Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရင်ခုန်သံများနဲ့……နယူးရီးယားညများ….

$
0
0


1…..2…….3……4…5…….6….7…..8…9…..Happy New year…….“.ဟေး …….ယမ်း ကုန်တော့မယ် …နောက်တခုအသင့်ထုပ်ထားလေဟယ်…….ဆက်သွားမှ လှတာ”……….မှုံတိုက ……ကဲရင်တော့ အပီပဲ……
ပါးစပ်ကလဲ …အငြိမ်မနေ ………လူက လဲ ………မီးရူးမီးပန်းတက်သွားတိုင်…ခုန်ဆွခုန်ဆွနဲ့……..ဘေးကကြည့်ရင် …သူကိုသူ တကယ် ပီဘိ …ကလေးလေး လိုလို……..မျက်နှာကလဲ …သကာရေမှောက်ကျထားသလို……ချိုမြနေပါသည်။
လွတ်လပ် ပျော်ရွှင်တဲ့ အရသာ….က လူကိုမြူးကြွနေစေပါတယ် ။……ပျော်လိုက်တာနော။် …….ချောင်းသာကမ်းခြေရဲ့ …….နယူးရီးယားည……..မြိုပြတွေမှာလို ….ထိန်းချုပ်စရာမလို….
မီးရူးမီးပန်းတွေ ဖောက်ပြီး ….အသံကုန်အော်ကြဟစ်ကြနဲ့…….သဘာဝရဲ့ လွတ်လပ်မူအရသာကို …..တ၀ကြီး ခံစားနေရပါသည် ။



“မိမှုံ” ဘေးကစုရဲ့ခေါ်သံ။…..မှုံ. အာရုံက သူရှိမှာ မရှိ …..မီးပန်းတွေ ကိုသာ ငေးကြည့်ရင်း….ခုန်ဆွခုန်ဆွ လုပ်နေမိသည်။ ….မိစုက “ အေး အဲ့ဒီမှာကလေးလိုလို ခွေးလိုလို လုပ်နေ…နင့်ကို သူများတွေကြည့်နေပြီ” အဲ့ဒီတော့မှ …….မျက်လုံးပြူးသွားပြီး ……ကိုယ်ပေါတာလူမိပြီပေါ့.“ ဘယ်သူကြည့်လိုလဲ….ဒီနားမှာ …ငါတ.ိုပဲရှိတာကို ” လို့ပြောတော့ စုက ….“ ဟိုအုန်းပင်အောက်က …ဂစ်တာပိုက်ထားတဲ့ တယောက်….နင့်ပေါနေတာကို ထိုင်ကြည့်နေတာကြာလှပြီ” တဲ့ ….သွားပါပြီ ။……….ဒီအရွယ်ကြီးနဲ့ပေါရဲလိုက်တာလို့ ထင်တော့မှာပဲ ……..နောက်ဘက်ကိုလှည့်ပြီး …မသိမသာရှာမိပါသည်။ တွေ့ပါပြီ …ကိုယ်တော်က …ပြုံးလို ….ဒါငါ့ကို …လှောင်နေတာပေါ့လေ …..ဟင်း …မျက်စောင်း ကို ..ပစ်ပစ်နှစ်နှစ်ကြီး ထိုးပစ်လိုက်မိပါသည် ။


တစ်နာရီထိုးခါနီးပြီ မို့ …….ဘန်ဂလို ကိုပြန်ခဲ့ကြပါတယ်။ …..မိန်းခလေးတွေ ကြီးမိုလို့ အိပ့် ဖို့သင့်နေပြီလေ။
အိပ်ရာထဲဝင်ကြပြီး …သိပ်မကြာခင်မှာပဲ……ဂစ်တာသံကို ကြားရပါတယ်။ ….ကောင်မလေးသီချင်းကို …ပီပီပြင်ပြင်ဆိုသွားပါတယ် ။ မှုံတိုလဲ …….အတွေးကိုယ်စီနဲ့ ငြိမ်ပြီးနားထောင်နေကြပါတယ်။
နောက်ဆုံး ……ထူးအိမ်သင် ရဲ့ ကလေးလေး သီချငိးကို ဆိုပြီး ကလေးလေး တယောက်အတွက်ပါလို့ အော်ပြီး…ပြန်သွားကြပါတယ်။…စုက မှုံဘက်လို လှည့်ပြီး…ဒါလားကလေးလေးလို့ စတော့…၀ိုင်းပြီးရယ်မိကြပါတယ် ။


