံတူ အကြောင်း ကွဲ ကာရန်လေး များမပါပါ...
အကြောင်းတူ အသံ ကွဲ သံစဉ်လေး များသာပါပါတယ်
သူငယ်ချင်းတို.မှာလေ
လိုချင်လို. ရယူပိုင်ဆိုင်ရတဲ. ပီတိလေးတွေ ပျော်ရွှင်မှုလေးတွေ
မလိုချင်ပေမဲ. ရယူခံစားနေရတဲ. သောကလေးတွေ ဝေဒနာလေးတွေ
ကိုယ်ပိုင်ခံစားချက် လည်း ရှိချင်ရှိနေမှာပေါ.
အငှား ခံစားချက်လည်း ရှိချင်ရှိနေမှာပေါ.
ဒီခံစားချက်လေး တွေကို သံစဉ်လေးတွေ တွဲပေးလို.
စာသားလှလှလေးတွေ တွဲပေးလို.
စကားလုံးရွရွလေးတွေ တွဲပေးလို.
ခံစားချက် စာလွှာလေးတွေ ကဗျာလေးတွေရေးရအောင်နော်
စ အထွက် မှာတော. ခက်ချင်ခက်နေမှာပေါ.
ရှက် ရင်လည်း ရှက်နေမှာပေါ.
ဘာဘဲဖြစ်ဖြစ်ပေါ. ဆက်ဆက်ပြီးရေးနေဖို.လိုပါတယ်
ရေးပါများရင်အလိုလို ပိုပိုကောင်းလာမှာပါ..။
ရေးတတ်သူများရေးလို.ထားတာတွေ
တွေးတတ်သူများတွေးလို.ထားတာတွေကိုလည်း
ဖတ်လည်းဖတ်ပါ..မှတ်လည်းမှတ်ပါ...
အတုလည်းယူ ပုံစံတူလည်းလေ.ကျင်.ပါ။
ဒါထက်သိတတ်....ပိုရေးတတ်ရင်
သိမှတ်ရေးတင် ကာရန်ဝင်အောင်
လက်သင်ဘဲရေး အမှန်ရေးကြ
သီကုံးကြစို. ကဗျာတွေ.......။
ကာရန်ကဗျာ ရေးသီရာ တွင် ရေးနည်းရေးဟန် အမျိုးမျိး ရှိပါသော်လည်း
အများဆုံးစပ်ကြသည်မှာ....လွယ်ကူသော လေးလုံးစပ်ကဗျာများဖြစ်ကြပါသည်။
စာလုံးလေးလုံး စီ ခွဲ ဖွဲ.နွဲ.ရေးသားကြပြီး.......(များသောအားဖြင်.)နောက်ဆုံးအလုံး
ကို အတိုင် ထား၍ နောက်တစ်ကြောင်းတွင် ကာရန်တူအလုံးထပ်ထည်.
