Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကျွန်တော် နှင့် ခြင် ညီလာခံ

$
0
0

ကျွန်တော် နှင့် ခြင် ညီလာခံ

 

တစ်ခုသော ညနေခင်းဝယ် ရုံးခန်းအတွင်းတွင် ကျွန်ုပ်သည် မြို့ တော် ပြစ်မှုမှတ်တမ်းများ ပြန်လည်စစ်ဆေးနေရင်း ထိုအမှုတွဲများထံတွင် အာရုံနစ်မြောနေလေရာ တပည့်ကျော် မောင်သိန်း ဘေးနားမှ ခေါ်နေသံကိုပင် သတိမမူ မိပေ။

" ဆရာ..ဆရာ..".................

မောင်သိန်း ၃ ခွန်း ၄ ခွန်းလောက်ခေါ်တော့မှ ပြန်သတိဝင်လာကာ

  • ကျွန်ုပ်       -  အော်...အေး...မောင်သိန်း ဘာပြောမလို့ လဲ .....။
  • မောင်သိန်း - ညနေက မြို့ တော် ကျန်းမာရေးဦးစီးမှူး ရုံးကလာသွားတယ်..ဆရာ..။
  • ကျွန်ုပ်       - အင်း..ဘာကိစ္စတဲ့ လဲ...။
  • မောင်သိန်း - မနက်ဖြန် မြို့ တော်ခန်းမမှာ ခြင်အန္တရာယ် ကင်းဝေးရေး ပညာပေး အစီအစဉ်နဲ့  ကွင်းဆင်းဆောင်ရွက်ဖို့  အဲဒါ အစည်းအဝေး ဖိတ်စာ လာပို့ တာပါ ဆရာ...။
  • ကျွန်ုပ်       - အော်...အေးအေး ။ ....ဒါနဲ့  ထူးခြားဖြစ်စဉ် သတင်းရှိလား...။
  • မောင်သိန်း - ထူးခြားဖြစ်စဉ်တော့ မရှိပါဘူး ဆရာ..။ သာမန်ရမ်းကားမှုလောက်ပဲရှိတာပါ..။ ရုံး အောက်မှာ ဆရာ အိုင်အိုဒင်း ကိုကိုကြီးနဲ့  ဆာဂျင် မင်းဒင် တို့ ရှိပါတယ်..။ သူတို့  ဖြေရှင်းပေးနေကြပါတယ် ..။ ဒီနေ့  သူတို့  ဂျူတီလေ... ။
  • ကျွန်ုပ်       - အေးအေး .....။ ခဏနေ ညစာစားဖို့ ပြင်ကွာ..နော့်.....။
  • မောင်သိန်း - ဟုတ်ကဲ့  ဆရာ...။

ထို့ နောက် ကျွန်ုပ်သည်လဲ အလုပ်များကို ပြီးပြတ်အောင် လက်စသတ်ပြီးနောက် ယူနီဖောင်းလဲကာ ရေမိုးချိုးလေသည်။ ရေချိုးပြီးသော အခါ မောင်သိန်း ပြင်ပေးထားသော ထမင်းအား စားရန်ပြင်လေတော့သည်။ ထမင်းစားပြီးသောအခါ ရုံးအောက်မှ ဆူညံဆူညံသံ ကို ကြားရလေသည်..။ စင်စစ် ထိုအသံရှင်ကား နရင်းအုပ်ရာတွင် အလွန်လက်သံပြောင်လှသော အိုင်အိုဒင်း ကိုကိုကြီး၏ အသံပင်ဖြစ်ပေသည်။ ကျွန်ုပ်လဲ ရုံးအောက်ထပ်သို့  ဆင်းလာပြီး ပြဿနာကို မေးမြန်းလေရာ ........

