သူငယ်ချင်းတို့ရေ
ခေါင်းစဉ်လေးကတော့ “တက္ကသိုလ်” တဲ့နော်. ကျွန်မပြောချင်တာဟာ ပညာရေးတက္ကသိုလ်မဟုတ်ပဲ ကျွန်မတို့လူသားအားလုံး တက်ရောက်
နေရတဲ့ “ဘ၀တက္ကသိုလ်” အကြောင်းလေးပါနော်။ ဘ၀ကို တစ်ချို့ကတိုက်ပွဲ လို့ပြောကြသလို ကျွန်မကတော့“တက္ကသိုလ်” လို့ပြောချင်ပါ တယ်နော်။ ဒါကတော့ တင်စားမှုလို့ပြောလို့ရပါတယ်နော် သူငယ်ချင်းတို့ရေ။ ကျွန်မတို့ ဘ၀ရဲ့ “တက္ကသိုလ်” မှာရုန်းကန်နေကြတယ်လို့ ပြောချင်ပါတယ်နော်။ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်ရင်း စာမေးပွဲဖြေဆိုနေကြတယ်လို့ တင်စားချင် ပါတယ်နော်။ စာမေးပွဲဆိုတာက အောင်မြင်လိုက် ကျရှုံးလိုက်နဲ့ ရှိနေသလိုပဲ နေ့စဉ်ဘ၀ “တက္ကသိုလ်” ကလည်းအောင်မြင်လိုက် ကျရှုံးလိုက်နဲ့ပဲနော်။ တစ်ချို့ကလည်း အခက်အခဲတွေ ဒီလောက်ရှိနေတာ ဘယ်လိုမေးခွန်းတွေကို ပြင်ဆင်ပြီး စာမေးပွဲဖြေရမှန်းကို သိမှာတောင် မဟုတ်ဘူးလေ။ ဒါကြောင့် တစ်ချို့က ကိုယ့်ဘ၀ကိုတောင် အရှုံးပေး၊ လက်မြှောက်လိုက်တာမျိုး တွေရှိနေတယ်နော်။ ဒါပေမဲ့ ဘယ်တော့မှ ဘ၀ကို အရှုံးမပေးပါနဲ့လို့ ပြောချင်ပါတယ်နော်။ နေသလိုဖြစ်နေတဲ့ဘ၀မှာ ဘယ်တော့မှ ဖြစ်သလိုမနေလိုက်ပါနဲ့နော်။ တချို့ ကငါကိုက ကံမကောင်းလို့ ဘ၀က ဒီလိုဖြစ်နေတာလို့ ပြောကြတယ်နော်။ ကံဆိုတာ အမှန်က အလုပ်ပါလို့သတိပေးချင်ပါတယ်နော်။ အထူးသဖြင့် လူကလုပ်တဲ့ အလုပ်လို့တွေးမိရင် “ဘ၀တက္ကသိုလ်” မှာ စာမေးပွဲ အောင်မြင်အောင်ကြိုးစားရမှာဟာ ငါတို့တွေပဲလို့ ကျွန်မပြောချင်ပါတယ်နော်။ ကံကိုပုံမချပါနဲ့။ ကံကမမြင်နိုင်တာတောင်လူတွေက ပုံချဖို့လုပ်နေကြတယ်နော်။ အရှုံးမပေးပါနဲ့ အရာအားလုံး ကကိုယ့်လက်ထဲမှာရှိတယ်ဆိုတာ ကိုသိထားရင် အောင်မြင်မယ်လို့ယုံကြည်ပါတယ်နော်။ ဆရာမသိင်္ခ ပြောထားတဲ့ စကားလေးလိုပဲ “ပြီးသွားမှာပါ” ဆိုတဲ့စကားလေးကို ကျွန်မတို့ တစ်ခါတစ်လေ လက်ခံရမယ်လို့ ထင်မိပါတယ်နော်။ ကျွန်မတို့ကစာမေးပွဲအောင်မြင်ဖို့ စာကျက်ရတယ်။ ကြိုးစားရတယ်။ လုံ့လ၊ ၀ီရိယ ကိုစိုက်ထုတ်ပြီး ဆောင်ရွက်ကြရသလိုပဲ “ဘ၀တက္ကသိုလ်” မှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ဖို့၊ ဂုဏ်ထူးတွေရရှိဖို့ ဆိုတာကတော့ ငါတို့တွေအားလုံးက ကိုယ်တိုင်မေးခွန်းထုတ် ဖြေဆိုရမယ်လို့ ယုံကြည်ထားပါတယ်နော်။ မိမိမေးခွန်းကိုလည်း အမြဲတမ်းအမှန်ကြီးပဲ မသတ်မှတ်ပဲ တခါတလေမှာ သူများထုတ်ပေးတဲ့ မေးခွန်းလေးတွေ ကိုပါဖြေဆိုကြည့်ပါလို့ ပြောပြချင်ပါတယ်နော်။ တစ်ခါတစ်လေမှာ မိမိထုတ်လိုက်တဲ့ မေးခွန်းရဲ့ အဖြေကိုမိမိမရခင် သူများကအရင်ရတတ်မျိုးလည်း ရှိနိုင်တယ်နော်။ ဒါကြောင့် ဘ၀ရဲ့ “တက္ကသိုလ်” စာမေးပွဲကို ဂုဏ်ထူးတွေ အများကြီးရရှိပြီး အောင်မြင်ပါစေလို့ တောင်းဆုပြုရင်း.....................................................
သစ်ရွက်စိမ်း