ဒီဘလော့ပို့စ်လေးကိုရေးသင့်တာတော့ကြာပါပြီ…
ဒါပေမဲ့ ရေးသင့် မသင့်..အတော်ချိန်ဆနေရပါတယ်…။
နောက် နှစ်လလောက်က..ကျွန်တော်ရဲ့..ပို့စ်အဟောင်းတစ်ပုဒ်ကို
ဆိုက်တစ်ခုမှာ..တစ်ပုဒ်လုံး..ယူသုံးထားတာတွေ့ရပါတယ်..။
ရေးသူကတော့..သူ့နာမယ်ပေါ့…။
ဆိုက် အက်မင်တွေကို တိုးတိုးတိတ်တိတ်လေး..
ကိုယ်ရေးခဲ့ဖူးတဲ့..လင့်ပါပေးပြီး..အကြောင်းကြားလိုက်ရပါတယ်..
သူတို့ကလည်း..ဖျက်ချပေးပါတယ်..။ မသိလို့ပါလို့လည်း တောင်းပန်တယ်..။
ကျွန်တော် ဆိုလိုချင်တာက..ခုဒီဆိုက်လေးမှာ..ပို့စ်တွေ ဝေမျှနေရတဲ့သူတစ်ယောက်အနေနဲ့
ဝဋ်လည်တာမျိုး မကြုံချင်တာပါ…။အဲလိုများ ကိုယ့်ဆိုက်ကို လာအတိုင်ခံရရင်တော့
ရှက်စရာကြီးနေမှာပါ…။
အက်မင်တွေဆိုတာကလည်း..ထွက်သမျှစာ..အကုန်မှ အလွတ်မရတာ
ဂျာနယ် မဂ္ဂဇင်းတွေမှာတောင်..ပြန်တောင်းပန်ရ..ဆုံရှင်းရနဲ့ပါ..။
ကဗျာဖြစ်စေ..အခြား ဘလော့ဖြစ်စေ..ရေးတတ်သလောက်သာရေးပါ..
သိပ်တင်းကြပ်တဲ့..စံတွေ..ပေတံတွေနဲ့ တိုင်းတာမှမဟုတ်တာ..။
တင်ကြတဲ့အထဲမှာ..ကဗျာကတော့..နေ့စဉ် အများဆုံးပါ..
တင်နိုင်ကြလို့လည်း ကျေးဇူးတင်ပါတယ်..။
ချစ်သူမြို့တော်က..ကိုယ်ပိုင်အရေးအသားများကို အားပေးအားမြှောက်လုပ်ချင်တာပါ..
တကယ်လို့..အရမ်းကို နှစ်သက်တာတွေ့ရင်လည်း..
မျှဝေတဲ့..နေရာ သီးသန့်ရှိပါတယ်..
စည်းတော့စောင့်ပါ..ကါယကံရှင်ကို..ရယူတဲ့ဆိုက်အမည်ကို..ရဲရဲဝန့်ဝန့်ကြေငြာပါ…။
ချစ်သူမြို့တော်ရဲ့..ဘလော့ကာဟောင်း ဘလော့ကာသစ် အားလုံးကိုလေးစားလျက်..
အော်..ချစ်သူမြို့တော်ဆိုက်ကိုလည်း..အင်္ကျီအသစ်လဲပေးနေတယ်နော်..
လှပသွားအောင်..။