  • ကျွန်ုပ်- ဘာပြဿနာတုန်း .......။
  • ကိုကိုကြီး - မြို့ တော်ထဲက လူစည်ကားရနေရာမှာ ဆဲရေးတိုင်းထွာ နေလို့ ပါ..။ ပြီးတော့ တာဝန်အရ ဆောင်ရွက်သူတွေကိုလဲ ပြန်လည် ခုခံ အကြမ်းဖက်လို့ ပါ.....ဆရာ။
  • ကျွန်ုပ် - အင်း .....ပြစ်မှုထင်ရှားနေတယ်ဆိုတော့....သူ့ ကို ဒီည ဒီမှာပဲ ချုပ်ထားလိုက်ဗျာ....။ မနက်ကျမှ  မြို့ တော် စက်ရှင်တရားရုံးကို အမှုတွဲရေးပြီးတင်လိုက်ပါ.....။
  • ကိုကိုကြီး - ဟုတ်ကဲ့  ပါ ..ဆရာ...မနက်ကျရင် ကျွန်တော်ပါ လိုက်သွားလိုက့်ပါမယ်...။ ဟိုတစ်နေ့ က အချုပ်သား တစ်ယောက် စီရင်ချက် ချဖို့ ရှိပါတယ်....။ အဲ့ဒါ ကျွန်တော် သွားရမှာပါ..။
  • ကျွန်ုပ် - အင်း..မနက်ကျရင်လဲ .ကျွန်တော် အစည်းအဝေးသွားဖို့ ရှိတယ်...၊ အဲဒီက ပြန်လာမှ တရားရုံးကိုလှည့်ဝင်လာခဲ့ မယ် ။ စက်ရှင်တရားသူကြီး ဦးချန်ထွန်း ကို လဲ ပြောပြလိုက်ပါဦး ဗျာ...။
  • ကိုကိုကြီး - ဟုတ်ကဲ့ ပါ..ဆရာ....။

ကျွန်ုပ်လဲ သူတို့  နှင့် အနည်းငယ် စကားစမြည်ပြောဆိုပြီး ရုံးပေါ်သို့  ပြန်တက်လာချိန်တွင် နံရံမှ တိုင်ကပ်နာရီကို လှမ်းကြည့်လေရာ ည ၉ နာရီပင် ထိုးတော့ပေမည် ။ ကျွန်ုပ်လဲ ဧည့်ခန်းအတွင်းသို့ ဝင်၍ ပလက်ကုလားထိုင်တွင် ချေပစ်လက်ပစ် ထိုင်ချလိုက်လေသည်။ ထို့ နောက်  တီဗွီကို ဖွင့်လိုက်လေရာ မြို့ တော်ရုပ်သံဌာနမှ အင်တာဗျူးအစီအစဉ် ကို တွေ့ မြင်ရလေသည်။ အင်တာဗျူးအစီအစဉ် သည်ကား မြို့ တော်ဝန်ဦးမောင်မောင်ငြိမ်း ၏ မြို့ တော် တိုးချဲ့  ပြုပြင်ရေး စီမံကိန်းဆောင်ရွက်နေမှုအား ရှင်းလင်းပြောကြားခြင်း အစီအစဉ် ပင်ဖြစ်လေသည် ။ ကျွန်ုပ်သည်လဲ ကျွန်ုပ်လေးစားရသော ပုဂ္ဂိုလ်ကြီးအား မြင်တွေ့ လိုက်ရသည့်အတွက် စိတ်ထဲ၌ အလေးပင်ပြုမိလိုက်ပါသည်။ ထိုအစီအစဉ်ပြီးသော အခါ နောက်ထပ်တင်ဆက် လာသော  ဖျော်ဖြေရေး အစီအစဉ် ကိုကြည့်ရှုနေလေသည် ။ ထိုသို့  ကြည့်ရှုနေရင်းပင် မီးသည် ပျက်သွားလေတော့သည်...။

" အော်.....ဒုက္ခပါပဲ ဒီမီးကလဲ တစ်မှောင့်....."

အတန်ငယ် စောင့်နေသောအခါ မီးများထိန်ထိန်လင်းလာပြီး ကျွန်ုပ်သည်လဲ လွန်စွာမှ ကျယ်ဝန်းသော အခန်းတွင်းသို့ ရောက်ရှိနေလေသည်...။ ခန်းမကြီးကား လွန်စွာမှ ခန့် ညားထည်ဝါလှလေသည် ။ ဟိုဟိုသည်သည် ကြည့်နေရင်းဖြင့် စိတ်တွင်းမှလည်း "အင်းးးးဒီလိုပုံစံမျိုး ဘယ်မှာတွေ့ ဖူးတာပါလိမ့် ...၊ အော်...သိပြီ...ဒါ ညီလာခံခန်းမကြီး ပါလား ဟ...။ အလို ရှေ့ မှာလည်း လှုပ်လှုပ် လှုပ်လှုပ် နဲ့ ဘာတွေတုန်းဟ......၊ အဲဗျာ.......ခြင်တွေပါလားဟ......" ။ ထိုစဉ် အသံတစ်ခုသည် ခန်းမတွင်းတွင် ဟိန်း၍ထွက်ပေါ်လာလေသည်။

