ရန်ကုန်မြို့  ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင်နေထိုင်သော ဆာမိ ဟုခေါ်သော ။
ကုလားတစ်ယောက် ရှိသည် ။ သူ့ အိမ်သည်အစွန်ဆုံးဖြစ်သဖြင့် သူ့ အိမ်ဘေးတွင် ။
မြေကွက်လပ်သာရှိသည် ။ သူ့ အိမ်၏ခြေရင်းဘက်တွင် ၂ ထပ်တိုက်တစ်လုံးရှိသည်။
ဆာမိ၏အိမ်သည် တဲသာသာ ဆောက်လုပ်ထားသောအိမ်ဖြစ်သည် ။ မိန်းမလည်းမရှိသော။
တကိုယ်ရေတကာရသမားဖြစ်သည် ။
ဆာမိသည် ဆိပ်ကမ်းတခုမှ ကုန်တင်ကုန်ချအလုပ်သမားတစ်ယောက်ဖြစ်သည် ။
နေ့ စဉ် အရက်မူးလာတတ်ပြီး အလုပ်မှအပြန် အိမ်ရောက်သည်နှင့် ထမင်းစားပြီးလျှင် ။
သူပိုင်ဆိုင်သော ကုလားဗုံလေးကိုတီးကာ ကုလားသီချင်းများကို စိတ်ပါလက်ပါ သီဆိုတတ်သည်။
ထိုအချင်းအရာကို တစ်ဖက် ၂ ထပ်တိုက်မှ ၀ရံတာတွင် လေညှင်းခံနေသော သူဌေးလင်မယားက။
နေ့ စဉ်တွေ့ မြင် နေရသဖြင့် အောက်ပါအတိုင်းပြောကြသည် ။
** မိန်းမရေ ကြည့်စမ်းပါဦးကွာ ဆာမိတစ်ယောက် တနေကုမ်အလုပ်သွား ပြန်လာတော့လဲ ။
ထမင်းစားပြီးတာနဲ့  သူ့ ကုလားဗုံ လေးကိုတီးပြီး သီချင်းတွေကိုတပုဒ်ပြီးတပုဒ်ဆိုတော့တာပဲကွာ။
ဆာမိကို ကြည့်ရတာ လွတ်လပ်ပြီးစိတ်ချမ်းသာစရာကောင်းလိုက်တာ **
** `ုဟုတ်ပါရဲ့ တော် သူ့ ကိုကြည့်လိုက်ရင် အမြဲတမ်းပျော်နေတာပဲ စိတ်ဆင်းရဲတာ တစ်ခါမှမတွေ့ ရဘူးနော်။
** ဟုတ်တယ်ကွ လွတ်လပ်တဲ့ပျော်ရွှင်မှု ဆိုတာအဲဒါပဲ ။ အဓိက က စိတ်ချမ်းသာဖို့ ပဲလေ **
တနေ့ တွင် သူဌေး ကတော်ကြီးမှ စိတ်ကူးတစ်ခုရလာသဖြင့် သူဌေးကြီးအားဖွှုင့်ပြောပြ လိုက်သည် ။
** ကျွန်မရှင့်ကိုပြောစရာရှိတယ် **
** ပြောလေ မင်းကဘာဖြစ်ချင်နေလို့ လဲ **
** ဒီလိုပါ ဆာမိကပိုက်ဆံမရှိဘူး ဒါပေမဲ့ သူရတဲ့လုပ်ခငွေလေးသုံးပြီး စားလိုက်သောက်လိုက်နဲ့ ပျော်နေတာ။
ရှုင်လည်းသိတယ်မဟုတ်လား **
** အေးလေ ဘာဖြစ်လဲအဲဒါ **
** သူ့ ကို ကျွန်မတို့ က လိုချင်တာလေးဝယ် ။ စားချင်တာလေးစားလို့ ရအောင် ပိုက်ဆံနဲနဲ လောက်ပေးလိုက်ရင်။
သူပိုပြီးပျော်သွားမယ်ထင်တယ် ။ ရှုင်ဘယ်လို သဘောရသလဲ **
** အေးကောင်းသားပဲကွ သူ့ ခမျာ ရရစားစားဆိုတော့ ဘာမှမ၀ယ်နိုင်ဘူး ပေးလိုက်လေ **
တညနေ ဆာမိအလုပ်မှပြန်လာချိန်တွင် သူဌေးကတော်ကြီးက လှမ်းခေါ်လိုက်သည် ။
** ဟေ့ ဆာမိ လာပါဦးကွဲ့  **
ဆာမိကခြံတံခါးဖွင့်ဝင်သွားပြီး
