ဘလော့ဂါဒေး အထိမ်းအမှတ်စကားစစ်ထိုးပွဲကို
အဆိုကိုထောက်ခံသူနှင့် ကန့်ကွက်သူအတွဲလိုက်..နေ့စဉ်
ဆက်လက်တင်ပြပေးပါမည်..။
ကော်မန့်များနှင့် အားပေးကြပါ။
ထောက်ခံသူခေတ်သစ်မင်းနန္ဒာနှင့် ကန့်ကွက်သူမိုးမခတို့အတွဲပါ..
..................................................................................
ရွှေမြို့တော်ရဲ့ ဘလော့ဂါဒေး အထိမ်းအမှတ် စကားစစ်ထိုးပွဲမှာ ပါဝင်ဆင်နွဲခွင့်ရလို့
အက်မင်များ မင်ဘာများကို အထူးပဲကျေးဇူးတင်ပါတယ်..ကျွန်တော်ကတော့ခေတ်သစ်မင်းနန္ဒာပါ..။
အက်မင်များ..မင်ဘာများခင်ဗျာ..
ကျွန်တော်ဒီအဆိုကိုထောက်ခံတယ်ဗျာဟုတ်တယ်ခင်ဗျာ.. ယနေ့လူငယ်တော်တော်များများအင်တာနက်ကိုသုံးစွဲကြတယ် ကောင်းကျိုးထက်ဆိုးကျိုးတွေကြည့်ပဲလေ....
လူငယ်တွေအင်တာနက်သုံးတယ်ဘာတွေဆိုးကျိုးဖြစ်လဲဆိုတော့
အခုအင်တာနက်ကို၁၀နှစ်သားကလေးကစသုံးတယ်.. ကျောင်းပညာသင်ချိန်အင်တာနက်မှာဂိမ်းကစားရင်အချိန်ကုန်တယ် ...
ကျောင်းစာကိုစိတ်မဝင်စားတော့ဘူးပျော်တာတော့ပျော်တာပေါ့..
သူတို့ဆိုတာအနာဂတ်ရဲ့ကြယ်ပွင့်လေးတွေ
သူတို့ရည်မှန်းချက်လမ်းတွေပျောက်လာတယ်အဲဒါဆိုးကျိုးပဲ....
လူငယ်တွေအင်တာနက်သုံးတယ်
ကောင်းတာကရာခိုင်းနှုန်းတစ်ရာမှာဆယ်ရာခိုင်းနှုန်းပါပဲ ဆိုးကျိုးကများပါတယ်
အင်တာနက်သုံး မဟုတ်တာအတုခိုးကိုယ်ကျင့်သိက္ခာတွေပျက်လာတယ်ဆိုးကျိုးတွေပဲ...
မိန်းကလေးတွေအနောက်နိုင်ငံကသရုပ်ပျက်အဝက်စားကိုအတုယူမလုံတစ်လုံတွေဝတ်
အရက်သေစာသောက်စားတယ်မိမိယဉ်ကျေးမူကိုကြအထင်မကြီးတော့ဘူး
ဆိုးကျိုးတွေပဲအများကြီးနစ်နာတယ်...
အက်မင်များ..မင်ဘာများခင်ဗျာ..
နောက်ရှိပါသေးဗျာ အင်တာနက်သုံးချက်တင်တက်ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်ထား
အချစ်ဈေးပွဲတော်အတိုင်းပဲအရင်ကလိမ်မာလိုင်းပေါ်ကျပလီပလာနဲ့မုသားသုံး
နောက်ဆုံးသေရင်ငရဲလားမှာမသိဆိုးကျိုးတွေဆိုးကျိုး...
တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတစ်ဖက်လူကတကယ်ချစ်တော့တစ်ဖက်ကပေါ့ပျက်ပျက်နဲ့
တကယ်ချစ်တော့ခံစားရဘဝပါပျက်အရက်သမားလုံးလုံးကိုဖြစ်ရော အင်တာနက်ဆိုးကျိုးလေဗျာ....
ကဲဟိုတစ်နေ့ကပျင်းတာနဲ့သုံးတယ်လူကိုမိန်းကလေးအထင်လာကျုတယ်ဘယ်လိုမှရှင်းပြမရဒုက္ခဗျ...
ဘာမှမခွဲခြားတက်တော့ဘူးတွေ့ရင်ကျူမယ်ဆိုတာပဲအင်တာသုံးခြင်းဆိုးကျိုးပေါ့...
နောက်တစ်ခုဗျာကောင်မလေးတစ်ယောက်ကခေါ်လိုက်တာများအန်ကယ်တဲ့
တစ်ကယ်တမ်းကွာလှတစ်နှစ်ပေါ့ လုပ်ကြအုံးဗျအခုမှလူပျို
အင်တာနက်သုံးခါမှအန်ကယ်အခေါ်ခံရတာဆိုးချက်..ဒီထက်ဆိုးကျိုးမရှိတော့ဘူး....
လူငယ်အင်တာနက်သုံးဆိုးကျိုးကများတယ်အချိန်ကကုန်ငွေကကုန်
ဒီထဲဗျာအချူဇယားနဲ့တွေ့အင်း..လုံးပါးပါးပြီဆိုးကျိုးတွေသာပါပဲဗျာ.....
ခေတ်သစ်..မင်းနန္ဒာ(ရွှေမြို့တော်)
........................................................................................
