Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ချစ်သူမြို့တော်..ကဗျာများအပေါ်အမြင်

$
0
0

မမလေး..ချစ်သူမြို့တော်နဲ့ အလှန်းဝေးခဲ့တာကြာပါပြီ..

ခုတော့ ကျောင်းပြီးပြီမို့..ဒီနေ့ချစ်သူမြို့တော်ထဲမှာ အချိန်အတော်ကြာလည်ပတ်ခဲ့ပါတယ်..

အထူးသဖြင့်..ကိုယ်က ကဗျာဖတ်ဝါသနာပါသူမို့..ကဗျာတွေတော်တော်များများဖတ်ဖြစ်ပါတယ်..။

 

တစ်ချို့ကဗျာများက..တကယ်ကို တန်းဝင်ကဗျာများဖြစ်နေတာတွေ့ရပါတယ်..

မော်ဒန်ကဗျာများလည်း..ဖတ်ရပါတယ်..

တစ်ချို့ကတော့..ဒါကဗျာလားလို့..မေးရမလောက်ပါ…။

 

မမလေးက..မြန်မာစာအဓိကနဲ့ ကျောင်ပြီးပါတယ်..

စာပေဝေဖန်ရေးကို နှစ်သက်ပါတယ်..။ဆရာကြီးဦးအောင်သင်း၊ ဆရာကြီးလူထု ဦးစိန်ဝင်း

တို့ရဲ့ စာပေဝေဖန်ရေးမျိုးကိုခုံမင်ပါတယ်..။

ဒါကြောင့် စာတစ်ပုဒ်.ကဗျာတစ်ပုဒ်ကိုဖတ်ရင်..ဝေဖန်ရေးအမြင်နဲ့ပဲဖတ်ပါတယ်..။

 

မမလေးတို့လို..ခေတ်လူငယ်အများစုက..ဆတ်ဆတ်ထိမခံတတ်ကြတာကို

စာပေလောကမှာ..တွေ့နေရပါတယ်..။

စာပေအနုပညာမှာ..စာပေဝေဖန်ရေးဆိုတာ..တကယ်လိုအပ်ပါတယ်..

စာပေသာမက..နယ်ပါယ်အသီးသီးမှာကို..ဝေဖန်ရေးကိုလက်ခံရပါမယ်..။

ဝေဖန်ရေးဟာ တိုးတက်မှုကိုဖြစ်စေပါတယ်..။

 

ဝေဖန်သူကလည်း..ဓမ္မဓိဓာန်ကျရပါ့မယ်..အဝေဖန်ခံရသူစာရေးဆရာကလည်း

ခံယူရဲကြရပါ့မယ်…။ ဆိုက်တွေမှာတော့ ကော်မန့်တစ်ချို့ဟာ ဝေဖန်ရေးသဘောပါတာ

တွေ့ရပါတယ်…။ဒါကိုလည်း..ခံယူရဲရပါ့မယ်..။

 

စာရေးသူတစ်ယောက်ဟာ..စေတနာအဓိကပါ..။စေတနာမပါပဲ..စာရေးမရပါ..။

စေတနာနဲ့ တစ်စုံတရာပေးရတာပါ။ပေးချင်တဲ့တစ်စုံတရာကို..သီကုံးမှု အတတ်ပညာနဲ့

စာဖတ်သူရင်ထဲ ထည့်ပေးရတာပါ..။စာရေးမချောရင် မရောက်တတ်ပါ.။

ဒါကိုစာရေးခြင်းအတတ်ပညာခေါ်ပါတယ်..။

စေတနာနဲ့ဘယ်လောက်ပေးချင်ပါစေ..အတတ်ပညာမရှိရင်ပေးတိုင်းမရောက်ပါ..

ရသစာပေမှာ..ပိုဆိုးပါတယ်..။

 

ကိုယ့် စာတစ်ပုဒ်ကို..ကောင်းတယ်..ဆိုးတယ် အဝေဖန်ခံရဲတာဟာ

စာရေးသူရဲ့သတ္တိပါ..။ဒါကြောင့် စာတစ်ပုဒ်ဖန်တီးပြီးတိုင်း ကိုယ့်စာကို ကိုယ်ပြန်ဝေဖန်ပါ..

ကိုယ်ကိုတိုင် မကြိုက်ရင်..သူများလည်းမကြိုက်နိုင်ပါ..။

 

စာပေလောကမှာ…ပြောကြပါတယ်..စာတစ်ပုဒ်မရေးဘူးပါပဲ

သူများစာကိုဝေဖန်တယ်…။မှားပါတယ်..။

ဟင်းမချက်တတ်ပေမဲ့ ဟင်းကောင်းမကောင်း သိကြပါတယ်..။

 

ချစ်သူမြို့တော်ရဲ့..ကဗျာများကို ဒီနေ့ဖတ်လိုက်ရသမျှ..ငါးဆယ်ရာခိုင်နုန်းလောက်သော

ကဗျာများဟာ..ကဗျာသိပ်မဆန်တာကို..တွေ့ရပါတယ်..။

ကဗျာရေးမယ်ဆိုရင်..ကာရံရေးမလား..၊ မော်ဒန်လား..၊ စကားပြောကဗျာလား..

ကဗျာရေးသူကိုယ်တိုင်သိရှိနားလည်စေချင်ပါတယ်..။

နောက်တစ်ချက်က..ကဗျာဆရာဖြစ်ပါလျက်..ကဗျာကိုပုံစံလှအောင်မရေးကြပါဘူး

မလိုအပ်ပါပဲ..သံရှည်သင်္ကေတ(………..)တွေလည်းသုံးထားကြပါတယ်..

ဖတ်ရသူ အရသာပျက်ပါတယ်..။

 

အကြံပေးချင်တာကတော့..ကဗျာရေးချင်..ကဗျာဖတ်ပါ..

ကဗျာမဖတ်ပဲ..ကဗျာရေးမရပါ..။စာပေမှာ..အဆိုတစ်ခုရှိပါတယ်..

( စု..တု..ပြု ) ပါ။

စာပေ၀ါသနာအိုးများ ချစ်သူမြို့တော်အတွက်..ကဗျာကောင်း..စာကောင်းများ

ဖန်တီးပေးစေလိုသောဆန္ဒသက်သက်ဖြင့်……….

 

ချစ်သူမြို့တော်ကိုချစ်သော..

မမလေး

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>