သူ ကျွန်မကို ဒီဆိုဒ်လေးအကြောင်း ပြောတုန်းက ကျွန်မ သိပ်စိတ်မဝင်စားခဲ့ပါဘူး...
ဘာကြောင့်လဲဆိုတော့ တစ်ခြားသော ဆိုဒ်တွေမှာလည်း ကျွန်မ အချိန်ရရင် ရသလို နာမည်အမျိုးမျိုးနဲ့စာတွေရေးဖြစ်ခဲ့ပါတယ်...
ရွှေမြို့တော်မှာ မှတ်ပုံတင်၊ စာတစ်ပုဒ် နှစ်ပုဒ်ရေးပြီး အဆက်သွယ်ပြတ်ခဲ့ပါသေးတယ်...နောက်တော့ သူ့ရဲ့စာတွေကို အားပေးချင်တာရယ်၊ သူ ဘာတွေလုပ်နေလဲဆိုတာ သိချင်စိတ်ကြောင့် ရွှေမြို့တော်မှာ ကျွန်မ အချိန်ပိုပေးမိလာတယ်...တဖြည်းဖြည်းနဲ့ ရွှေမြို့တော်မှာနေရတာ ပျော်လာတယ်...ကဗျာတွေ စာတွေ ၊ ခံစားချက်တွေ လွတ်လပ်စွာ ရင်ဖွင့်နိုင်သလို သူငယ်ချင်းကောင်းများစွာလဲ ရခဲ့ပါတယ်...မှားရင် ပြင်ပေး၊ မသိရင် လမ်းညွှန်ပြသပေးတဲ့ အက်ဒမင်များကိုလည်း မန်ဘာများကိုယ်စား ကျေးဇူးတင်မိပါတယ်...
ဆိုဒ်တည်ထောင်သူ ကိုငြိမ်းကိုယ်တိုင်ကတော့ မိမိအတွက် အကျိုး အမြတ်ကိုမကြည့်ဘဲ မန်ဘာများတက်ညီ လက်ညီ ကြိုးစားလုပ်ဆောင်နေကြတာကိုကြည့်ရင်း ပီတိကိုစား အားရှိနေမယ်ထင်ပါတယ်...
ထူးခြားတာတစ်ခုက ပရဟိတလုပ်ငန်းပါဝင်နေတာကြောင့် ကျွန်မပိုစိတ်ဝင်စားမိသွားတာပါ...ကိုယ်တိုင်က ပရဟိတလုပ်ငန်းဝါသနာပါသလို သူများကိုလည်း ဝါသနာပါအောင် အမြဲတိုက်တွန်းလုပ်ဆောင်နေလို့ပါဘဲ...
ပရဟိတ ဆိုတာ သူ့အကျိုး ကိုယ့်အကျိုးမကြည့်ဘဲ အတ္တကို စွန့်ပြီးလုပ်ရတဲ့ မွန်မြတ်သောအလုပ်ဖြစ်ပါတယ်...
ကျွန်မတတ်နိုင်တဲ့ အင်အားနဲ့လည်း တစ်ဖက်တစ်လမ်းက ပါဝင်ခွင့်ရခဲ့ပါတယ်...
ရန်ကုန်မှာဆိုရင် ပရဟိတအတွက် ဦးဆောင်ပြီး လုပ်ပေးနေတဲ့ "မရှင်း" ကိုအားကျမိတယ်...
သူ့လောက် အချိန်မပေးနိုင်ပေမဲ့ ကိုယ်လည်း တတ်စွမ်းသမျှ ပါဝင်ခွင့်ရနေတာဘဲလေဆိုပြီး ဖြေသိမ့်ခဲ့ပါတယ်...
"မရှင်း"ရေ...
ဆုလေးတစ်ခုတောင်းပေးချင်ပါတယ်နော်...
လူအများအကျိုးကို ရယူလိုစိတ်မရှိဘဲ အားကြိုးမာန်တက်ဆောင်ရွက်ပေးရသော ကုသိုလ်ကြောင့် "မရှင်း"
*လိုတဲ့အခါတိုင်း တလိုက်တာနဲ့ ရနိုင်တဲ့ ဘဝလေး ပိုင်ဆိုင်နိုင်ပါစေလို့*....
သူငယ်ချင်းတို့ရေ...
သူ့ကို တွေ့ရင် ပြောပေးကြပါအုန်းနော်...
သူရေးမဲ့ ကဗျာတွေ စာတွေကို စောင့်မျှော်ဖတ်ရှုမဲ့သူတစ်ယောက်ရှိနေပါတယ်...ကျွန်မကို မုန်းရင်မုန်းပါ၊ ရွှေမြို့တော်ကိုတော့ မစွန့်ခွာပါနဲ့လို့နော်...
ကျွန်မကတော့ သူနဲ့ကျွန်မ အမှတ်တရဖြစ်တဲ့ ဒီဆိုဒ်လေးကို သက်သေတည်ပြီး ပြန်လာလိမ့်နိုး မျှော်ကိုးရင်းနဲ့.......
*please help me*