အလင်းရောင်လေး…အခန်းထဲကို ၀င်လာတော့…..မှုံနိုးလာပါတယ် ……။ ပင်လယ်ထဲက နေထွက်တာ …ထကြည့်အုန်းမယ် ။ ….စိတ်ကူးလိုက်ပြီး …….သူငယ်ချင်းတွေ ကိုကြည့် လိုက်တော့ ……အိပ်မောကြနေတုန်းမို့လို့ …….၀ရန်တာလေးကို …တယောက်ထဲ ထွက်လာမိပါတယ်။ လေနုအေးက …..ပွေ့ဖက်စီးကြို လိုက်တာမို . စိတ်ထဲ လန်းဆန်းလို့ သွားပါတယ်။ ကမ်းခြေ တခုလုံး ……လူတယောက် မှ မရှိပဲ ………ရေလှိုင်းသံနဲ့ ……လေတိုက်သံပဲ ကြားနေရပါတယ်။ ၀ရန်တာကို ခွကျော် ပြီး ..အပြင်ဘက်ကို ..ခြေထောက် တွဲလောင်းချပြီး ထိုင်လိုက်ပါတယ်။ ……ဟာ …အရသာရှိလိုက်တာ ……..သာယာ လိုက်တဲ့ နှစ်သစ်၇ဲ့ ….အချိန်အခါလေး ။ …တယောက်ထဲ ….ပီတိတွေဖြစ်လို့။…. ..အဲ့ဒီအချိန် …..ချောင်းဟတ်သံ သဲ့သဲ့ ကို ကြားလိုက်ရလို့ လှည့်အကြည့် တွင် …“အဲတော့”….ကပ်ရက်ဘန်ဂလိုရဲ့ …..၀ရန်တာမှာ…..မှုံနဲ့ ပုံစံတူ ထိုင်နေတဲ့သူ။ …….သူကမှုံကို မကြည့်ပဲ ..ပင်လယ်ကို မျက်နှာမူထားပါတယ် ။ ဒါပေမဲ့ ပြုံးနေတဲ့ပုံက ……မှုံကိုမြင်ပြီးသားမှန်းသိသာပါတယ် ။ မှုံက ပြူးပြီးကြည့်နေတော့မှ ……သူကလှည့်ကြည့်ပြီး……အိပ်လိုပျော်လားတဲ့ ……မင်းကိုမြင်လိုက်ရလို့ …..ဒီနှစ်သစ်ရဲ့ ပထမဦးဆုံးနေ့လေး…….တော်တော် အဓိပါယ်ရှိသွားပြီ တဲ့ …...မှုံ..ဘာမှ ပြန်မပြောရဲပဲ …..စိုက်ကြည့်နေတာမို့ …..ရှက်ပြီး …ဘန်ဂလိုထဲဝင်ပြေးခဲ့ပါသည် ။ ၇င်တွေခုန်လိုက်တာနော်……..သွေးခုန်နှုန်းတွေ အရမ်းမြန်ပြီ ။ ဒါထက်နည်းနည်းလေးသာ ထပ်မြန်ရင် …….အသက်ပါလောက်တယ် ……အဟုတ်။..မှုံဘ၀ရဲ့ ပထမ ဦးဆုံးရင်ခုန်သံကို …နှစ်သစ် တစ်ခုရဲ့ မနက်ခင်းလေးမှာ …စ…..ကြားခဲ့ရပါတယ်။


