ဒီအကြောင်းလေးကို ရေးမယ်လို့စိတ်ကူးခဲ့တာ ကြာပါပြီ ။ အကြောင်း အမျီုးမျီုးကြောင့် မရေးဖြစ်ခဲ့ပါဘူး ။ သူငယ်ချင်းတို့လဲ ဒိစာလေးကို ဖတ်ပြိးတော့ အတုယူမယ် အသိတရားတခု ရလိုက်မယ်ဆိုရင် စာပေဖြင့် လောက အကျိုးကို ဆောင်ရွက်ရကျိုး နပ်မှာပါ
လွမ်းပုံပြင်လေးကတော့.....................ပဲခူးရိုးမရဲ့နောက်ဘက်ချမ်းတနေရာက ကျောက်တွင်း မြိုင်သာယာ ထူးကုန်းဆိုတဲ့ ရွာလေး သုံးရွာရဲ့ အလယ်မှာ တည်ရှိနေတဲ့ အလယ်တန်းပြ ကျောင်းကစရ မှာပါ ။ ဒီကျောင်းလေဟာ သုံးရွာထဲတင် မဟုတ်ပဲ ဘေးနားပတ်လယ်က ရွာလေးတွေကပါ လေးစားရတဲ့စာသင်ကျောင်းလေးပါ ။ စာသင်ကျောင်းလေးဟာ အသင်အပြကောင်းသလို စည်းကမ်းလဲ အင်မတန်ကောင်းပါတယ် ။ ပိုပြိးတော့ ထူးခြားတာက အဲဒီ့မှာ စာသင်နေတဲ့ ဆရာမလေး မူမူချို ရှိနေတာလဲ အပါအ၀င်ပေါ့ ။ သူက စိတ်ထားလဲကောင်းသလို ချောတာလှတာလဲ အင်မတန် ကြက်သရေ ရှိပါတယ် ။ လမ်းလျှောက်တာက အစပေါ့ ။ သူက ချင်းပြည်နယ် ကလေးမြို့က လာပြီး တာဝန်ထမ်းဆောင်တဲ့ ဆရာမလေးပေါ့ ....မူမူချို .....
ကိုသာအေး........ကိုသာအေးက ကျောင်းဘေးနာက ယာတဲအိမ်လေးမှာနေတယ် ။ စာသင်ကျောင်းနဲ့ ကပ်ရက်ပေါ့ ။ သူကတော့ ကျောင်းရဲ့ကိစ္စတွေကို စေတနာရှေ့ထားပြိးတော့ ထမ်းဆောင် နေတာပေါ့ ။ ကျောင်းမှာ ကလေးတွေ သောက်ရေကအစ သူခပ်ပေးတာ ။ ဆရာမလေး မူမူချီု ရောက်ခင်ကတဲက လေ ။ ဆရာမလေးရောက်လာတော့လဲ သူကအ၀င်အထွက် မပျက်ဘူး ။ သူလုပ်စရာ ရှိတာလုပ်နေတာပဲ ။ သူကလူပျိုလူလွတ် ချစ်တတ်တဲ့အသဲသူမှာရှိတယ် ။ ဆရာမလေးကို သူတအားချစ်တယ် ။ ဒါပေမဲ့ ဖွင့်မပြောခဲ့ဘူး ။ ဒါကို ဆရာမလေးကလဲသိတယ် ။ ပတ်ဝန်းကျင်ရွာက လူတွေအားလုံးစိတ်ဝင်စာနေတာလေ ။ ဆရာမလေးက ချောလဲချော စိတ်ထားလေးကလဲကောင်းတယ်လေ ။ အဲတော့ ၀ိုင်းဝိုင်းလယ်နေတော့တာပေါ့ ။
ကျေိာစိုးထွန်း .....သူကတော့ အဲဒီ့နားပတ်ဝန်းကျင်က ရွာတွေကိုအုပ်ချုပ်နေရတဲ့ ဥက္ကဌရဲ့ တဦးတည်းသော သား ။ အိမ်ထောင်ပျက်ပေါ့ ။ အိမ်ထောင်ပျက်ဆိုတော့ သူလဲလွပ်လပ်သူပဲလေ ။ ဆရာမလေးကို ချစ်တဲ့အထဲမှာ သူကရှေ့ဆုံးက လိုက်တဲ့သူ ။ ဆရာမလေးကလဲ သူ့အကျင့်စရီုက်ကို မကြိုက်တော့ လုံးဝလက်မခံပါဘူး ။ အဲတော့ ထုံးစံအတိုင်း လူဆိုးတွေနဲ့ မောင်တိုင်ပင်ပေါ့ ။ ဒီလိုနဲ့ အဲဒီ့ပုံပြင်လေး ဖြစ်ခဲ့ရတယ် ဆိုပါတော့
