တခါတုန်းက...
ဘောက်ဖတ်ကလေးတစ်ကောင်ရှိတယ်။
သူဟာ တွန့်လိမ်တွန့်လိမ်နဲ သစ်ရွက်ကလေး တစ်ရွက်ပေါ်မှာ နေနေရရှာတယ်။ နေပူတော့လဲ နားခိုစရာမရှိ။ နှင်းရွှဲတော့လဲ ချမ်းခိုက်ခိုက်တုန်။ ကိုယ်ဘ၀ကို စိတ်ကုန်နေရှာသတဲ့။ စားရပြန်တော့လဲသစ်ရွက်၊ နေပြန်တော့လဲ သစ်ရွက်၊ နေပု၊ လေတိုက်၊ သစ်ပင်ပေါ်က အမှိုက်တစ်စလို ကိုယ့်ကိုကိုယ် ခံစားမိပြီး အားငယ်နေရှာတယ်။ လေအတိုက် လေအကြမ်းမှာ လွင့်ကျမသွားဖို့ သူ မနေချင်ဘူးဆိုတဲ သစ်ရွက်ကလေးကိုပဲ မြဲမြဲကုပ်တွယ်ထားရရှာတယ်။ သူ မပျော်နိုင်ရှာပါဘူး။ ခန္ဒာကိုယ်က ပျော့စိစိနဲ့ ရွံစရာကလဲ ကောင်း၊ အပေါင်းအသင်းကလည်မရှိ၊ တွေးကြည့်ရင် သူဘ၀ဟာ ၀မ်းနည်းစရာပါ။ ခုန်ပေါက်ပြီးဆော့ကစားနေတဲ့ ဓားခုတ်ကောင်းလေးတွေကို ကြည့်ပြီးအားကျ၊ ၀မ်းနာ်းဖြစ်နေရှာသတဲ့.။ သူတို့လိုလဲမြင့်ုမင့်မခုန်နိုင် သူတို့လိုလဲမသန်စွမ်း၊ သူတို့လိုလဲ အားမာန်တွေမရှိ။ သူတို့လိုလဲ အတောင်မပါ၊ သူတို့လိုလဲ ဝေးဝေးမသွားနိုင်။၊ ငါဟာ ဘာမှ အသုံးမကျတဲ့ အကောင်ပဲလိုတွေးပြီး စိတ်ဓာတ်တွေလဲ တစ်ဖြည်းဖြည်းကျလာတယ်။ တွေးလိုက်တိုင်း စိတ်အားငယ်စရားတွေချည်းပဲ။ ငါ သေချင်လိုက်တာလို အမြဲ စဉ်းစားနေသတဲ့။ သိမ်ငယ်စိတ်တွေနဲပေါ့။
ဘောက်ဖတ်ကလေးရေ...