" ကြွရောက်လာသော ကိုယ်စားလိမ်တော် အမတ်များခင်ဗျား..အဲ..ကိုယ်စားလှယ်တော်အမတ်များခင်ဗျာ.. ..ဥက္ကဌကြီး ကြွရောက်လာပြီဖြစ်ပါသဖြင့် အားလုံး မတ်တပ်ရပ်ပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည် "

ခြင်တွေလှုပ်လှုပ်ရွရွ ဖြစ်သွားပြီး ဟိုလူတွန်း ဒီလူတိုက်...အဲ တစ်ကောင်တွန်း တစ်ကောင်တိုက်လိုက်ဖြင့် မတ်တပ်ရပ်ကြလေသည်။ စောစောကကြေညာသူ ပြောကြားသည်းအတိုင်း ခန်းမထောင့်ဝင်ပေါက် တစ်နေရာမှ လှုပ်စိလှုပ်စိဖြင့် ခြင်တစ်ကောင် ၀င်လာလေသည် ။ အဲ ....သေသေချာချာကြည့်လိုက်တော့ ဥက္ကဌ ဆိုသူကြီးကလဲ တရားသူကြီးလို ၀တ်ရုံနက်ကြီး ၀တ်ထားလို့ ပါလား။ ထိုပုဂ္ဂိုလ်ကြီး သည် စင်မြင့်ပေါ်တွင်နေရာယူပြီးသောအခါ အားလုံးကို ထိုင်ကြဟု ဆိုလိုသော အမူအယာ မျိုးဖြင့် သူ၏ လက်ကို လှုပ်ပြလေသည်...။ အားလုံးကလဲ ထိုခြင်ကြီး၏ အမိန့် တိုင်း မိမိတို့  နေရာတွင် ထိုင်ကြလေသည်..။ ထိုခဏ၌ စောစောက ဟိန်းထွက်လာသော အသံမျိုးကိုပင် ထက်မံကြားရလေသည်။

" ယနေ့  ကြွရောက်လာကြတဲ့  ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား။ ယနေ့  ဖိတ်ကြားထားသော ကိုယ်စားလှယ်တော်များ ၃၅၀ အနက်  ၃၄၉ ဦးတက်ရောက်ပါသဖြင့် အစည်းအဝေးရာခိုင်နှိုန်း ၉၉.၉၉ % အောင်မြင်အထမြောက်ကြောင်း ကြေညာအပ်ပါတယ်ခင်ဗျာ.........။   ၀ီးးးဝီ၀ီဝီ၀ီဝီ၀ီဝီ၀ီဝီ၀ီဝိ............" ။ အဲ လက်ခုပ်တီးတာလဲ မဟုတ်ပါလား" တ၀ီဝီ၀ီဝီ" နဲ့ ပါလား ..." အော်...မေ့လို့  သူတို့ တွေက ခြင်တွေပဲ ဟ လူမှမဟုတ်တာ ဟီးးးး"..။ " ။ခုအချိန်မှအပြီး ကြွရောက်လာကြသော ကိုယ်စားလှယ်တော်ကြီးများမှ မိမိတို့ ၏ နယ်မြေရေးရာ ကိစ္စအ၀အ၀ ကို ဆွေးနွေးတင်ပြနိုင်ပါတယ်ခင်ဗျား....။ တစ်ဦးခြင်းစီ စနစ်တကျ တင်ပြပေးပါရန်ကိုလဲ မေတ္တာရပ်ခံအပ်ပါတယ် "......။...." အော် ခြင်တွေတောင်မှ တစ်ဦးခြင်းစီ စနစ်တကျပြောဖို့  မေတ္တာရပ်ခံနေရတယ်ဆိုရင် ခြင်တွေလဲ ဒီမိုကရေစီ မရလောက်သေးဘူးဟု ထင်လိုက်မိလေသည်..။ ..အဲ နိုင်ငံရေးတွေပါလာပြီ ...." ထိုအချိန်တွင် ခြင် ၀၀ ကြီးတစ်ကောင်သည် ထ၍စတင်ဆွေးနွေးလေတော့သည်........။

