ရှက်မိပါတယ်ဆိုတော့ ဒီကောင်တော့လူဘုံအလယ်ပုဆို့းကျွတ်ကျလေသလားမထင်ပါနဲ့။အဲ့ထက်ဆိုးလို့ ကိုရှက်မိတာပါ။ ဘာအကြောင်းလဲဆိုတော့ခေတ် ရေစီးကြောင်းအရ ကျွန်တော်တို့မြန်မာ့ယဉ်ကျေးမှု တစစ ပြက်ဆီးစ ပြုလာခဲ့ပါပြီ။ ယဉ်ကျေးမှုပျက်ဆီးယုံပဲလားမဟုတ်သေးပါ ဘူး အဲ့ဒီ ယဉ်ကျေးမှုပြက်ခြင်း ဂယက်က ဘာသာတရားကိုပါ ရိုက်ခက်လာပါ ပြီ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ နေ့ကောင်းရက်မြက် အခါကြီးရက်ကြီးတွေမှာ ဗုဒ္ဓဘာသာမြန်မာလူငယ်အများစုအနေနဲ့ဘာတွေလုပ်နေကြသလဲ။ဒီလိုပဲမေးလိုက် ချင်ပါတယ်၊ ကျွန်တော်သူများကိုမကောင်းပြောတာမဟုတ်ပါဘူး ကြီးကြီးကျယ်ကျယ် တွေလျှောက်ရေးနေတာလဲမဟုတ်ပါဘူး။အားလုံးသိတဲ့အတိုင်း ဘာသာရေးကို အထူးကိုင်းရှိင်း ရမယ့်နေ့တွေ ဖြစ့်တဲ့ သင်္ကြန်တွင်းနေ့တွေ မှာ အထင်းသားမြင်တွေ့နိုင်ပါတယ်။မြန်မာ့ယဉ်ကျေးမှု ဘယ်ရောက်နေမှန်းမသိတော့ပါဘူး။စီးပွားရေးသမားတွေကလဲ သူ့မဏ္ဋပ်လူများများလာအောင်ဘီယာတွေတိုက်ကြ သွားတဲ့သူတွေက တိုက်တော့သောက်ကြ သောက်တော့မူးကြပြန်ရော မူးကြတော့သောင်းကျန်းကြ မိန်းကလေးတွေလဲ မိန်းမသိက္ခာ ဆိုတာရှာလို့မတွေ့အောင်ဖြစ်နေကြတယ်။ကျွန်တော့်နှမတွေသာဆို ပြေးသာရိုက်လိုက်ချင်တယ်။အဲ့လိုလူမှန်းသူမှန်းမသိအောင်ဖြစ်နေကြတော့ ရန်မဖြစ်ပဲနေတော့မလား ရိုက်ကြနှက်ကြ ကံကောင်းလို့မသေရင်အချုပ်ကျ ထောင်ကျ ဖြစ်ရတာနဲ့။ဒီလိုတွေဆိုတော့ ရလာဒ်က ဘယ်သူ့အတွက်ကောင်းလဲ မသမာသူတွေအတွက်ပဲကောင်းတယ်။ဒီလိုအဖြစ်တွေ ကမ္ဘာကသိရင် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ အင်မတန် ရှက်ဖို့ကောင်းပါတယ်။တရားစကားနဲ့ပြောရရင် "တစ်နှစ်ကုန်လို့တစ်နှစ်ပြောင်းတာသေဖို့တစ်နှစ်နီးလာတာပဲ"ဆရာတော်ကြီးတပါးကပြောဖူးပါတယ်။အဲတာကို သေရမှာပျော်နေလိုက်ကြတာ။အဲ့လိုပါပဲ နေ့ကြီးရက်မြက်ရောက်ပြီဟေ့ဆို လူငယ်အများစု အကျင့်တွေ ပျက်ကုန်ပြီ။
