Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဒီလိုလူတွေကိုသတိထားကြပါမိန်းခလေးတို့.. (ကိုယ်ချင်းစာတရားလေးနဲ့တင်မိတာပါခင်ဗျာ)

$
0
0

            လူနဲ့ တိရစ္ဆာန်ကို ပြတ်ပြတ်သားသား စည်းခြားထားတာဟာ ကိုယ်ကျင့်တရား။ တစ်နည်းပြောရရင် ကိုယ်ကျင့်သီလ ဖြစ်တယ်။ လူ့ယဉ်ကျေးမှုဆိုတာကိုလဲ ဒီအပေါ်မှာပဲ တည်ဆောက်ထားတာ ဖြစ်တယ်။ ဒီနေရာမှာ ကိုယ်ကျင့်တရားကို အဓိပ္ပါယ်ဖွင့်ဆိုချက် အမျိုးမျိုး ရှိနိုင်ပေမဲ့ အနှစ်ချုပ်ရင်တော့ သူတပါး ထိခိုက်အောင် တရားမျှတမှု မရှိတဲ့ နည်းလမ်းတွေနဲ့ မပြုလုပ်ဖို့သာ ဖြစ်တယ်။ ကိုယ်ကျင့်တရား ဖေါက်ဖျက်ပုံ ဖေါက်ဖျက်နည်းတွေလဲ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် ဒီထဲမှာ ရွံရှာဖို့ အကောင်းဆုံးကတော့ လူမှုရေး ဖေါက်ပြန်မှု ဖြစ်တယ်။

လူမှုရေး ဖေါက်ပြန်မှု ဆိုတဲ့ ခေါင်းစီးအောက်မှာလည်း သူတပါး သားမယား ကြာခိုတာကနေ ကိုယ့်မှာ သားကြီး မယားကြီး ရှိလျှက်နဲ့ သူတပါး သားပျို သမီးပျိုကို ဖျက်လိုဖျက်ဆီး လုပ်တဲ့ ပရောပရီ လုပ်တာတွေလဲ ပါတာပေါ့လေ။ ကိုယ်ပဲ ကံကောင်းနေလို့လားတော့ မသိဘူး၊ ကိုယ့်အသိုင်းအဝန်း မိတ်ဆွေသင်္ဂဟတွေထဲမှာတော့ ဒီလို လူမျိုး မတွေ့ခဲ့မိဘူး။ ငယ်ငယ်တုန်းကတော့ လူ့ဘ၀ အတွေ့အကြုံကလဲ နည်းသေးတော့ ဒါမျိုးကို စာတွေပေတွေ ထဲမှာပဲ တွေ့ဖူးခဲ့တယ်။ ကြားဖူး နားဝ လောက်ပဲ ဆိုကြပါစို့။ ဒါနဲ့ ရှားတယ်လို့ ထင်ခဲ့ မိတယ်။ နည်းနည်း အသက်လေးရ လူ့ဘ၀ အတွေ့အကြုံလေးလဲ ထိုက်သင့်သလောက် ရလာမှ ဒီလို လူစား ထင်သလောက် မရှားဘူးဆိုတာကို တွေ့လာရတယ်။ ကိုယ့်ဆီကိုရှိုက်ကြီးတငင်လာ ရင်ဖွင့်တဲ့ တစ်ယောက်စ နှစ်ယောက်စလဲ ကြုံလာရတယ်။

