Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဝတ်သားကြိုက်လားဒီစာဖက်ပါ

$
0
0

၁. ၀က်မှာ ချွေးဂလင်း မရှိပါဘူး။ ချွေးဂလင်း (Sweat Gland) မှ ချွေးထုတ်ခြင်းဟာ (one of excretory system) အညှစ်အကြေးစွန့်ထုတ်မှုစနစ် တစ်ခုဖြစ်ပါတယ်။ ဒါဆို ရိုးရိုးလေးပဲတွေးကြည့်ရအောင် .. အညစ်အကြေးစွန့်ထုတ်မှု မရှိတော့ အညစ်အကြေးတွေစုနေတယ်ဆိုတဲ့သဘောပါ။ ၂.ဘက်တီးရီးယားပိုးတွေ အင်မတန်ကြိုက်တဲ့နေရာတွေဖြစ်တဲ့ ရွှံ့နွံလိုနေရာမျိုးမှာ နေတာဖြစ်တဲ့အတွက် ၀က်ဟာကျန်းမာရေးအရစားသုံးသင့်တယ်လို့ ဘယ်လိုမှမြင်နိုင်စရာအကြောင်းမရှိပါ။ အရသာဘက်က စဉ်းစားမယ်ဆိုရင်တော့ အဆီများ၊ ချွေးထုတ်နိုင်ခြင်းမရှိတဲ့အတွက် အရသာဟာ လေးလေးပင်ပင်နဲ့ စားကောင်းမယ့် သဘောမှာရှိပေမယ့်၊ ကျနော်တို့ဟာ ပါးစပ်အရသာအတွက်ပဲစဉ်းစားမှာလား.. ကျန်းမာရေးအရစဉ်းစားမှာလား လို့ပဲ ကျနော်ပြန်မေးပါရစေ။ နောက်ပြီး ၀က်သားဟာ အခြားအသားတွေထက် ( လူတွေအတွက် အဖြစ်အများဆုံးနဲ့ ကြောက်စရာကောင်းဆုံး ရောဂါတွေဖြစ်တဲ့) ကျောက်ကပ်၊ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါ အဖြစ်များစေပါတယ်။ *သွေးတိုးရောဂါဖြစ်တဲ့သူတိုင်း ၀က်သားမစားပါဘူး၊ ဒါပေမယ့် ၀က်သားစားတဲ့သူတိုင်း (နောင်တချိန်မှာ) သွေးတိုးရောဂါဖြစ်စေပါတယ်။* ၃. ၀က်မှာ အဆိုးဆုံးက (Hook/Tape Worm) တွေပါ... အဲဒီတုပ်ပြားကောင်တွေဟာအင်မတန်ပြင်းပါတယ် ဆိုတဲ့ အစာအိမ်ထဲက အက်ဆစ်တွေကိုတောင် သူတို့ပြန့်ပွါးဖို့အတွက် သုံးချနိုင်ကြတယ်။ ဘယ်လိုလည်းဆိုရင် တုပ်ပြားကောင်တွေဟာ အစာအိမ်အူလမ်းကြောင်းထဲကိုဝင်တဲ့ချိန် သူတို့ဟာ အစာချေရည်ကို ခံနိုင်တဲ့အကာအကွယ် (encysted form) ပုံစံမျိုးနဲ့ဝင်ပြီး။ ခေါင်းပိုင်းမှာရှိတဲ့ ချိတ်နဲ့အူနံရံကိုတွယ်ထားနိုင် ပါတယ်။ ၄င်းတို့ဟာ အစာချေမှုစနစ်မရှိပါဘူး.. အာဟာရတွေကို အစာအိမ်ကနေ ၄င်းတို့ခန္ဓာကိုယ်ထဲကို တိုက်ရိုက်စုပ်ယူတာဖြစ်တယ်။ အနည်းဆုံး ၆ ပေကနေ ၂၅ ပေ ( အချို့နေရာမှာ ၅၅ ပေ) အထိရှည်တဲ့ဒီလို ကပ်ပါးကောင်ဟာ လူတွေရဲ့ အူလမ်းကြောင်းထဲမှာ နေမယ်ဆိုရင်၊ နေခွင့်ပေးမယ်ဆိုရင်တော့ အာဟာရပြတ်လပ်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေပါတယ်။ ၄. တုတ်ပြားကောင်တွေဟာ အခြားတုတ်ကောင်သန်ကောင်တွေနဲ့မတူတာ၊ သူတို့တွေကို ဆေးနဲ့သတ်နိုင်တယ်ထားဦး အူလမ်းကြောင်းမှာ ချိတ်ထားတာဖြစ်တဲ့အတွက် တောရုံတန်ရုံနဲ့ မပြုတ်နိုင်ပါဘူး... ပုပ်ပွပျက်စီးတော့မှသာ ပြုတ်ကျသွားတာဖြစ်လို့ ကိုယ့်အူလမ်းကြောင်းထဲမှာ အဲဒီလို ပုပ်ပွနေတဲ့ပစ္စည်းရှိတဲ့ ဆိုးကျိုးကိုလည်း ခံစားရဦးမှာဖြစ်ပါတယ်။ ၅. တုတ်ပြားကောင်တွေဟာ အပူချိန်ခံနိုင်မှုအရမ်းမြင့်ပါတယ်.. သူတို့ရဲ့ အပူချိန်ခံနိုင်မှုဟာ ၀က်သားကို တူးနေအောင် ကျော်ချက်တယ်ဆိုရင်တောင်မှ အဲဒီတုတ်ပြားကောင်ဟာ မသေနိုင်ပါဘူး... (၀က်သားထဲမှာ ရှိနေချိန်ဟာ သားလောင်းအဆင့်ဖြစ်ပါတယ်) ၆. ၀က်ဟာ သူတို့မှာ သတ်သတ်မှတ်မှတ်အစာရယ်လို့မရှိပါဘူး… ဒါကလည်း သူတို့ကို ကျွေးသမျှ.. ဘာဖြစ်ဖြစ် အကုန်စားကြပါတယ်။ ဥပမာ - ပြောရရင်၊ ၀က်သားကျွေးရင်တောင် ပြန်စားပါတယ်။ (ဒါကလည်း ကျနော့်အဖေနဲ့ သူငယ်ချင်းတွေ စုပေါင်းစပ်ပေါင်းလုပ်ထားတဲ့ ငါးကန်က အစောင့်အလုပ်သမားက သူမွေးတဲ့ဝက်ကို ကျွေးမွေးနေတာတွေ့လို့ပါ) အစုံစားတာဖြစ်လို့ ရောဂါပိုးတွေလည်း အစုံဝင်နိုင်တဲ့သဘောမှာရှိပါတယ်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...