ဖူးစားရေး နတ်မင်းကြီး မစ လို့ လား ။……..ကံတရားရဲ့ တိုက်ဆိုင်မူကြောင့်လား …….ချောင်းသာကပြန်ပြီး ……နောင်နှစ်လလောက်မှာ …သူနဲ့ပြန်ဆုံ ခဲ့ပါတယ်။ ရင်ခုန်သံကြမ်းကြမ်းကို …မှုံရဲ့ …အသဲသဲ နုနုလေး…ဘယ်လောက်ခံနိုင်မှာ မို လိုလဲ နော် ……။ မှုံ သူ့ ကို …အရမ်းချစ်မိသွားခဲ့ပါတယ်။ …အချစ်ဦး မို့ အရူး အမူး ပါပဲ မောင်ရယ်။ ဒါပေမဲ့ ……မိန်းခလေး တိုရဲ့ ……သိက္ခာအရ …မူရအုန်းမယ်လေ။…နောင်နှစ်နယူးရီးယားညမှာ …..အဖြေပေးမယ်လို …….ချောင်းသာမှာ ချိန်းဆို ခဲ့ကြပါတယ်။
ချောင်းသာရဲ့ ..နယူရီးယားည …….ရင်ခုန်ရလွန်းလို ……လူက မတ်တပ်တောင်မရပ်ချင်တော့ပါ။ အနားက ….သူကို လဲ ကိုယ့်ရင်ခုန်သံကြားမှာကို စိုးရိမ်ရသေးတယ်လေ ။ ..အချိန်က လဲ ……နှစ်ကူးဖို့တော်တော်လေး နီးကပ်လာပါပြီ။


1…2….3…4…5…..6…7….8…9 …..Happy New Year…..အော်သံတွေ ဆူညံသွားပါတယ် …..
မှုံမှာတော့ …..“ ဟိတ်ကောင်မလေး ပြောတော့လေကွာတဲ့” …..သူကပြောတော့ ….ရှက်ရှက်နဲ့ လိမ်ချိုးနေတဲ့ ..လက်ချောင်းတွေ ကို …..ရပ်လိုက်ပြီး ….. အားတင်းလိုက်ပါတယ်။ “ မောင်ကိုမှုံ ချစ်တယ်” လို့ပြောချ လိုက်ပြီး ………ရှက်တဲ့ ..ဒါဏ်ကို မခံနိုင်တော့ ပဲ …..ကလေး ဆန်ဆန် ထွက်ပြေးမိပါတော့တယ်။…မှုံကပြေး သူက လိုက်နဲ့ …….ကမ်းခြေမှာ …စိန်ပြေးတမ်းဆော့နေသလို….ရှက်တာတွေပျောက်ပြီး …..ပျော်ရွှင်လာပါတယ် ။ဒီနှစ်သစ်ရဲ့ …ပျော်ရွှင်မူဟာ …..အရင်နှစ်တွေ နဲ့ မတူ တမူထူးခြားလို့နေပါတယ်။ ပျော်လိုက်တာမောင်ရယ်…ပျော်ရွှင်မူဟာအနှိုင်းမဲ့ပါပ။ဲ..မှုံနဲ့မောင်တို ….(၁.၁.၂၀၁၀) မှာ ……ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။
နယူရီးယားညတွေဟာ …..မှုံအတွက်တော့ ……ထူးခြားဆန်းသစ်တဲ့ ……ရင်ခုန်သံတွေကို အမြဲပေးတတ်ပါတယ်။