ဒါနဲ့ပဲ ဒါမျိုးလူတွေအကြောင်း လက်လှမ်းမီ သလောက် စဉ်းစားကြည့်မိတယ်။ ကြုံခဲ့ဘူးတဲ့ နှစ်ယောက် သုံးယောက်နဲ့လဲ ချိန်ထိုး ကြည့်မိတယ်။ ဒီလိုလူတွေမှာ ဘုံတူညီမှု တစ်ခုကတော့ မိန်းကလေးတွေ ကျ သွားအောင် စကားပြောတတ်ကြတဲ့ အရည်အချင်းပါပဲ။ အတီးအတ ဂွတီးဂွကျ အမူအရာတွေလဲ လုံးဝ မရှိပေဘူး။ ဒီအမူအရာတွေကလဲ များသောအားဖြင့် ရိုးသားသူတွေမှာသာ တွေ့ရတတ်တာကိုး။ ဒါနဲ့ နောက်တစ်ဆင့်တက်ပြီး ထပ်လေ့လာကြည့်တော့ ထိမ်းမနိုင်သိမ်းမရတဲ့ ကာမဂုဏ်စိတ်ကို ပိုင်ဆိုင်တာလဲ တွေ့ရပြန်တယ်။ လူတိုင်း ဒီလိုစိတ်နဲ့ မကင်းနိုင်တာမှန်ပေမဲ့ သူတို့ကတော့ ပိုကဲလွန်တာပေါ့လေ။ ဒါနဲ့ ရိုင်းရိုင်းပြောရရင် ပြည့်တန်ဆာခန်းသွားပါလား ဆိုတော့လဲ ဒီလိုလူမျိုး သဘောမတွေ့ပြန်ဘူး။ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာလို့ပဲ ဆိုရတော့မယ်။ ကြိုက်လိုက်ရင်လဲ အမျိုးကောင်းသမီး နုနုထွတ်ထွတ်လေးတွေ ကိုချည်း ။ ဒါနဲ့ ဒါမျိုးဟာ အပြင်လောကမှာ ရှိတာပေါ့လေလို့ပဲ ခပ်ပေါ့ပေါ့ တွေးခဲ့မိတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မိတ်ဆွေတစ်ဦးပြောပြမှ ဒီကိစ္စမျိုးဟာ ကျွန်တော်တို့ အခုခေတ်လူငယ်တွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ chat room တွေကိုပါ ထိုးဖေါက် ၀င်ရောက်နေတာကို အလန့်တကြား သိလိုက်ရတယ်။ မိတ်ဆွေက သူ့အသိ ကောင်မလေး တစ်ယောက် chart room မှာ တွေ့တဲ့ ကောင်လေးတစ်ယောက်နဲ့ အပြင်မှာ ချိန်းတွေ့ရင်း ဘ၀ ပျက်ခဲ့ရတဲ့ အကြောင်းပြောပြတယ်။ ဒါနဲ့ ဆက်စပ်တွေးကြည့်တော့ လား..လား. ဟုတ်ပေတာပဲ…. ကိုယ့်ကိုလဲ သူမမြင် သူ့ကိုလဲ ကိုယ်မမြင် လိပ်စာ၊ဖုန်းနံပါတ် ဘာတစ်ခုမှ ပေးစရာမလိုတဲ့ chat room တွေမှာ ဒီလိုလူစားတွေ စားကျက် ဖြစ်နေတော့တာကိုး။

မိန်းကလေး ကျ လောက်အောင် ပြောတတ်တဲ့ အရည်အချင်း ကလဲ နဂိုပိုင်ပြီး ဖြစ်နေတော့ အံကိုက်ပေါ့လေ။ ကျွန်တော်တို့လည်း ဒီလိုပဲ chat room မှာ ကိုယ်တစ်ခါမှ မသိကျွမ်းဖူးသူတွေနဲ့ စကားပြောဖူးပါရဲ့။ များသောအားဖြင့် ဆန့်ကျင်ဖက် လိင်ချင်း စကားပြောကြတာပေါ့လေ။ ကိုယ်စီကိုယ်စီ သာယာစိတ်ကလေးတွေ ရှိနေမယ်ဆိုတာလဲ လက်ခံပါရဲ့။ ဒါပေမယ့် ဒီနေရာမှာ လူကောင်းသူကောင်းနဲ့ စောစောကပြောခဲ့တဲ့ လူတွေ ကွာတာက လူကောင်းသူကောင်းဟာ သာယာစိတ်ကို ထိန်းချုပ်နိုင်တယ်။ ဟိုလူစားတွေက ချွန်းမအုပ်နိုင်ဘူး။ ဒါကွာတာပါပဲ။ ဒီလူစားမျိုးတွေ chatting လုပ်တဲ့ နေရာမှာလဲ နှစ်မျိုးတွေ့ရတယ်။ ပထမတစ်မျိုးက အမာဆွဲ၊ တွေ့ပြီး သိပ်မကြာဘူး ဓါတ်ပုံတောင်း ဖုန်းနံပါတ်တောင်းပြီး ချစ်လှချည်ရဲ့ ကြိုက်လှချည်ရဲ့လုပ်ပစ်တာ။

