ကျွန်မ ဖြစ်ချင်တာက အင်ဂျင်နီယာတစ်ယောက်… အကြောင်းအမျိုးမျိုးကြောင့် ရူပဗေဒအထူးပြုနဲ့ ရိုးရိုးဘွဲ့လေးယူပြီး လျှောက်လှမ်းနေရတဲ့ လမ်းက KeyBoard လေးပေါ်မှာ…. ကျွန်မ ၀ါသနာပါတာက တိုင်းရင်းဆေးပညာ… ကဲ…ဘယ်နေရာတွေမှာများ ကျွန်မရဲ့ဘ၀နဲ့ ဆန္ဒတစ်ထပ်တည်းကျနေပါလိမ့်နော်…. ဒါပေမယ့် ကျမ စိတ်ပျက်အားလျော့တဲ့အခါရယ်လို့ မရှိခဲ့ဘူး… ၀ါသနာပါတဲ့ တိုင်းရင်းဆေးစာလေးတွေဖတ် လျှောက်လှမ်းနေတဲ့ လမ်းပေါ်မှာ တစ်ဖက်တစ်လမ်း ဖြန့်ဝေမယ်လို့ အတွေးလေးဝင်လာမိတယ်….. ကုသိုလ် လည်းရ ၀မ်းလည်းဝဆိုသလိုပေါ့
မသေဆေး ရယ်လို့ ဆိုလိုက်ရင် လူကြီးလူငယ် ကျား/မ မရွေးစိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ် ။ ကျမ ကိုယ်တိုင်တောင် ဘ၀မှာ အသက်ရှည်ရှည်နဲ့ ရောဂါကင်းချင်သေးတာပဲကို။
ဈေးလည်းမကြီး…. လွယ်လည်းလွယ်ကူ…. ကျမတို့ မြန်မာတွေနဲ့လည်း သိပ်ကို နီးစပ်လှတဲ့ ရုက္ခပင် တစ်မျိုးပါ…. ကဲ လေ့လာထားသလောက်လေး တင်ပြပေးမယ်နော်….
မသေဆေးပင်ရဲ့ အမည်ကတော့ ဆင်တုံးမနွယ်ပင်ပါ။
Botanical Name ကတော့ Tinospora cordifolia ဖြစ်ပါတယ်။
သူရဲ့ Species က Menispermaceae ထဲမှာပါဝင်တယ်တဲ့… ဒီအထိ ဘယ်နေရာမှာ အသက်ရှည်လည်းလို့ တော့မပြောနိုင်သေးပါဘူး… စိတ်ဝင်စားရင် ဆက်ဖတ်ပေးကြပေါ့နော်….
ဟိန္ဒီဘာသာနဲ့ ဂီလိုယ် လို့ ခေါ်ပါသေးတယ်
ကဲ ဘယ်လိုရောဂါတွေပျောက်လို့ အသက်ရှည်ဆေးလို့ ခေါ်လဲဆိုတာ စပါပြီ။
- သွေးအန်ရောဂါနဲ့ ဆင်တုံးမနွယ်
ဆင်တုံးမနွယ်ကို ရေစင်စင်ဆေးပါ. လက်လေးသစ်ခန့် ပါးပါးလေးတွေလှီး ရေသန့်မှာစိမ်ထားလိုက်ပါ။ အချိန် (၃)နာရီလောက်ကြာရင် ဆင်တုံးမနွယ်စိမ်ထားတဲ့ ရေကို သွေးအန်ရောဂါဖြစ်နေသူကို တိုက်ပေးလိုက်။ ဒါဆို ပျောက်ကင်းပါတယ်။