** အမား ဘာခိုင်းစရာရှိလို့ လဲ **
** ထိုင်ပါဦးကွဲ့  ခိုင်းမလို့ မဟုတ်ပါဘူး မင်းကိုပေးစရာရှိလို့ ပါ **
သူဌေးကတော်ကြီးက ဆာမိရှေ့ သို့  ပိုက်ဆံ ၃ သိန်းကိုချပေးလိုက်ပြီး
** ဆာမိရေ တနေ့ တနေ့  တို့ လင်မယားက မင်းကို မြင်နေရတာ စိတ်ချမ်းသာလွန်းလို့ ။
ဗုံလေးတီးလိုက် သိချင်းတွေဆိုလိုက်နဲ့  အပူပင်ကင်းတဲ့မင်းကိုပိုပြီးပျော်ရွှင် သွားအောင် ။
ဒီပိုက်ဆံတွေပေးတာပဲ ။ ကဲ ယူသွားပြီး မင်းလိုချင်တာတွေဝယ် ။ စားချင်တာတွေဝယ် သုံးချင်တာလဲသုံးပေတော့ **
ဆာမိလည်း ပိုက်ဆံတွေကိုယူပြီး သူဌေးကတော်ကြီးကို ဦးညွှတ် အရိုအသေပေးကာ ထွက်သွားပါတော့သည် ။
နောက်တစ်နေ့ ညနေ သူဌေး လင်မယားဝရံတာတွင် လေညှင်းခံနေစဉ် သူဌေးကြီးက ။
** ဟေ့မိန်းမ ဒီနေ့  ဆာမိဗုံမတီးပါလား ဘာဖြစ်သွားတာလဲကွာ **
** ကျွန်မ မနေ့ က ပိုက်ဆံ ၃သိန်း ပေးလိုက်တယ်လေ သူ သုံးချင်ရာသုံးဖို့ **
** အေးလေ ပိုက်ဆံတွေရလို့ ပိုပျော်ပြီး ဗုံတောင်ပိုတီးရဦးမှာ ခုတော့ဘယ်လိုဖြစ်တာပါလိမ့်**
** ရှင်ကလည်း ပိုက်ဆံတွေကို ဘယ်လိုသုံးရမလဲလို့  စဉ်းစားနေတာနေမှာပေါ့တော်**
** အင်းဒါလည်းဖြစ်နိုင်တာပဲလေ **
၁ ရက် ၂ရက် ၃ရက် သူဌေးကတော်ကြီး ဆာမိ အလုပ်သွားအလုပ်ပြန်ကိုစောင့်ကြည့်နေမိသည်။
အရင်ကဆိုလျှင် ဆာမိ အလုပ်သွားလျှင်ဘာမှမပါ။ အခုတော့ထိုသို့ မဟုတ် ။
လွယ်အိပ်တစ်လုံးကို စလွယ်သိုင်းလွယ်ထားသည် ။ ဆာမိလည်းလုံးဝဗုံမတီးတော့ ။
သူဌေးကြီးကို သူဌေးကတော်ကြီးက ပြောလိုက်သည် ။
** ကျွန်မ အထင်တော့ ဆာမိ တစ်ခါမှမကိုင်ဘူးတဲ့ ပိုက်ဆံတွေ ရသွားပြီး ဘ၀င်မြင့်သွားပြီထင်တယ်**
** အင်းမင်းပြောတာလည်းဖြစ်နိုင်တာပဲ ဒါမှမဟုတ် ဒီပိုက်ဆံတွေနဲ့  တစ်ခြားအလုပ်တွေလုပ်ဖို့ ။
စိတ်ကူးရှိချင်လည်း ရှိနေမှာပေါ့ကွာ ထားလိုက်ပါတော့ ငါတို့ က ဗုံသံမကြားရ သီချင်းဆိုသံမကြားရလို့ ။
စိတ်မကောင်းပေမဲ့ ငါတို့ ပိုက်ပေးတဲ့ပိုက်ဆံနဲ့ သူပျော်နေမယ် အဆင်ပြေနေမယ်ဆိုရင် ပြီးတာပဲကွာ**
၁၀ ရက်လောက်ကြာတော့ ဆာမိက သူဌေးကတော်ကြီးကိုခြံပေါက်ဝကလှမ်းခေါ်ပါတယ်။
** အမား အမား တံခါးခဏဖွင့်ပေးပါ **
သူဌေးကတော်ကြီးက ခြံစောင့်ကိုတံခါးဖွင့်ခိုင်းလိုက်ပါတယ် ။
ဆာမိကိုကြည့်တာ အရင်လိုရွှင်ရွှင်ပြပြ တက်တက်ကြွကြွ မရှိ အိပ်ရေးပျက်ထားသည့်ပုံပေါက်နေသည်မို့ ။
** ဟဲ့ ဆာမိ နင်မအိပ်ဘူးလား နေမကောင်းဘူးလား **
ဆာမိကဘာမှမပြောပဲ ထိုင်ခုံတွင် ၀င်ထိုင်လိုက်ပြီး လွယ်အိပ်ထဲက ပိုက်ဆံ ၃ သိန်းကိုထုတ်ကာ ။