ကျော်စိုးထွန်းက .....ဆရာမလေးကို အလစ်ချောင်းနေတယ် ။ တနေ့ သူမျှော်မှန်းထားသလို ဆရာမလေးကို တယေါက်ထဲနောက်ကျ ပြိးမှ ထွက်လာတာတွေ့ လိုက်တော့ သူ့သူငယ်ချင်းသိန်းစိုးနဲ့အတူ ဆရာမလေးကို ချုပ်နျောင်ပြိးတော့ ပုခုံးပေါ်မှာထမ်းပြိး ပဲခူးရီုးမထဲကို ၀င်သွားခဲ့တယ် ။ ဒီသတင်းကို ကြားကြားချင်းပဲ ကိုသာအေးဟာ နောက်က လိုက်သွားခဲ့တယ် ။တောထဲမှာ အချိန်အတော်ကြာ ရှာနေပေမဲ့ ဘာအရိပ်ယေါင်မှ မတွေ့ဘူး ။သူကလဲ ချစ်စိတ်မွန်နေတော့ သေချာမစဉ်းစားမိလိုက်ဘူး ။ မိုးအတော်ချုပ်မှ သေချာပြန်စဉ်းစားတော့ ကျော်စိုးထွန်းတို့ ယာတဲကိုသွားသတိရတယ် ။ သူသဘောပေါက်သွားတယ် ။ ဒါနဲ့ကျော်စိုးထွန်းတို့ ယာတဲကို ဖြတ်လမ်းကနေလိုက်တော့တာပေါ့
ကိုသာအေးတို့ ဘ၀ပေးကုသိုလ်ကံ မကောင်းခဲ့တော့ ကျော်စိုးထွန်းတို့ ယာတဲနားအရောက်မှာ မြွေကိုက်ခံလိုက်ရပါတယ် ။ ကိုက်တဲ့မြွေကလဲ မြွေဟောက် ။ ဒါပေမဲ့ ကိုသာအေးဟာ ချစ်စိတ်နဲ့ ဆရာမလေးရှိနေတဲ့ ယာတဲကိုရောက်အောင်သွားခဲ့တယ် ။ ထင်တဲ့အတိုင်းပဲ ယာတဲထဲမှာ ကျော်စိုးထွန်းတို့ ရှိနေခဲ့ပါတယ် ။ ကိုသာအေးက ဒီလိုမလုပ်သင့်ကြောင်းပြောနေတဲ့အချိန်မှာ သိန်းစိုးက မဆိုင်ရင် ၀င်မပါသင့်ကြောင်းပြောရင်းက ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ် ။ အစကတဲက မြွေကိုက်ခံရလို့ အဆိပ်တက်နေပြီ ဖြစ်တဲ့ကိုသာအေးဟာ သိန်းစိုးရဲ့ ဓါးချက်တွေကို မရှောင်နိုင်ခဲ့ပါဘူး ။ သိန်းစိုးကလဲ မူးနေတဲ့အရှိန်ကြောင့် လုပ်ပေမဲ့ လုပ်ရဲတဲ့ကောင်မဟုတ်လို့ သေကွင်းသေကွက်တွေကိုမထိပဲ ခြေထောက်ကိုခုတ်မိလိုက်ပါတယ် ။ အဲဒီ့အချိန်မှာ ကျော်စိုးထွန်းဟာ သတိမေ့ပြီး အပြင်ကို ထွက်တုန်း ဆရာမလေးက ထွက်ပြေးလွတ်မြောက်သွားပါတယ် ။ ဒါပေမဲ့ ဆရာမလေးဟာ တခါ အစော်ကားခံခဲ့ရ ပြီးပါပြီ ။ ကျော်စိုးထွန်းတို့လဲ အမူ့တွေ ဖြစ် ထောင်တွေကျပေါ့ ။ ကိုသာအေးကလဲဆေးရုံတက် ကုသမူ့ ခံယူ မြွေကိုက်လို့ ကျောက်ကပ်ပျက်စီးပြီး ဒီတသက် ကလေးမရနိုင်တော့ ပါဘူး .။ သိန်းစိုးရဲ့ဓါးချက်ကြောင့် ညာဘက် ခြေထောက်တခုလဲ ဆုံးရှုံးသွားခဲ့ရပါတယ် အားလုံး ငြိမ်းချမ်းသွားတဲ့အချိန်ကျတော့ ..........