ရွှေမြို့တော်ရဲ့ ဘလော့ဂါဒေး အထိမ်းအမှတ် စကားစစ်ထိုးပွဲမှာ ပါဝင်ဆင်နွဲခွင့်ရလို့
အက်မင်များ မင်ဘာများကို အထူးပဲကျေးဇူးတင်ပါတယ်..ကျွန်မကတော့ မိုးမခဖြစ်ပါတယ်..။
အက်မင်များ..မင်ဘာများရှင်..
အင်တာနက် သုံးစွဲခြင်းသည် လူငယ်များကို ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်
စေသည်ဟူသောအဆိုကိုကန့်ကွက်ပါသည်။
ပွင့်လင်းမြင်သာ ခေတ်မှီတိုးတတ်နေသောခေတ်ကြီးတွင်လူငယ်နှင့်
အင်တာနက်သည်ဒွန်တွဲတည်ရှိ နေပါသည်။
လူငယ်များသည်မိမိဘဝတိုးတတ်မှုအတွက်အင်တာနက်ထဲမှနေ၍ပညာရေးကဏ္ဍများ ၊
စီးပွားရေးကဏ္ဍများ၊လူမှုရေးကဏ္ဍများကိုအသုံးပြုရပါသည်။
အင်တာနက်ထဲမှနေ၍မိမိ၏ကိုယ်ပိုင်အရည်အချင်းကိုတင်ပြခဲ့၍အောင်မြင်သော
အနုပညာရှင်လူငယ်များအတတ်ပညာရှင်လူငယ်များ အများအပြား
ပေါ်ထွက်လာခဲ့ပါသည်။
အင်တာနက်ကောင်းကျိုးကြောင့်နိုင်ငံပေါင်းစုံမှ
ပညာရေးဘွဲ့များကိုOnlineမှသင်ကြားနိုင်ပါသည်။အင်တာနက်၏အကြီးစား
Online ကွန်ယက်ဖြစ်သောfacebookထဲမှနေ၍ နိုင်ငံပေါင်းစုံ ၊
လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ၊ထိတွေ့ရင်းနှီးခွင့်ရပြီး
တစ်ဦးနှင့်တစ်ဦးပညာများဖလှယ်နိုင်ပါသည်။
အင်တာနက်ကောင်းကျိုးကြောင့်သာလူငယ်အားလုံးOnlineတွင်ခင်မင်ခွင့် ၊
ချစ်ခင်ခွင့်ရကြ ပါသည်။ကျွန်မသည်လည်းအင်တာနက်ကောင်းကျိုးကြောင့်
ရွှေမြို့တော်တွင်ကမ္ဘာအနှံ့အပြားရှိရွှေမြန်မာများ၊လူသားများကို
စာပေဖြင့်တင်ပြခွင့်ရခြင်းဖြစ်ပါသည်။
လူသည်အသိဥာဏ်ရှိလူသားဖြစ်၍
အင်တာနက်ဆိုးကျိုးများကိုမိမိအသိစိတ်ဖြင့်ပယ်ဖျက်၍မိမိဘဝ
အတွက်ကောင်းကျိုးကိုအခြေခံကျကျအဆင့်မြင့်မြင့်ရှာဖွေယူရမည်ဖြစ်ပါသည်။
ကောင်းကျိုးများသောအင်တာနက်ကိုသုံးတတ်လျှင်ဆေးဖက်ဝင်၍မသုံးတတ်လျှင်
ဘေးဖြစ်မည် ဖြစ်ပါသည်။
အဆိုးနှင့်အကောင်းတွဲနေသောနေရာတိုင်းတွင်အကောင်းကိုရအောင်ယူ၍အဆိုးကိုပယ်ရမည်
ဖြစ်ပါသည်။အင်တာနက်ထဲမှမကောင်းသည့်မြူဆွယ်မှုသည်မိမိအပေါ်မူတည်သည်
မိမိစိတ်ကသတိရှိလျှင်မည်သည့်ပြဿနာမှမပေါ်ပေါက်နိုင်ပါ။
မည်သည့်ပြဿနာဖြစ်စေမိမိကစတင်မှသာဖြစ်ပေါ်နိုင်ပါသည်။
Online တွင်ဆိုးကျိုးများကိုမိမိဘာသာလေ့လာ ဖယ်ရှားရပါမည်။
လူငယ်ဖြစ်၍အမြဲသက်ဝင်လန်းဆန်းဥာဏ်ရည်စွမ်း နေရပါမည်။
လူငယ်တစ်ဦး၏အင်တာနက်ထဲတွင်လုပ်ဆောင်ချက်သည်
သူ့သဝသူ့အနာဂတ်အတွက်များစွာကောင်းကျိုးဖြစ်စေပါသည်မိမိ၏အတွေးအခေါ် ၊
မိမိ၏အရင်းအမြစ်စွမ်းအင်၊မိမိ၏တတ်သိနားလည်ပါးနပ်လိမ္မာဥာဏ်
ထက်မြက်ခြင်းသည်အင်တာနက်ထဲ၌ကောင်းကျိုးများအခွင့်အလမ်းများစွာရပါသည်။
လူငယ်တိုင်းသည်အင်တာနက်ကိုသုံးစွဲခြင်းဖြင့်မိမိအတွက်ဆိုးကျိုးထက်
ကောင်းကျိုးကို ရပါသည်။ထို့ကြောင့်အင်တာနက်သုံးစွဲခြင်းသည်
လူငယ်များကိုကောင်းကျိုးထက်ဆိုးကျိုးသာဖြစ်စေသည်ဟူသောအဆိုကို
လုံးဝကန့်ကွက်ပါကြောင်းတင်ပြရေးသားအပ်ပါသည်။
ရေးသားသူ မိုးမခ ( ရွှေမြို့တော် )
လေးစားလျှက်
အောင်ထက်