- လည်ပင်းပေါက်နာ နဲ့ ဆင်တုံးမနွယ်
ကုပ်မှာ အပေါက်ကလေးတွေ၊အနာလေးတွေဖြစ်ရာကနေ လည်ကုပ်ပေါက်ပြီး သေတတ်တဲ့ရောဂါကြားဖူး ကြမှာပါ။ ဆင်ခူလည်ပြတ်နာလို့ ကြောက်စရာကောင်းအောင် ခေါ်ကြပါတယ်။ ဒီရောဂါဖြစ်လာပြီဆိုရင်တော့
ဆင်တုံးမနွယ် အခြောက်ကို ကျောက်ပျဉ်သန့်သန့်မှာသွေး။ မကြာခဏ လူးပေးလိုက်ပါ။ လုံးဝကို ပျောက်ကင်း သွားမှာပါ။
- ဆင်တံုးမနွယ်နဲ့ အဆစ်ရောင်ရောဂါ
တစ်ချို့ လေးဘက်နာ။ တစ်ချို့လည်း အဆစ်ရောင်ရောဂါသမားတို့ စိတ်မညစ်ကြပါနဲ့။ ဆင်တုံးမနွယ်ကို လေးခွက်တစ်ခွက်တင်ကျို (ရေနှင့်ဆင်တုံးမနွယ်ကိုရော.. ရေ လေးခွက်ထည့် … ရေတစ်ခွက်စာပဲ ကျန်သည် အထိ ကျိုချက်)
(သို့မဟုတ်)
ဆင်တုံးမနွယ်ကို ထုချေလိုက်ပါ။ ရေနှင့် တစ်ညလောက်စိမ်ထား။ အဲ့ဒီအရည်ကို သောက်ပေး။ ဒါဆိုရင်လည်း အဆစ်ရောင်ရောဂါဝေဒနာရှင်တွေအတွက် မသေဆေးပါ။
- ဆင်တုံးမနွယ်နဲ့ မီးယပ်ရောဂါ
ဆင်တုံးမနွယ်ပြုတ်ရည်ဒါမှမဟုတ် ဆင်တုံးမနွယ်စိမ်ရည်ကို သောက်ပေးခြင်းဖြင့်လည်း အဆစ်ရောင်ရောဂါ သည် တွေလို မီးယပ်ဖြူဆင်းတဲ့ အမျိုးသမီးတွေအတွက် အထူးဆေးတစ်လက်ပါ။
- နှလုံးတုန်တဲ့လူနဲ့ စိတ်ချောက်ချားရောဂါနဲ့ ဆင်တုံးမနွယ်
နှလုံးမကောင်းလို့။ စိတ်ထဲမှာဂယောင်ချောက်ချားဖြစ်လို့ဆိုရင်တော့ စိတ်မပူပါနဲ့…. ဆင်တုံမနွယ် နဲ့ မြင်းခွာရွက်ကို ပြုတ်။။ ပြီးလျှင် ရတဲ့ ပြုတ်ရည်ကို သောက်ပေး အမှန်တကယ်မုချပျောက်ကင်းမှာမို့ အသုံးဝင် လှပါတယ်။
- တီဘီ နာ နှင့်ဆင်တုံးမနွယ်
အင်မတန်ခံရခက်ပြီး အသက်ကိုပါ ဒုက္ခပေးနိုင်တဲ့ရောဂါပါ။ DOTS ဆိုတာလည်း ရှိပေမယ့်ပေါ့…..
