“အမျိုးဘာသာ” သာသနာ”အတွက် ဘာသာဝင်တိုင်း ဘာသာသွေးဖြင့် လောကကောင်းကျိုး သာသနာကောင်းကျိုးကို အမျိုးသားစိတ်ဓာတ်ဖြင့် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို မြန်မာနိုင်ငံ၌ အဓွန့်ရှည်စွာ ခိုင်မာတည်တည့်နိုင်ရေးသည် အဓိကအရေးကြီးလှသည်။ “သူကဘာလုပ်ပေးမလဲ”ထက် “ကိုကဘာလုပ်ပေးနိုင်မလဲ”ဆိုတာ ဗုဒ္ဓ၏အမျိုးသားရေးစိတ်ဓာတ်ပါပဲ။ ဗုဒ္ဓသည် “ကိုယ့်ကျင့်သိက္ခာမြင့်မာရေး ၊ ဒုက္ခဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်ရေး” တို့ကို နည်းလမ်းအသွယ်သွယ်ဖြင့် ညွှန်ပြတော် မူခဲ့ပါသည်။အထူးပြောဖွယ်မရှိ စာရေးသူအနေဖြင့် ဗုဒ္ဓမြတ်စွာဘုရားသခင်၏ဒေသနာတော် များကို လေ့လာဖတ်ရှုသောအခါ ဗုဒ္ဓသည် လူနတ်ဗြဟ္မာ သတ္တဝါအတွက်ဗုဒ္ဓပွင့်တော် မူရခြင်းဖြစ်သည်ဟုဆို၏။ လူနတ်ဗြဟ္မာသတ္တဝါ တို့သည်လည်း ဗုဒ္ဓသာသနာအတွက်ပဲဖြစ်ချင်းဟာ သဘာဝယုတ္တိရှိပါတယ်။ ယနေ့ မျက်မှောက်လူငယ်အများစုဟာ ဗုဒ္ဓဘာသာဟု အမည်ခံပြီး “ဗုဒ္ဓစာပေများ မဖတ်ခြင်း” ဗုဒ္ဓ၏ စာပေလမ်းညွှန်စာအုပ်များကို မထီမဲမြင်ပြုပြီး ကိုယ်နှင့်မဆိုင်သလို မသိကျိုးကျွန်ပြုခြင်းမှ ဗုဒ္ဓ၏ရည်ရွယ်ချက်ကို ဂဃနဏမသိပဲ ဗုဒ္ဓဝါဒသည် တမလွန်ကောင်းစားရေး သက်သက်ဟု “အထင်မှား” “အယူမှား”ခြင်းဟာ ဗုဒ္ဓ၏ကျေးဇူးတရားများကို စော်ကားရာဖြစ်မှန်းမသိ ဖြစ်နေတတ်၏။ “မက္ခ” ကျေးဇူးကန်းခြင်းမဖြစ်ရလေအောင် ဗုဒ္ဓစာပေများကိုဖတ်ပြီး “ကတညုတ” ကျေးဇူးတရားများကိုသိပြီး “ကတဒေဝီ” သိသည့်အားလျော်စွာ ပြန်ဆပ်နိုင်သူဖြစ်ပါမှလည်း ဗုဒ္ဓပွင့်ရကျိုး နပ်ပေလိမ့်မည်။
ဗုဒ္ဓစာပေများသည် ဗုဒ္ဓ၏ဂုဏ်ကျေးဇူးတရားကို ဖော်ကြူးထားသောကြောင့် ဗုဒ္ဓစာအုပ်များကို “ဖြစ်သလို” ထားခြင်းမပြုရန်အထူးလိုအပ်ပေသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာထွန်းကားသောနိုင်ငံဖြစ်၍ ဘေးဒုက္ခအန္တရာယ် ဖြစ်ပေါ်လာဖွယ်မရှိ။ သို့သော် ယခုမျက်မှောက်တွင် မြန်မာနိုင်ငံသည် ဘေးဒုက္ခအန္တရာယ်များဖြစ်ထွန်းလာသည်ကို