မောင်နဲ့ မှုံတို့ …….ချစ်သူနှစ်ဦး ……မိုးမမြင်လေမမြင် …ချစ်ခဲ့ကြတာ ၁ နှစ်ပြည့်ခဲ့ပါပြီ။ …..
၁.၁.၂၀၁၁……အလွမ်းငွေဝေတဲ့ …….ခွဲခွားခြင်းအစ…နယူးရီးယားည……
ဒီနှစ်နယူရီးယားကတော့ ……ချောင်းသာမသွားဖြစ်တော့ပါဘူး။ ……ဒီနှစ်က ……မှုံအတွက် …..ပျော်ရွှင်မူကို မပေးစွမ်းနိုင်တော့ပါဘူး။ …….သံသရာခရီး ဆိုတာ …ဖြောင့်တန်း ….ချောမွေ့  နေရိုးထုံးစံ…. မရှိခဲ့ပါ။
မှုံတို လဲ ……လမ်းကြမ်းလေးတော့ …လျောက်ရ တော့မယ်လေ။…..မောင်က သူ့ အိမ်ရဲ့ စီးပွားရေး အရ ……စင်ကာပူကို တစ်နှစ် သွားနေပေးရမယ်တဲ့။ ….၁ရက်နေ့မှာ သွားမှာ မို့လို့…. နယူရီးယားညလေးဟာ ……..မှုံတို နှစ်ယောက်ရဲ့ ……နှုတ်ဆက်ပွဲလေးလို့ ပဲပြောရတော့မှာ။ တယောက်မျက်နှာကို တစ်ယောက် … .. မခွဲနိုင်မခွာရက်ကြည့်နေပေမဲ့ လဲ ……မိုးလင်းရင် ခွဲရတော့မယ် ။…..ကံတရားရဲ့ စီမံရာမို့ …….
ကြိုတ်မှိတ်မြိုသိပ် …လွမ်းလိုက်ကြတာပေါ့ မောင်ရယ် …….။



123Friendster.com - More Happy New Year Comments


၁.၁.၂၀၁၂ …….ကြည်နူးမူ အပြည့်နဲ့ …….ချစ်ရည်ရွှန်း တဲ့ …..နယူရီးယားည……
မကြာခင်မှာ ရောက်လာတော့မည့် …..နေ့ရက်ကလေး ….. မှုံရင်တွေ ခုန်လိုက်တာနော်။ ….
မောင်နဲ့ ပြန်လည်ဆုံဆည်းခွင့်ရတော့ မယ်လေ……..
ဒီနှစ်နယူးရီးယားညလေးကတော့ ……မှုံတပ်အပ် ပြောရဲပါတယ် ……အရမ်းကို သာယာမှာပါ…..။
တွေးကြည့်ယုံနဲတင် မှုံ ရင်တွေ ခုန် လှပါပြီ ………..ရောက်ပါတော့ …နှစ်သစ်ညလေးရယ် ……
နှစ်သစ်မှာတော့ …မှုံတို့ ပြီးပြည့်စုံ တဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်တော့မယ်လို ..ယုံကြည့်ပါတယ် ။


နှစ်တွေ တစ်နှစ်ပြီး တစ်နှစ်ပြောင်းသွားကြတာကို …….လူသားတွေ က ပျော်ပွဲတွေ လုပ်ပြီး သောင်းသောင်းဖျဖျ ကြိုဆိုကြပါတယ်။ ကောင်းမွန်တဲ့ …အစဉ်အလာလေး တခုပါ ။
ဒါပေမဲ့ …မေ့မထားသင့်တာလေး တခုကတော့ …….ပြီး ခဲ့ တဲ့ …နှစ်နဲ့ ……ခုရောက်လာတော့မယ့် နှစ် မှာ …..
ကိုယ့် ရဲ့ ပြောင်းလဲ မူ ကိုပါ ။ အသက် တစ်နှစ်ကြီး လာတာတော့ အသေအချာပါပဲ။ လူသားတိုင်း…..အတွက်ကတော့…..နှစ်သစ်မှာ …..ကိုယ်ဘ၀…တိုးတက်လာစေဖို့ ….ရည်ရွယ်ချက်လေး နဲ့ ကြိုဆို သင့်ပါတယ်။


နှစ်သစ်မှာ ...ပျော်ရွှင်ကြပါစေ။

ဆန္ဒမွန်ဖြင့် ...

မှုံနံ.သာဖြူ .....


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>