Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ဖျော်ဖြေပွဲကျင်းပခွင့် မပြုတော့

$
0
0

အနုပညာ ဖျော်ဖြေပွဲများကို သုဝဏ္ဏမိုး လုံလေလုံအားကစားရုံမှာ ကျင်းပဖို့ အားကစားဝန်ကြီးဌာနက ခွင့်ပြုချက် မပေးတော့ဘူးလို့ အားကစားကွင်းရုံ ညွှန်မှူး ဦးကျော်စန်းက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ဖျော်ဖြေပွဲတွေကိုတော့ လောလောဆယ်ခွင့်မပြုဘူး။ မသန်စွမ်းအဖွဲ့ချုပ် ရန်ပုံငွေပွဲကစပြီး ခွင့်မပြုတာ။ အားကစားရုံပျက်စီး မှုကြောင့် ဖြစ်ပါလိမ့်မယ်။ ယာယီခွင့်မပြုတာလား၊ အပြီးခွင့်မပြုတာလားဆိုတာတော့ လူကြီးတွေပေါ်မှာပဲ မူတည်ပါလိမ့်မယ်" လို့ပြောပါတယ်။

"အခုက ဖျော်ဖြေပွဲတွေတော်တော်များများ အဲဒီမှာလုပ်တော့ ကွင်းကလည်း တော်တော်လေးပျက်စီးနေပြီ။ ကြမ်းပြင် ပျက်စီးတာ ကြောင့် ဖြစ်ပါလိမ့်မယ်။ ဆီးဂိမ်းကျရင် နိုင်ငံတကာပွဲလုပ်မှာ ဆိုတော့ အဲဒါကြောင့်လည်း ဖြစ်ပါလိမ့်မယ်"လို့လည်း ဦးကျော်စန်းက ပြောပါတယ်။

သုဝဏ္ဏအားကစားရုံမှာ မြန်မာနိုင်ငံ မသန်စွမ်းသူများအတွက် ရန်ပုံငွေဖျော် ဖြေပွဲကို လာမယ့် ဇန်န၀ါရီလ ၂၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်နေတဲ့ ဘိုဘိုအန်တာတိန်းမန့်မှ ကိုဘိုစန်းကလည်း ပွဲခွင့် ပြုချက်မရဘူးလို့ ပြောပြပါတယ်။

"ဒီနေရာက ပရိသတ်တွေရော ကျွန်တော်တို့အတွက်ပါ အဆင်ပြေတယ်လေ။ သွားရလာရတာလည်း အဆင်ပြေတယ်။ နောက်ပြီး ခမ်းခမ်းနားနားနဲ့ လူအများကြီးလည်း ကျင်းပလို့ ရတယ်။အဲဒီနေ့မှာလုပ်မယ့်ပွဲအတွက် ရန်ကုန်တိုင်းရုံးက ခွင့်ပြုတယ်။ နေရာက မကျ ဘူး။ အခုဘယ်နေရာရွေ့ရမှန်းမသိသေးဘူး"လို့ ပြောပါတယ်။

မိုးလုံလေလုံအားကစားရုံမှာ နောက်ဆုံး ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲမှာ ဒီဇင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ပြေတီဦး ဖောင်ဒေးရှင်း ရန်ပုံငွေပဲ ဖြစ်ပါတယ်။ လတ်တလောမှာ ဖျော်ဖြေပွဲများကို လက်မခံပေမယ့် အားကစားပွဲတွေကိုတော့ ကျင်းပနိုင်တယ်လို့ သိရပါ တယ်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>