ငြင်းဖွယ်မရှိပေ။ သဘာဝ ဘေးဒုက္ခနှင့် ဆင်းရဲအပေါင်းလွတ်မြောက်နိုင်ရန် “ရတနာ”သုံးပါးမှ တခြား မည်သည့်အရာမှ မတတ်နိုင်သည်ကို ယုံမှားဖွယ်မရှိပေ။ တချို့သောသူများသည် ဗုဒ္ဓစာပေများကို လေ့လာပြီး ဗုဒ္ဓ၏သာသနာကို ”တို့ခေတ်”ကျမှမညှိုနွှမ်းစေရန် ရည်ရွယ်၍ “ကိုယ်နိုင်တဲ့ဝန်”ကို တပိုင်တနိုင် ”ငှားနိုင်”ရန် အားထုတ်ပြီး “အမျိုးဘာသာ၊သာသနာ” မြင့်မားလာစေရန် “မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်များသည် “မိရိုးဖလာဗုဒ္ဓများ မဟုတ် တကယ့် အထက်တန်းစားဗုဒ္ဓဘာသာဝင်”အသွင်သို့ကူပြောင်းလာပြီး တစ်ဦးချင်းစရိုက်မှ အမျိုးသားစရိုက်သို့ မလွဲမသွေ ရောက်မှာသံသယမရှိပေ။ တခါတလေ ပြေးကြည့်တာထက် တွေးကြည့်တာမှန်၏။
ကတညုတ“ ကျေးဇူးတရားများကိုသိပြီး မိမိသည် ကတဒေဝီ“ ထိုကျေးဇူးတရားများ သာသနာ့အရေး ကိုယ့်အရေးဟု စိတ်အားဖြင့် မက္ခ ကျေးဇူးတရားကို ကျေးဇူးကန်းရာမရောက်အောင် ဗုဒ္ဓစာအုပ်များကို ပြန်လည်မျှဝေခြင်းသည် ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့ပြန့်ပွါးနိုင်ပြီး ဗုဒ္ဓမြတ်စွာဘုရားကို ကျေးဇူးဆပ်ရာရောက်၏။ ဒီကနေ့ မြန်မာနိုင်ငံရှိလူငယ်များဟာ ဗုဒ္ဓစာပေများကို အားသွန်ခွန်စိုက် လေ့လာဖို့လိုအပ်နေပါပြီ။ လူငယ်များသည် အနာဂါတ်သာသနာအတွက် “ဂရုဓမ္မ”ပြုအပ်ပါသည်။ ဓမ္မ အန္တရယ်သင့်သောသူသည် ဓမ္မနှင့်ကုစားမှရ၏ အခြားနည်းလမ်းမရှိပါ။ အစီးအပွားလည်း ဖြစ်ထွန်းမည်မဟုတ်ပါ။ ဓမ္မအပေါ် အဓမ္မ ဖိစီးနေသမျှ ကာလပတ်လုံး မိမိလည်း အကျိုးမရှိ၊ တိုင်းပြည်လည်းအကျိုးရှိမည်မဟုတ်ပါ။
ခေတ်လူငယ်ပီပီ အသိတစ်ခုကိုထွင်းဖောက်၍ “အမြင်သစ် အမြင်မှန်”သိမြင်ပြီး ခေတ်တစ်ခေတ်တွင် “ ငါ့လှေငါထိုး ပဲခုးရောက်ရောက်” မဖြစ်ရလေအောင် အနာဂါတ်လူငယ်များသည် “နိုင်ငံအတွက် ၊လူမျိုးအတွက်၊ လောကလူသားများအတွက် “အနစ်နာခံပြီး အမျိုးဘာသာသာသနာတော်ကို ဖွံဖြိုးအောင် ဆောင်ရွက်မည်ဆိုပါလျှင် စာရေးသူ၏ အမြင်ဖြင့် “တက်မရှိက လက်နှင့်လှော်မည်”