နောက်တမျိုးက အပျော့ဆွဲ၊ မောင်လို နှမလို ခင်ပါတယ် ခင်ပါတယ်နဲ့ ကိုယ်လိုရာကို ဆွဲခေါ်တာ။ ဒီအမျိုးအစားက ပိုသိမ်မွေ့တော့ ပိုသတိထားရတယ်။ တကယ့် အစစ်အမှန် မိတ်ဆွေတွေလဲ ရှိပါရဲ့။ သူတို့ကို ဆိုလိုတာ မဟုတ်ပါ။ ကျွန်တော် အခုလိုပြောတော့ တချို့က မေးကြမယ် ဒီဘက်ခေတ်လို အင်တာနက်ခေတ်မျိုးမှာ အွန်လိုင်းမှာတွေ့ နောက်ပိုင်း အပြင်မှာတွေ့ပြီး ချစ်ကြိုက် လက်ထပ်ခွင့်ကော မရှိဘူးလားလို့။ ဟုတ်ကဲ့ ရှိပါတယ် အပြည့်အ၀ ရှိပါတယ်။ ဒီလိုပဲ ပြန်ဖြေရမယ်။ အခု ကျွန်တော် ဆိုလိုတာက ကိုယ့်ကိုကိုယ် လူယုတ်မာတွေလက်က လွတ်ဖို့ သတိရှိဖို့ ဆိုလိုချင်တာ ဖြစ်တယ်။

တလောကပဲ တရုတ်ပြည်မှာ online dating ကနေ ဘ၀ပျက်တဲ့ မိန်းကလေးတွေ များလာလို့ သတိပေးလှုံ့ဆော်မှုတွေ လုပ်နေရကြောင်း သတင်းဖတ်လိုက်ရသေးတယ်။ အင်တာနက်ဟာ ဆွမ်းဆန် ဖြစ်တယ်။ ဒါပေမဲ့ ရောပါလာတဲ့ ကြွက်ချေးတွေကို သတိထားရမယ်။ တချို့ကပြောကြပြန်တယ် လူတွင်ပါလို နွားကျားကိုက်ပါတယ်လို့။ ဒါမျိုးဆိုတာက ယောက်ျားလေးဖက်က စပြီးစောင့်ထိန်း ရတဲ့ အရာမျိုးဖြစ်တယ်လို့ ပြန်ဖြေ ရတော့မယ်။

online chatting နဲ့ ပြီးပြီလားမှတ်တယ်၊ ၂၀၀၇လောက်ကစပြီး နောက်တမျိုးပေါ်လာပြန်တယ်။ ဘလော့ဂ် ဆိုသကိုး။ ခုနကပြောတဲ့ လူစားတွေအတွက် ပိုအကြိုက်တွေ့စရာ ဖြစ်လာပြန်တယ်။ လုပ်ကွင်း လုပ်ကွက် ပိုကောင်းတာကိုး။ ကောမန့်ရေးရင်းနဲ့ ရင်းနှီးမှုယူမလား၊ ဆီဘောစ်မှာ သွားအော်မလား၊ ကိုယ်ကိုယ်တိုင်လည်း ဘလော့ဂ် လုပ်ရင်းနဲ့ ဘလော့ဂ်ဂါ အချင်းချင်းဆိုတဲ့ အသိနဲ့ ရင်းနှီးမှု ယူမလား၊ လုပ်စရာ များမှများလို့ပဲ ပြောရတော့မယ်။