နောက်တတိယအကြောင်းတွင်ထိုအလုံးကိုပင်ကာရန်တူထပ်ထည်.ရေးသား
ကြပါသည်။ထပ်ဆက်ရေးမည်ဆိုလျှင်ထိုတတိယအကြောင်း၏နောက်
ဆုံးအလုံးသည်အတိုင်ဖြစ်သွားပြီးစတုတ္ထအကြောင်းတွင်ထိုစာလုံးနှင်.ကာရန်တူ
ထည်.ရပါသည်။ထိုသို.ဆက်တိုက်စပ်ဆိုရပါသည်။
ဥပမာ.....ပြရလျှင်
ညှောင်းရွက် လေချီ..........( ချီ )
မြရွက် စီ ၍ .............( စီ )
ရာ သီ နွေ ဦး................( သီ )....နောက်ဆုံးအလုံး ( ဦး )
မင်းလွင် မြူး က..............( မြူး )
ရင်. ကျူး သံချို...............( ကျူး ) နောက်ဆုံးအလုံး ( ချို )
ဥသြ ပျို သည်..................( ပျို )
မြိုင် ညို ခွာ ကွင်း............( ညို )..နောက်ဆုံးအလုံး ( ကွင်း )
လူ.ရပ် ချင်း ၍ ..............( ချင်း )
စသဖြင်.စပ်ဆို၍ ရပါသည်။
အခြားသောစပ်နည်းများလည်းရှိပါသေးသည်။ကျနော်သေချာမသိပါ၍ သိသောသူများ
ရေးပေးကြပါလို.တောင်းဆိုချင်ပါသည်။ ဒီဆိုဒ် ထဲကအချို.သောကဗျာရှင်များစပ်
ဆိုထားသည်မှာများစွာဖတ်၍ ကောင်းပါသည်။ အချို.ကြတော.စပ်နေရင်းတ၀က်လောက်
မှာကာရန်လွတ်သွားတတ်ပါသည်။နောက်စာကြောင်းမှာ ကာရန်ပြန်ညိသော်မသိသာလှချေ။
မြင်သာသောအမှားမဟုတ်ပါ၍ ကျော်ဖတ်ပေးကြပါသည်။
အချို.သော ကဗျာရှင်များစပ်ဆိုသွားသည်မှာ
ကာရန်လည်းစုံသည်။ကာရန်လည်းထိမိသည်။စကားလုံးလည်းကျစ်လစ်သည်။
အတွေးခေါ်လည်းဆန်းသစ်သည်။အလင်္ကာလည်းလိမ်မာသည်။
ထိုကဗျာမျိုးမရေးတတ်သော်လည်းဖတ်ရလျှင် လွန်စွာအရသာရှိပါသည်။
တွေးမိတာလေးတွေကို ရေးသာရေးချလိုက်ပါ
ရေးလိုက်တာဟာ..ကဗျာမဖြစ်သေးပေမည်.
ရေးတာများလာရင် ကဗျာဝိညာဉ် ကပ်ညိလာပါလိမ်.မယ်
များများတွေးပြီးများများရေးကြပါ
အရေးအသား... လေးစားအားပေး
မနှေးဂုဏ်တင် သိစေချင်သည်
ဖတ်ရင်လည်းသိ ကာရန်ထိမှ
က၀ိစိတ်မှာ မှတ်မိပါသည်
ကဗျာသည်စာနှင်.ကွဲပြားကြောင်း.......။
ကဲတော်ပါပြီ..ကျနော်တတ်သလောက် မှတ်သလောက်လေး မျှဝေပေးတာပါ။
မှားနေရင်လည်းပစ်မထားဘဲတည်.ပေးကြပါ။ဆိုဒ်ထဲက ကဗျာစာပေရှင်များကလည်း
ရေးဖွဲ.နည်းလေးများမျှဝေပေးကြပါ။သေသေချာချာသိနေကြတဲ.ရဟန်းတော်များကို
လည်းသိထားတဲ.အတိုင်းမျှဝေပေးဖို.လျှောက်ထားတောင်းဆိုပါတယ်။
နောက်လူငယ်တွေကို နည်းကောင်းလမ်းမှန်များလက်ဆင်.ကမ်းပေးကြပါ
လို.တောင်းဆိုပါတယ်
အရေးအသားမှာ ..မှားတာပါက ပြင်ပေးကြပါနော်
က၀ိရှင်များကိုထာဝရ..ဦးညွှတ်လျှက်
တတိုင်းမွှေး။ ။
မသိလည်းပေး
သိလည်းပေး
ကော.မက်လေးများပေးသွားနော်။ ။
ရေးသားခဲ.ရာတွင်.....ကာရန်....ကို..ကာရံ ဟု အရေးမှားနေသည်ကိုထောက်ပြပေးသော
မောင်ခင်မင် ကိုကျေးဇူးတင်ရှိပါသည်။
တတိုင်းမွှေး။ ။8-8-2012