မင်းမသိလိုပါ။
မင်းဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အမြင့်ကိုလဲ ပျံသန်းနိုင်တဲ့၊ လေတွေကိုလဲတစ်ဝကြီးရှူသွင်းခွင့်ရတဲ့ အရောင်အသွေးစုံတဲ့၊ အသွေးအရောင်လှပတဲ့၊ တောင်ပံတွေကိုပိုင်ဆိုင်နိုင်တဲ လိပ်ပြာလှလှလေး တစ်ကောင်းဖြစ်လာမှာပါ။ လှပတဲ ပန်းကလေးတွေကို မင်းကြိုက်သလို နားခိုခွင့်ရလာမှာပါ။ ချိုမြိန်နေတဲ့ပန်းဝတ်ရည်တွေကိုလည်း တစ်ဝကြီး စားသုံးခွင့်(မှာပါ။ ပန်းလှလှလေးတွေလိုပဲ ဥယျာဉ်ကြီးကို ပိုပြီး လှပလာအောင် မင်းရဲ့ တောက်ပ အရောင်စုံတဲ့ အတောင်ပံလေးတွေနဲ ကူညီပေးနိုင်သူ ဖြစ်လာမှာပါ။ မင်းဘာလို အားငယ်နေတာလဲ။
ကျွန်တော်တွေးမိတာလေးရေးလိုက်တာပါ။
ဟုတ်ပါတယ်။
ကျွန်တော်ဟာ တစ်ချိန်တုန်းက ဘောက်ဖတ်ကလေးတစ်ကောင်ပါ။
ကိုယ့်ဘ၀ကိုစိတ်ကုန်ခဲံဖူးတယ်။
မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ဖူးတယ်။
ရည်မှန်းချက်တွေ တစ်ခုမှဖြစ်မလာတော့ တစ်ယောက်ထဲကျိတ်ပြီး ငိုခဲ့ဖူးတယ်။
ဘာကိုမှ ပိုင်ဆိုင်ခွင့်၊ ဖန်တီးခွင့်မရှိတော့ဘူးလို့ အဆုံးထိတွေးပြီး စိတ်ဓာတ်တွေကျခဲ့ဖူးတယ်။
ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်တာတွေ တစ်ခုမှ မဖြစ်တတ်ဘူးလို့ တွေးပြီ သောကတွေနဲ့ အိပ်မပျော်ဖြစ်ခဲ့ဖူးတယ်။
အခုတော လိပ်ပြာလှလှလေးတစ်ကောင်ဖြစ်နေပါပြီး။
ဒီနေ့ လူငယ်ကျောင်းသားတွေကို ပြောပါရစေ။ မင်းတို့ဟာ ဒီအချိန်မှာ ဘောက်ဖတ်ကလေးတွေပါ ။ ကိုယ်ရဲ့ မပြည့်စုံမှု၊ အခက်အခဲ၊ပြသဿနာတွေကြောင့် စိတ်ဓာတ်မကျပါနဲ့။ ဖြစ်နေရတဲဘ၀ကိုကျေကျေ နပ်နပ်ကြီး လက်ခံလိုက်စမ်းပါ။ ပတ်ဝန်းကျင်ကိုမော့ကြည့်ပြီး ကိုယ်နဲ့နှိုင်းလို့ အားမငယ်ကြပါနဲ့။ ကိုယ့်ကိုကိုယ်လည်း အထင်မသေးနဲ့နော်။ ကိုယ်ကိုကိုယ် အထင်သေးတယ်ဆိုတာ ကျရှုံးမှုတစ်မျိုးပဲနော်။ စိတ်အားငယ်တယ်ဆိုတာ ကြိုတင်ပြီ အရှု့းပေးခြင်တစ်မျိုးပဲနော်။ ၀မ်းနည်းတယ်ဆိုတာ ကိုယ့်ကိုကိုယ် သနားတယ်ဆိုတာ နိမ့်ကျတဲ့ စိတ်ဓာတ်မျိုးနော်။ မင်းတို့ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လှပတဲ့ အရောင်အသွေးစုံတဲ့ ချစ်စရာကောင်းတဲ့ လိပ်ပြာကလေူတွေ ဖြစ်လာမည်ဆိုတာ ယုံလိုက် စမ်းပါကွယ်။
အခုတော့..... စစ်ဗိုလ်ကြီး၊ ပညာတတ်ကြီး၊ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ အရာရှိကြီး။ ကျောင်းဆရာ၊ ဆရာမတွေပေါ့။ အဆိုတော်ကြီး၊ အနုပညာရှင်ကြီး၊ ရုပ်ရှင်သရုပ်ဆောင်ကြီး၊ ပန်းချီဆရာကြီး၊ အယ်ဒီတာကြီး၊ စာရေးဆရာကြီးတွေပေါ့။ ကွန်ပျူတာပညာရှင်ကြီး၊ ကုမ္ပဏီပိုင်ရှင်ကြီး။ စီးပွားရေးပညာရှင်ကြီး၊စတိုးဆိုင်ပိုင်ရှင်ကြီးတွေပေါ့။ လိပ်ပြာလှလှလေးတွေဖြစ်နေကြပြီ။ သူတို့လဲတစ်ချိန်တုန်းက ဘောက်ဖတ်ကလေး ဘ၀ကို ဖြတ်သန်းခဲ့ဖူးတယ်ဆိုတာသိစေချင်တယ်။
ဒါကြောင့်.....