ယဉ်ကျေးမှုကိုထိန်းသိမ်းဖို့ အဓိက တာဝန်ရှိတာ အနုပညာရှင် လို့ခေါ်တဲ့ စံပြပုဂ္ဂုလ်တွေပဲဖြစ်ပါတယ်။ အဲ့တာကိုသူတို့တွေကရှေ့ဆောင်လမ်းပြလုပ် ပြီးအမျိုးမျိုးသောနည်းတွေနဲ့ မြန်မာ့ယဉ်ကျေးမှုကိုဖြက်ဆီးနေကြပါတယ်။ အထူးသဖြင့်မင်းသမီးတွေ ၀တ်လိုက်ကြတာ မြန်မာပြည်မှာ အ၀တ်အထည်တော်တော် ရှားသလားထင်ရတယ် မ၀တ်ပဲနေလိုက်ကြပါလားလို့ ပိုလှတာပေါ့။ evening dress ဆိုတဲ့ဟာတွေ ထမီရင်ချားတွေ လားထင်ရတယ်။ ကိုယ့်မြန်မာဝတ်စုံလေး ပွဲတက်ကြပါလား ကျက်သရေကိုရှိနေမှာ။ အဲ့လိုဝတ်တဲ့သူကျတော့ နိုင်ငံခြားသားတစ်ယောက်လို ၀ိုင်းကြည့်ကြတယ် ။လှလို့ကြည့်တာတဲ့ လှတယ်ထင်ရင်လိုက်ဝတ်ကြပါလား ဘာလို့မ၀တ်လဲ။ ကိုယ့်ဝတ်စုံကိုယ်ဝတ်တာဘာထူးဆန်းလဲ။ထူးဆန်းတာက ၀တ်တဲ့သူမဟုတ်ဘူး ကြည့်တဲ့သူတွေ သူတို့ကိုသူတို့ ကိုရီးယားကပဲလာသလို အမေရိက ကပဲ လာခဲ့သလို အထူးအဆန်းလုပ်ပြနေလိုက်ကြတာ။ပြီးတော့လဲ ဟိုမီဒီယာ ဒီ မီဒီယာ အာပလာတွေကလဲ ၀ိုင်းဗျူးလိုက်ကြပြန်ရော မြန်မာဝတ်စုံလေးနဲ့ ပွဲတက်ရတာဘယ်လိုနေလဲတဲ့။ဘယ်လိုနေရမလဲ ဘယ်လိုမှနေဘူးပေါ့ ကိုယ့်ဝတ်စုံကိုယ်ဝတ်တာပဲအဲလိုလဲဗျူးကြရော ဖြေတဲ့သူက အဟုတ်ကြီးမှတ်ပြီး “ကောင်းပါတယ် ဘာဖြစ်ပါတယ် ညာဖြစ်ပါတယ်နဲ့” ဖြေနေလိုက်ကြတာ။ သူ့အရပ်နဲ့သူ့ဇာတ်ကတော့ ဟုတ်နေတာပဲ။
သူများအတင်းချပြီးတော့ ကိုယ့်အိမ်က အတင်းကိုယ်ပြန်ချလိုက်ဦး မယ်……။
အိမ်ကအငယ်ကောင်ညီတော်မောင် ၀ါဆိုလပြည့်နေ့ က ကျွန်တော်တို့နယ်ဘက် ထုံးဖိုမြို့နယ်ထဲက အကောက်တောင်ကိုသူ့သူငယ်ချင်းတွေနဲ့သွားကြတယ်။ သွားတုန်းက တော့ဘုရားဖူး ဟိုရောက်တော့ ဘုရားကောဖူးခဲ့ရလားမသိ ဒီကောင်တစ်လမ်းလုံးမူးနေသတဲ့။အဲ့တော့ကောင်းကြသေးရဲ့လားလို့။ ဒါနဲ့ဒီလိုလုပ်ရသလားပေါ့မေးမိတဲ့ ကျွန်တော်ကကိုမှားတာ သူတင်မဟုတ်ဘူးတဲ့ အကုန်တဲ့တစ်ဖွဲ့လုံးတင်မကဘူးတဲ့ ဘေးကလာတဲ့သူတွေရောတဲ့ မိန်းကလေးတွေ ကပါဘီယာတွေမူးကြသတဲ့။ သူပဲအပြစ်လွတ်အောင်ပြောသလား တယ်ပဲလားတော့ မမြင်ခဲ့ရတော့မသိ စာဖက်သူပဲစဉ်းစားကြည့်ပါတော့။ သူပြောတာလဲ မယုံလို့တော့မရ တခြားမှာလဲဒီမြင်ကွင်းတွေက မြင်ဖူးထားတာကို။ သွားတဲ့နေရာက အကောက်တောင် ကျွန်တော်တို့ နယ်ဘက်မှာ ဗုဒ္ဓအထင်ကရနေရာ၊ သွားတဲ့ရက်က၀ါဆိုလပြည့်နေ့ တကယ့်နေ့ကြီးရက်ကြီး အဲ့တော့ကောင်းကြသေးရဲ့ လားလို့ ထပ်မေးချင်ပါတယ်။ အလားတူ မြင်ကွင်းမျိုးတွေသာ ဘာသာခြားတွေ မြင်ရင် ဘယ်လိုတွေးမလဲ ဆိုးရိမ်ရတယ်နော်။ တော်တော်ကို ရှက်ဖို့ကောင်းတယ်။
ဗုဒ္ဓဘာသာတွေရဲ့နေ့ကောင်းရက်မြက်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့။ဒီနေ့ကိုလူငယ်အများစုက သူခိုးကြီးနေ့တဲ့ သူတို့အဲတာပဲသိတယ်။ ကောင်းမှုလုပ်ရမယ့်နေ့တကယ့်ကို အရေးကြီးပါလား တစ်နှစ်မှာတစ်ခါသာ လျှူရတဲ့ သင်္ကန်းကို လျှူရမှာပါလား ဆိုတာမသိပါဘူး။ သူခိုးကြီးနေ့ မျာစကြနောက်ကြတယ်ပေါ့။ ဇရှိတဲ့သူကတကယ်ခိုးတာ။ရွာတွေမှာပိုဆိုးတယ်။
အခြားဘာသာဝင်တွေနဲ့နှိုင်းယှဉ်ကြည့်ပါ။ သူတို့ဘာသာရဲ့ အထူးရက်တွေမှာ သူတို့ဘယ်လိုစည်းနဲ့ကမ်းနဲ့နေကြတယ်ဆိုတာ။ သူတို့ဘာသာတရားကိုဘယ်လို အထူးကိုရှိုင်းကြတယ်ဆိုတာ အကောင်းဘက်ကနေတွေးပြီး အတုယူကြပါ။
ကျွန်တော်ကအတုယူပါဆိုတော့ အတုပဲယူနော် အစစ် မယူကြနဲ့ဦး အဲ့ဘာသာထဲ ၀င်လိုက်ကြလို့ပြောတာမဟုတ်ဘူးနော်။
ကျွန်တော်တို့ဗုဒ္ဓတရားတော်ကအမှန်တကယ်သက်သေထောက် အထား ခိုင်မာတဲ့ဘာသာတရားပါ။ စမ်းတ၀ါးဝါး ဟုတ်သလားဟုတ်သလား မေးပြီးကိုးကွယ်နေတဲ့ဘာသာလဲမဟုတ်ဘူး။ အတွေးနဲ့စိတ်ကူးပြီး ကိုးကွယ်နေတာလဲမဟုတ်ပါဘူး။
ဗုဒ္ဓဘုရားရှင်ဆိုတကယ်ကိုသက်တော်ထင်ရှားရှိခဲ့တယ်ဆိုတာ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ရှိပါတယ်။
ဆိုချင်တာက ဗုဒ္ဓဘာသာဝင်တိုင်း မိမိတို့ ဘာသာရဲ့တန်ဖိုးကိုသိပါ ဂုဏ်ကျေးဇူးကိုနားလည်ကြပါ ။တိုးတက်အောင်မလုပ်နိုင်ရင်နေ ပျက်စီးအောင်တော့မလုပ်ကြပါနဲ့ လို့ ။