Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မမထံ ချစ်ခွင့်ပန်တယ် လက်ခံမှာလား....

$
0
0


ရိုးသားတယ်လို့မပြောချင်ပါ
ဆွေမတော်မျိုးမစပ်......အပ်စပ်လို့တွေ့ကြရတာပါ..
ဘယ်လောက်ထိရိုးသားပြနိုင်မလဲ..
တစ်ဦးနဲ့တစ်ဦးအကြိုက်တူသွားတဲ့တစ်နေ့
အမိုက်မှောင်ထဲမှာဘယ်သူကဘယ်သူထက်
ပိုမိုက်နိုင်သလဲ အမိုက်မှောင်မှာ အမိုက်ချင်းပြိုင်
သူနိုင်ကိုယ်နိုင်ကြဲကြတဲ့အခါ..
တစ်ဦးပေါ်တစ်ဦး အပြစ်ဆိုတာမမြင်
အချစ်ဆိုတာဝင်နေချိန်မို့ ရိုးသားတယ်ထင်နေမှာလား..
လူရိုးဆိုဘယ်မရှိ ခုခေတ်မှာပိုရှား
ငါ့စကား နွားရ ကိုယ့်ကိုယ်ကိုအမွှန်းတင်
တစ်ပါးသူအထင်ကြီးအောင် ဟန်ဆောင်ကာနေကြတဲ့အခါသမယ
မမ က ရိုးသားသူမှ ခင်ချင်တာလား၊ ဖြောင့်မှန်သူနဲ့ခင်ချင်တာလား
မောင်လေးကတော့ဘွင်းဘွင်းသမား မမ အပေါ်မှာမရိုးသား
ဖြောင့်မတ်မှန်ချင်မှန်လိမ့်မယ်...မရိုးသားတာမှန်လိမ့်မယ်
ဟန်ဆောင်ရတာပါးတွေညောင်းလို့ ခင်ပါလို့မပြော
ချစ်ပါလို့မဆိုချင် လူမြင်တိုင်း ကျူမယ်ဆိုတဲ့အထဲအပါ
လောကကမ္ဘာကြီးကကျဉ်းကျဉ်းလေး တစ်နေ့မှာမျက်နှာချင်း
ဆုံမိသည့်အခါမှ အင်း အန်း ဟယ် အရှက်ပျယ်ဒီစကားနဲ့
အာမေဋိတ် မဆိုချင် ခုကတည်းပွင့်ပွင့်လင်းလင်း
မမပင်အလုပ်ဆင်းနေပြီပဲ ၊ အသက်အရွယ်အရည်အချင်းက
တစ်ယောက်ချင်းချိန်းတွေ့စရာမလို၊ ဘာကိုဆိုလိုတယ်ဆိုတာ
သဘောပေါက်မှာပါ......ဒါကြောင့် မမမောင်ဒီစာရေးလို့
မမထံ ချစ်ခွင့်ပန်တယ် လက်ခံမှာလား....။

...............မောင်ဇော်ဇော်......................( ကချင်မလေးသို့ )


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>