" ဥက္ကဌ ကြီးခင်ဗျာ ...ကျွန်တော်ကတော့ ဆီးရီယားပြည်နယ်က ပြည်နယ်အုပ်ချုပ်ရေးမှုး ပါ ခင်ဗျာ..။ အခု ကျွန်တော် တို့  ပြည်နယ်မှာ ဘာတွေဖြစ်ပျက်နေသလဲ ဆိုရင် ခြင်တွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကိုခံနေရပါတယ် ၊ ပြီးတော့ လူသားတွေဟာ လုံးဝကို စာနာထောက်ထားမှုမရှိပါဘူး ...NGO ဆိုတဲ့  အဖွဲ့ တစ်ဖွဲ့ နဲ့  ပူးပေါင်းပြီး ခြင်မျိုးတုန်းအောင် ဆောင်ရွက်မယ့် စီမံကိန်းကိုလဲ ရေးဆွဲနေတယ်လို့ ကြားသိရပါတယ်   ။ အခု လိုပြဿနာကို ဥက္ကဌကြီး အနေနဲ့  အင်းဆက်ပိုးမွှားဆိုင်ရာ မဟာမင်းကြီးရုံးသို့  တင်ပြေပေးစေလို ပါတယ် ခင်ဗျာ..ဒီလိုမှမဟုတ်ရင် ကျွန်တော့ပြည်နယ်က ခြင်သူခြင်သားတွေဟာ အသက်အန္တရာယ် စိုးရိမ်နေရပါတယ် ...ဒါကြောင့်မို့ လို့  ဒီအရေးကိစ္စကိုဖြင့် အထူးတလည် စောလျှင်စွာ.ပြုလုပ်ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည် ။ ကျွန်တော် တင်ပြလိုတာကတော့ ဒါပါပဲ ခင်ဗျာ....." "..၀ီဝီ၀ီဝီ၀ီဝီ၀ီဝီ၀ီဝီ၀ီဝီ၀ီဝီ၀ီဝီ"

" အင်းးးးးခြင်တွေမှာလဲ သူ့ ပြဿနာနဲ့  သူပါလားနော်....."...။ ထိုနောက် ခြင်တစ်ကောင်က ထရပ်ကာ ဆွေးနွေးပြန်ပါတယ် ....။

" ဥက္ကဌ ကြီးခင်ဗျာ ...ကျွန်တော်ကတော့ အီရန်နိုင်ငံက အထူးကိုယ်စားလှယ်တော်ပဲ ဖြစ်ပါတယ်ခင်ဗျာ.....။ အဲ...ကျွန်တော်တင်ပြလိုတာကတော့ အု ကျွန်တော်တို့ နိုင်ငံမှာ ဘယ်လိုပြဿနာမျိုးနဲ့  ကြုံတွေ့ နေရပါသလဲ ဆိုရင်..ကျွန်တော်တို့  နိုင်ငံဟာ အပူပိုင်းဒေသ ဖြစ်တာကြောင့် ရေရှားပါးမှု ပြဿနာနဲ့  ရင်ဆိုင်နေရပါတယ် ......ရေရှားပါးမှုကြောင့် မိခင်ခြင်မကြီးတွေဟာ ကလေးမီးဖွားရန်အတွက် အခက်အခဲကြုံနေရပါတယ် ......အဲဒီရေရှားမှုပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုလျှင် ကျွန်တော်တို့  ခြင်ဦးရေ တိုးပွားရေးပရောဂျက်ကို ထိခိုက်လာနိုင်ပါတယ်.....အခုဆိုရင်ဖြင့် ရေအလုံအလောက်မရရှိတဲ့  အတွက်ကြောင့် ခြင်ဦးရေ တိုးပွားမှုနှုန်းဟာ ယခင်နှစ်ထက် ၃၀ % ကျဆင်းနေပါတယ် ....ဆက်လက်ပြီးရေမရရှိဘူးဆိုရင်ဖြင့် နောက် ၆ လ အတွင်းမှာ ခြင်ဦးရေတိုးပွားမှုနှုန်း 0 % နှုန်းသို့  ရောက်ရှိသွားနိုင်ပါတယ်ခင်ဗျာ ဒါကြောင့်မိုလို့  ဥက္ကဌကြီးအနေနဲ့  ရေအလုံအလောက်ရရှိနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ခြင်အမျိုးမျိုး ထိန်းသိမ်းစောင့်ရှောက်ရေးကောင်စီမှ အကူအညီတောင်းခံပေးပါရန် လေးစားစွာ တင်ပြရင်းကျွန်တော်၏ တင်ပြချက်အား ဤနေရာမှာပင်  နိဂုံးချုပ်လိုက်ရပါသည်ခင်ဗျားး......။"..." ၀ီဝီ၀ီဝီ၀ီဝီ၀ီဝီ၀ီဝီ၀ီဝီ၀ီဝီ"