စားပွဲပေါ်သို့ တင်ပေးလိုက်ပြီး အောက်ပါအတိုင်းပြောလိုက်ပါသည် ။
** အမား ဒီပိုက်ဆံတွေနော် ဆာမိကိုကောင်းကောင်း ဒုက်ခပေးတယ် ။ အခုနော်ဒီပိုက်ဆံတွေကြောင့်။
ဆာမိ အိပ်လို့ လဲမပျော်ဘူး စားလို့ လည်းမရဘူးဖြစ်နေမတယ် အမား **
** ပိုက်ဆံက ဘယ်လို ဒုက်ခ ပေးတာလဲ ဆာမိရယ်ရှင်းရှင်းပြောစမ်းပါ **
** ဆာမိနော် ဒီပိုက်ဆံတွေကို လွယ်အိပ်ထဲထည့်ပြီး အလုပ်သွားရတယ် ။
လမ်းသွားရင်းလည်း ပိုက်ဆံပါမှန်း သိတဲ့သူတွေက လုမလားလို့ လည်း စိုးရိမ်နေရတယ် ။
အိမ်ပြန်လာရင်လည်းနော် ကုလားအိမ်ကမလုံခြုံဘူး ဒီပိုက်ဆံတွေကို ခေါင်းအုံးပြီးအိပ်ရတယ် ။
ညထက်ဆိုရင်လည်း လာလုမလားလို့ လည်းတွေးပြီးစိုးရိမ်နေရတော့  အိပ်လို့ မပျော်တော့ဘူးအမား**
အိပ်လို့ မပျော်တော့ စဉ်းစားရင်း စဉ်းစားရင်း အ အိပ်ပျက် အစားပျက်ဖြစ်လာတယ် ။
ဒီပိုက်ဆံတွေကြောင့် ဆာမိနော် ဗုံလည်းမတီးနိုင်ဘူး သီချင်းလည်းမဆိုနိုင်တော့ဘူး ။
နေမကောင်းလည်းဖြစ်ချင်လာတယ် ။ ခုတော့သိပြီ ဒီပိုက်ဆံတွေဆာမိအတွက်မလိုဘူး။
သုံးစရာလည်းမရှိဘူး ၀ယ်စရာလည်းမရှိဘူး ။ ဆာမိပိုက်ဆံနဲ့ လောက်တယ် ။
အရင်လို လွတ်လွတ် လပ်လပ်နဲ့  ဘာမှမရှိတဲ့ ဘ၀မျိုးပဲ လိုချင်တယ် အမား ။
ဒါကြောင့် အမား ပိုက်ဆံတွေကို ဆာမိပြန်လာပေးပါတယ် သွားတော့မယ် ***
ဆာမိ ကသူဌေးကတော်ကြီးကို ကုလားလို ဦးညွှတ် နှုတ်ဆက်ပြီး ခြံထဲမှထွက်ခွါသွားပါတော့သည်။
ထိုညမှာတော့ ဆာမိ၏ အိမ်ကလေးတွင် အရင်လိုပဲ ဗုံတီးသံနှင့် သီချင်းသံပြန်လည်ထွက်ပေါ်လာပါတော့သည်။
ညဖက် ၀ရံတာတွင် သူဌေးကြီးကို သူဌေးကတော်ကြီးက ရှုင်းပြလိုက်ပါသည်။
သူဌေးကြီးက နားထောင်ပြီးမှတ်ချက်ချပါသည် ။
** အေး မိန်းမရဲ့  ဆာမိပြောတာမှန်တယ် ။ မင်းတို့ ငါတို့ မှာ စည်းစိမ်ချမ်းသာပြည်စုံပါရဲ့ ။
လွတ်လပ်မှုကတော့ဆုံးရှုံးနေရတယ် ။ စိုးရိမ်စိတ်တွေနဲ့ ပဲ အသက်ရှင်နေရတယ်။
ငါတို့ ရဲ့ စိတ်တွေက အမြဲပင်ပမ်းနွမ်းနယ်နေရတယ် ။ ဆာမိကျတော့ သူ့ ဘ၀နဲ့ သူပျော်နေတာကို။
ငါတို့ က ပိုက်ဆံပေးပြီးသူ့ အပျော်တွေ လွတ်လပ်မှုတွေကို ဖျက်ဆီးလိုက်သလို ဖြစ်သွားတာ။
တော်သေးတယ် ဆာမိက အမြင်မှန်အသိမှန်ပေလို့  ပေါ့ကွာ ။ အင်းလေ လောကကြီးမှာ ။
လွတ်လပ်မှုဆိုတာ ငွေနဲ့ လဲလို့ မရတဲ့အရာဆိုတာ ငါတို့ သင်ခန်းစာရသွားတာပေါ့ကွာ ။
သူငယ်ချင်းအားလုံးကို
ချစ်ခင်လေးစားလျှက်
ကိုမောင်မောင်