ဆရာမလေးဟာ လူကြီးသူမတွေနဲ့အတူ ကိုသာအေးရဲ့ယာတဲလေးကိုရောက်လာပါတယ် ။ ဆရာမလေးက သူဟာ ကိုသာအေးကို ချစ်မြတ်နိုးနေခဲ့တာ ကြာပြီး ဖြစ်တဲ့အကြောင်း ဒါပေမဲ့ သူဟာ အိမ်ထောင်ပျက်တယေါက်မလို့ သူ့ခန္ဒာကိုယ်ကို သူချစ်တဲ့သူဆီ မပေးလိုတဲ့အကြောင်း နဲ့ ကိုသာအေးကို လက်မထပ်နိုင်တာ ခွင့်လွတ်စေချင်ကြောင်း အားလုံးရဲ့ရှေ့မှာတောင်းပန်ပါတယ် ။ ရွာကလူတွေကော ပတ်ဝန်းကျင်က လူတွေပါ ဆရာမလေးက မုသားသုံးပြီး လှည့်ထွက်သွားတယ်လို့ ထင်ခဲ့တယ် ။ ဒါပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ ဆရာမလေးရဲ့ ချစ်မေတ္တာကို အားလုံးနားလယ်လာကျပါတယ် ။ ဆရာမလေးဟာ ၀ါခေါင်လဆန်း ၁ ရက်နေ့ဆိုရင် ကိုသာအေးဆီကို မပျက်မကွက် ရောက်အောင်လာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ ။ ကိုသာအေးရဲ့ ကိစ္စအ၀အ၀ကို တာဝန်ယူသလို သူကလဲ ဘယ်တော့မှ အိမ်ထောင်မပြုတော့ ပါဘူးတဲ့လေ ။ အခုဆိုရင် ကိုသာအေးဟာ ၀ါခေါင်လဆန်း ၁ ရက်နေ့ကို မျှော်နေတတ်သလို ဆရာမလေး မူမူချိုကလဲ ရောက်ရာ အရပ်ကနေ မဖြစ်ဖြစ်တဲ့နည်းနဲ့ လာနေတုန်းပါပဲ ....တကယ် အချစ်စစ်လို့ ခေါ်တွင်လို့ရသလို လေးစားထိုက်တဲ့ လူတွေလို့လဲ သတ်မှတ်လို့ ရပါတယ် ....
ဒီလွမ်းပုံ ပြင်လေးမှာ သူငယ်ချင်းတို့ကို ပေးချင်တဲ့ သိစေချင်တဲ့ အကြောင်းက အချစ်ကို တန်ဖိုးထား နားလယ်တတ်ဖို့ ။ ကို့ကြောင့် ကို့ချစ်သူဘာတွေ ဖြစ်ကျန်ခဲ့မလဲဆိုတာကို မလုပ်ခင်ကတဲက ကို့ကိုယ်ကို အရင်မေးပါ ။ဘာလုပ်သင့်တယ် ဆိုတာကို ဆုံးဖြတ်ပါ ။ ဒါလေးကို သိပြီ နားလယ်ပြီဆိုရင် ချစ်သူတွေဘ၀ အိမ်ထောင်သည်တွေ ဘ၀မှာ သာယာဖြောင့်ဖြူးနိုင်ကျမှာပါ .သူငယ်ချင်းတို့ အားလုံး ရွင်လန်းချမ်းမြေ့ပါစေ လို့ ဆုတောင်းရင်း.............
စာပေဖြင့် လောကအကျိုးကို သယ်ပိုးနိုင်တဲ့လူ ဖြစ်ရပါစေလို့ ဆုတောင်းရင်း