ပုံမှန် chat room တွေထက် အားသာချက်က ကိုယ်ပိုင်ဘလော့ဂ်လေးနဲ့ဆိုတော့ အတည်အတန့် ပိုဖြစ်ပြီး လိမ်လို့ ညာလို့ ပိုကောင်းလာလေရဲ့။ ဒီလိုလူမျိုးတွေတွင် ကျယ်ဖို့ ဖြစ်လာပြန်တယ်။ သမီးရှင်တွေအဖို့ ရင်ပူစရာနောက်တစ်မျိုး တိုးပြန်ပြီလို့ပဲ စိတ်ထဲ ရေရွတ်မိတယ်။ ဒီလိုနေတုန်း တစ်မျိုး ကြားရပြန်တယ်။ ဘလော့ပိုင်ရှင် ဟိုလို လူစားမျိုးတယောက်က တခြား ဘလော့ဂါ မိန်းကလေး တစ်ယောက်ကို ရည်းစားစကားပြောတယ်။ ရည်းစားစကားပြောတာပဲ ဘာများဆန်းလို့လဲ လို့ ပြောကောင်းပြောကြလိမ့်မယ်။

အဲဒီဘလော့ ပိုင်ရှင်မှာက အိမ်ထောင်ရှိပြီး ကလေးတစ်ယောက်လဲ ရှိသေးတယ်။ ဒီအထိလဲ မဆန်းသေးဘူး။ ဖြစ်တတ်ပျက်တတ်တဲ့ ဘောင်အတွင်းမှာပဲ ရှိသေးတယ်။ ဆန်းတာက အဲဒီလူက သူအိမ်ထောင်နဲ့ ကွာပစ်ပါမယ် စဉ်းစားပေးပါလို့ မျက်နှာပြောင်တိုက်ရဲသေးတယ်။ ဒါမျိုးကျတော့ အမာဆွဲလဲမဟုတ် အပျော့ဆွဲလဲမဟုတ် လိမ်ညာနေတာလဲမဟုတ်၊ အတော်ဗြောင်ကျပြီး ကြောက်ဖို့ကောင်းတယ်လို့ပဲ ပြောစရာ ရှိတော့တယ်။ ဦးစံရှား စကားငှားပြီးပြောရရင် မိန်းကလေးတွေ မှာ မောင်လိုဖွားလို တစ်ယောက်ယောက်ရှိရင် ဒီလိုလူစားမျိုး တွေကို ခွေးရိုက်သလိုရိုက် ပြီး ဆုံးမဖို့သာ ကောင်းတော့တယ်။ ။

(ဆရာမောင်သာနိုးရဲ့ ဆောင်းပါးတွေကို သဘောကျလို့ ဆရာရေးသလို ရေးလိုက်ပါတယ်။ ဆရာခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်။)

မှတ်ချက်။ ကျွန်တော် ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ စိတ်ပျက်ဖွယ် ကိစ္စတစ်ခုကို အကြောင်းပြုပြီး ရေးပေးခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ ဆောင်းပါး ပါ။ အကြောင်းကြောင်းကြောင့် အဲဒီအချိန်က မတင်ပြ ဖြစ်ခဲ့ပေမယ့် အခုရက်ပိုင်းမှာပဲ ဒါမျိုး ခပ်ဆင်ဆင် ဇတ်လမ်းတခု ထပ်မံ ကြားသိရပါတယ်။ ဒီလို ဘလော့ဂ် ချက်တင်း ကနေ လေးစားမှု ခင်မင်မှုကို အခွင့်ကောင်းယူနေကြတဲ့ အခြားဇတ်လမ်းတွေလဲ ဖြစ်ခဲ့ ဖြစ်လျှက် ရှိနေတယ် ဆိုတာလဲ သိခဲ့ရတယ်။ အွန်လိုင်း လောကမှာ ရည်ရွယ်ချက် ရှိရှိနဲ့ မင်းသားခေါင်းဆောင်းနေတဲ့ ဘီလူးတွေရှိကြောင်း နဲ့ ရည်ရွယ်လို့မဟုတ်ခဲ့တောင် အခွင့်ရေးရှိရင် အမြတ်ထုတ်လိုက်မယ် ဆိုတဲ့ ကိုယ်ကျင့်တရား မခိုင်မာသူတွေပါ သတိတစ်ခု ရနိုင်ပါစေ ဆိုတဲ့ရည်ရွယ်ချက်နဲ့ တင်ပြလိုက်ပါတယ်။

http://smsy.mmwordpress.com/ကပါ


http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogP...
မှကူးယူဖေါ်ပြခြင်းဖြစ်သည် ။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>