" အော် .......ခြင် မျိုးပွားဖို့ အရေး တောင်းဆိုနေပါလားနော် ...ဒီလောက်အကောင်တွေပေါက်နေရလဲ မကျေနပ်နိုင်ကျဘူး...."..ကျွန်ုပ်သည် ထိုသို့ တွေးတောနေစဉ်........ခပ်ပိန်ပိန်မွဲခြောက်ခြောက် နှင့် ခြင်တစ်ကောင်သည် ယိုင်တိ ယိုင်ထိုးဖြင့် မတ်တပ်ထရပ်ကာ အားမရှိသော လေသံမျိုးဖြင့် ဆွေးနွေးလေတော့သည်......။

" ဥက္ကဌ...ကြီးခင်ဗျားးး.....ကျွန်တော်ကတော့ မြောက်ကိုးရီးယားနိုင်ငံ ပြုံးယမ်းမှ ကိုယ်စားလှယ်တော် ဖြစ်ပါတယ်ခင်ဗျား......အခုကျွန်တော် တင်ပြချင်တာကတော့ ကျွန်တော်တို့  နိုင်ငံမှာ ခြင်တွေဟာ ဖြင့် အဟာရချို့ တဲ့ မှုကို အပြင်းအထန် အလူးအလဲ ခံစားနေရပါတယ်.......ဒီပြဿနာရဲ့  အဓိကတရားခံကတော့ သွားလေသူ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီလ် ကြောင့်ပဲဖြစ်ပါတယ်.......ဘာလို့ လဲဆိုတော့ သူဟာ သူ့ နိုင်ငံမှာ နျူးကလီးယား ဆိုတာကြီးကို အင်တိုက်အားတိုက်လုပ်ဆောင်နေပြီး နိုင်ငံတော်ရဲ့  ဘဏ္ဍာငွေ မှန်သမျှကလဲ စစ်အသုံးစရိတ်ထဲမှာပဲ အကုန်ထည့်သုံးနေပါတယ် ......ပြည်သူတွေကလဲ အသုံးစရိတ်တွေချွေတာကြပြီး အစားအစာတောင်မှ အဟာရပြည့်ဝအောင် မစားသုံးကြပါဘူး .....လူတွေမှာအဟာရမရှိတော့ ကျွန်တော်တို့ ခြင်တွေဟာ အဲဒီလူတွေရဲ့ သွေးကို သောက်သုံးတဲ့  အခါမှာ ကျွန်တော်တို့ ခြင်တွေမှာပါ အဟာရချိုတဲ့ ပြီး ရောဂါဘယတွေ ခံစားနေရပါတယ်.......ဒီကိစ္စဟာ ကြာလာရင် ကျွန်တော်တိုခြင်တွေဟာ အဟာရပြတ်ပြီးသေဆုံးနိုင်ပါတယ်ခင်ဗျာ.....ဒါကြောင့်မိုလို့  ကျွန်တော်တို့ တွေဆီကို ကမ္ဘာခြင်များ စားနပ်ရိက္ခာ အဖွဲ့ များစေလွှတ်ပြီး အမြန်ဆုံးရိက္ခာတွေ ပို့ ပေးပါလို့  တောင်းဆိုတင်ပြအပ်ပါတယ်ခင်ဗျာ........ "......" ၀ီဝီ၀ီဝီ၀ီဝီ၀ီဝီ၀ီဝီ၀ီဝီ၀ီဝီ၀ီဝီ၀ီ"