မြန်မာတိုင်းရင်းဆေးမှာတော့ မြစ်ခြောက်နာရယ်လို့ ခေါ်ကြပါတယ်။ မြစ်ခြောက်နာ တီဘီရောဂါအတွက် ဖာလာဖြူ၊ ငါးပုလဲ၊ ဆင်တံးမနွယ်တို့ကို အမှုန့်ကြိတ်ပြီး ပျားရည်နဲ့ရောစပ်သောက်ပေးပါက ပျောက်ကင်း ပါတယ်။
- နားကိုက်နေသူနဲ့ ဆင်တုံးမနွယ်
နားတွင်းမှာ အညစ်အကြေးတွေရှိလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် နားကိုက်နေတယ်ဆိုရင်တော့ ဆင်တုံးမနွယ်ကို ကြိတ် ကြက်သီးနွေးလောက်ပဲပြုတ် အဲ့ဒီပြုတ်ရည် နွေးနွေးလေးနဲ့ နားကိုဆေးပေးလိုက်ပါ။ ပျောက်ကင်းသွားမှာ အမှန်ပါပဲ။
- ကိုယ်ရည်ဝါရောဂါနဲ့ ဆင်တုံးမနွယ်
ဆင်တုံးမနွယ်အရွက်ကို ကြိတ် ဒိန်ချဉ်ရည်နဲ့ ရောသောက်ရင် ပျောက်ကင်းပါသတဲ့။
- ခြေဖ၀ါးပူတဲ့ရောဂါ နဲ့ ဆင်တုံးမနွယ်
ဆင်တုံးမနွယ်နဲ့ ကြက်ဆူစေ့ကို ရောပြီးကြိတ် ခြေဖ၀ါးမှာ လူးပေးလို့ကတော့ ခြေဖ၀ါးပူတဲ့ရောဂါ လျင်မြန်စွာ ပျောက်သွားပါလိမ့်မယ်။
- အထွေထွေရောဂါနဲ့ ဆင်တုံးမနွယ်
ဆင်တုံးမနွယ်ကို ထောပတ်နဲ့စားရင် လေရောဂါအတွက်ကောင်းပါတယ်
ဆင်တုံးမနွယ်ကို သကြားနဲ့စားရင် သည်းခြေအတွက်ကောင်းပါတယ်
ဆင်တုံးမနွယ်ကို ပျားရည်နဲ့စားရင် သလိပ်အတွက်ကောင်းပါတယ်
ဆင်တုံးမနွယ်ကို သင်္ဘောချင်းခြောက်နဲ့စားရင် အစောမကြေရောဂါ။ လေပြည့်နာအတွက်ကောင်းပါတယ်
- လူတွေအတွက်တင်မဟုတ်တဲ့ ဆင်တုံးမနွယ်
တောင်သူဦးကြီးတွေအားထားကြတဲ့ ကျွဲ၊နွားတွေ မှိုင်ပြီး မျက်ရည်တွေကျတာမျိုးဖြစ်နေရင် (နှုန်းနာ) ဆင်တုံးမနွယ်ကို နုတ်နုတ်စင်းပြီး ဆားနဲ့ နယ်ကျွေးရင် ရောဂါတွေပျောက်သွားမယ်.
ကျွဲနွားတွေ ဆီးအောင့်ဆီးချုပ်ဖြစ်ခဲ့ရင်တော့ ဆင်တုံးမနွယ်ကို နုတ်နုစင်း။ ရေစိမ်။ ရတဲ့အရည်ကို ဆားထည့် ၀ါးကျည်ထောက်နဲ့ ထည့်တိုက်ပေးရင် ပျောက်ကင်းပါတယ်တဲ့။
ဒီလောက်အသုံးဝင်တဲ့ ဆင်တုံးမနွယ်ကို မသေဆေး ရယ်လို့ ခေါ်မိတာ မှားမယ်မထင်တော့ပါဘူး။
တစ်ခုတော့ သတိပေးစကားလေးပြောချင်ပါတယ်။ ဆင်တုံးမနွယ်က အလွန်ခါးတဲ့ နွယ်မျိုးဖြစ်တဲ့အတွက် သူ့ကို ကိုင်ပြီးရင် လက်ကို သေချာဆေးကြောပြီးတခြားစားစရာကို ကိုင်တွယ်ပါ။
ကဲ မသေဆေးအကြောင်းတင်ပြပြီး ပြီမို့ အသက်ရှည်ဂါထာလေးပါ ထပ်ပေးမယ်နော်
- အရဟံ တဲ့(၃)လုံးကွယ်
- ဆိုရလွယ်ပါတယ်
- နေ့စဉ်ဆိုကွယ်မမေ့ငြား
- ကျန်းမာ ချမ်းသာပွား
- အသက်ရှည်လို့ အနာလွတ်
- အရဟံ ကို ရွတ်
References: http://www.sirisimpex.com/tinospora.htm
ပုသိမ်တက္ကသိုလ် ၂၀၁၀-၁၁ နှစ်လည်မဂ္ဂဇင်း
တစ်ပါးသူပျော်ရွှင်ဖို့ စိတ်ရင်းနှင့် အားထုတ်သူသည် ကိုယ်တိုင်ပျော်ရွှင်ရသူသာဖြစ်သည်။