ဘောက်ဖတ်ကလေးရေ...
ငိုမနေနဲ့၊ ၀မ်းနည်းမနေနဲ့၊ ကြေကွဲမနေနဲ့။
သေချင်လောက်အောင်လဲစိတ်ဓာတ်ကျမေနေနဲ့။
မင်း ဟာ တစ်ချိန်ချိန်မှာ မိဘအတွက်၊ ဆွေမျိုးအတွက်၊ ပတ်ဝန်းကျင်အတွက်၊ အမျိုး ဘာသာ သာသနာအတွက်။ လူသားအတွက်၊ကမ္ဘာကြီး အတွက်၊ အသုံးဝင့်မဲ့ အကျိုးပြုမယ့်၊ အဖိုးထိုက်တန်တဲ့ လိပ်ပြာလှလှလေး တစ်ကောင်ဖြစ်လာမယ်ဆိုတာ ယုံလိုက်စမ်းပါကွယ်။ တစ်ခုတော့မှာချင်တယ်။ လိပ်ပြာဘ၀ ရပြီဆိုရင်လည်း လိပ်ပြာတာဝန်ကို ကျေစေချင်တ.်။ အတ္တကြီးတဲ့ လိပ်ပြာ၊ တစ်ကိုယ်ကောင်းဆန်တဲ့ လိပ်ပြာ၊ ၀န်တိုတတ်တဲလိပ်ပြာ၊ ကြွားဝါတတ်တဲ လိပ်ပြာ၊ ဘ၀မေ့တတ်တဲ့ လိပ်ပြာ၊ ဘ၀င်မြင့်တဲ့လိပ်ပြာမဖြစ်စေချင်ဘူး။ ကိုယ်ချင်းစာတတ်တဲ့လိပ်ပြာ၊ မေတ္တာ ကရုဏာရှိတဲ့ လိပ်ပြာ၊ ကိုယ်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်တဲ့ လိပ်ပြာ၊ ဇွဲရှိတဲ့ လိပ်ပြာ၊ ၀ီရီယရှိတဲ့ လိပ်ပြာ အလုပ်ကြိုးစားတဲ့လိပ်ပြာ၊ ဟုတ်ဆောင်မှုကင်းတြ့ လိပ်ပြာ၊ ရိုးသားတဲ့ လိပ်ပြာ၊ လိပ်ပြာအချင်းချင်း အချစ်ခံရတဲ့ လိပ်ပြာလေးတစ်ကောင်ဖြစ်ဖို့ ကြိုးစားစေချင်တယ်။
နောက်တစ်ခု မှာပါရစေဦး။
လိပ်ပြာဆိုတဲ ဘ၀တစ်ခုဟာလည်း အကြားကြီးမဟုတ်ဘူးဆိုတာ သိထားဦးနော်။
ရတဲ့ အချိန်တို အတွင်းမှာ အကောင်းဆုံးတွေကိုဆောင်ရွက်ပါနော်။
ဘောက်ဖတ်နဲလိပ်ပြာ ကလေးတွေမြင်တွေ့တိုင်း...
လူငယ်တွေရဲ စိတ်ထဲမှာ ကိုယ်ဘ၀နဲံ နှိုင်းလို အားမာန်တွေမွေးကြစမ်းပါ။
ဦးဘုန်း (ဓာတု)
နီးနီးဝေးဝေး စာအုပ်မှ
ဘ၀ကို အားငယ်ပြီး စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းတွေ အားမငယ်ကြဖို့.....