ထိုသို့ ဖြင့် တစ်ကောင်ပြီးတစ်ကောင် ထပြောနေလိုက်ကျသည်မှာ ....ကျန်းမာရေး။ ခြင်မှုရေး၊ အစရှိသည်တို့ ဖြင့် ကဏ္ဍပေါင်းစုံကို တင်ပြေနေကြလေသည်.....။.....ဒီခြင်တွေသာ လူတွေဆိုရင်တော့
မလွယ်ပါလားနော်........အခန်းမတွင်း၌လည်း အိပ်ငိုက်သည့်ခြင်ကငိုက်. ၊ တစ်ကောင်နှင့်တစ်ကောင် တွတ်ထိုးနေကြသည်မှာလည်း ဟိုတစ်စု သည်တစ်စု ၊ ပြောတာတွေကို စိတ်မ၀င်စားပဲ တောင်ငေးမြောက်ငေးကြည့်နေတဲ့  အကောင်တွေကလဲ မနည်း ၊ ဥက္ကဌ ဆိုသူကလည်း ခေါင်းတငြိမ့်ငြိမ့် နှင့် ပုတ်သင်ညိုအလား ၊ တင်ပြလိုက်ရလို့ ..ပြောချင်တာပြောလိုက်ရလို့ ....အဲဒါမှ ငါကွ ဆိုပြီး မှိုရတဲ့  မျက်ခွက် မျိုးဖြင့် ပီတိတွေဖြစ်နေကြသည်ကတစ်ဖုံ.........အလိုလို........ကျွန်ုပ်သည်လဲ ထိုခြင်များကို ကြည့်ကာ စိတ်ရှုပ်လာသည်နှင့် အနည်းငယ် ငိုက်မြည်းလာပြီး မျက်လုံးကလေးမှိတ်ထားလိုက်ပြီး မှေးနေရာ တွင်..ကျွန်ုပ်ဘေးနားသို့  ခြင်တစ်ကောင်ရောက်လာပြီး..ကျွန်ုပ်အားလက်ဖြင့် ပုတ်၍ခေါ်လေသည်.............

" ဆရာ.....ဆရာ..."

ထိုစဉ် ကျွန်ုပ် မျက်လုံးဖွင့် ကြည့်လိုက်သော အခါ တပည့်ကျော်မောင်သိန်း ဖြစ်နေလေတော့သည်......။

" အင်..........မောင်သိန်း  ဘာလဲကွ ....."

" ကျွန်တော် ရုံးပေါ်တက်လာတော့ .....ဆရာ...တီဗွီကြီး ဖွင့်ပြီးအိပ်ပျော်နေတာတွေ့ လို့  ကြည့်လိုက်တော့ ဆရာကို ခြင်တွေကိုက်နေကြလို့  ကျွန်တော်နှိုးလိုက်တာပါ...... ""

" ဟုတ်လား..အေးကွာ...ငါလဲ မီးပျက်သွားတာကိုစောင့်ရင်း..အိပ်ပျော်သွားတာကွ.......ခြင်တွေကိုက်နေမှန်းတောင်မသိပါဘူးကွာ.......အေးအေး .......မောင်သိန်း ငါလဲ အိပ်တော့မယ်ကွာ...မနက်ကျရင် သွားရမှာတွေက အများကြီး............ကဲ .....ငါ အခန်းပြန်ပြီးးးအိပ်တော့မယ်ကွာ....."

" ဟုတ်ကဲ့ ပါ ဆရာ......"

မောင်သိန်း ဆင်းသွားသည်နှင့် ကျွန်ုပ်လဲ အိပ်ခန်းတွင်းသို့  ၀င်ကာ အိပ်ယာပေါ်တွင် စောစောက မက်ခဲ့ သော အိပ်မက်ကိုတွေ့ ကြည့်ရင်း ကိုယ့်ကိုကိုယ် ရယ်ချင်မိလေသည်........စိတ်ထဲ၌လည်း
" ဘယ့်နှယ့်ကွာ.....အိပ်ပျော်နေတုန်းခြင်တွေ ၀ိုင်းကိုက်နေလို့  တ၀ီဝီ မြည်နေတာ ကိုများ ငါ့နှယ်နော်.....ခြင်ညီလာခံတောင် ရောက်သွားလိုက်သေး တယ်.........သူများကြားသိရင်ဖြင့် ၀ိုင်းလှောင်ကြမှာ ပဲ....ဟီးးးးး"

ကျွန်ုပ်လည်း ခြင်ထောင်ချ၍ အိပ်ယာပေါ်တွင် မျက်လုံးလေးမှိတ်လိုက်သည်နှင့် တပြိုင်နက်...ဒုတိယံမိ အကြိမ် ပြန်လည်အိပ်ပျော်သွားလေတော့သတည်းးးးးးးးးး


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>