ဒီကနေ့ ကျွန်တော် အလုပ်သွားတယ်ဗျာ ။ ကျမ်းမာရေးက မကောင်းတာကြောင့် စက်ရုံနောက်ဘက် နားနေဆောင်လေးမှာ ထိုင်နေတုန်း
အမူ့မဲ့ အမှတ်မဲ့တွေ့ လိုက်ရတဲ့ မြင်ကွင်းလေးပါ ။ ဒါလေးကို မြင်တော့ လူတွေနဲ့ ပြန်နှိုင်ယှဉ်ကြည့်မိတာ လေးကို ကျွန်တော့်စိတ်ကူး ကျွန်တော့ အတွေးနဲ့ ရေးခဲ့မိတာပါ ။ သူငယ်ချင်းတွေ အားလုံး အပြစ်မမြင်ပဲ ချစ်ခင်နိုင်ပါစေလို့ ဆုတောင်းမိပါတယ် ။
ကျွန်တော် ထိုင်ပြီးတော့ တယေါက်ထဲ စဉ်းစားနေတုန်း မျက်လုံးထဲကိုဝင်လာတာက ကမ္ဘာပေါ်မှာ အသန်မာဆုံးဖြစ်တဲ့ ပုရွဲဆိတ်းလေးတကောင်ပါ ။ ဒီကောင်ကလေးက အုတ်နံရံကို ခက်ခက် ခဲခဲ တက်နေတာဗျ ။ သူ့ကြည့်လိုက်တော့ သူ့ဥလေးကို ချီလို့ပေါ့ ။ အော် မိဘမေတ္တာပါလား ။ သူ့သားလေးလား သမီးလေးလားတောင် မသိသေးတဲ့ ဒီဥလေးကို ဘေးကင်းရာကို ချီပိုးသယ်ဆောင်နေတယ် ဆိုပြီး သနားနေမိတာ ။ ကြည့်နေရင်က လမ်းတ၀က်လဲရောက်ရော သကြားခဲလေးတခုကို သူသွားတွေ့တယ် ။ ပတ်ကြာအက်ကလေးထဲက သကြားခဲလေးကိုလဲ သူမြင်ရော ဘာလုပ်တယ် ထင်လဲ သူ့ဥလေးကို ခနချတယ် သကြားခဲကို သေချာ ပတ်ကြည့်တယ် ။ ပြိးတော့ သူ့ဥလေးကို ပြန်မတယ် ။ သကြားခဲနားသွားတယ် ။ အဲဒီ့မှာတင် ခုနက သနားနေတဲ့ စိတ်က လက်နဲ့ဖိသတ်ချင်စိတ်ပေါက်လာတယ် ။ အတော် လောဘကြီးတဲ့ ကောင်ပဲလို့ စိတ်ထဲမှာ ဒေါသတွေ ဖြစ်လာမိတယ် ။
ဒီကောင်ပုရွဲဆိတ်လုပ်ပုံကို ကြည့်အုန်း သူ့ဥကိုလဲ မချဘူး သကြားခဲကိုလဲ ခြေလေးတွေနဲ့ ကန်ပြီး ရွှေ့နေတယ်ဗျာ ။ ဟာကွာ ဥလေးတော့ ပြုတ်ကျတော့မှာပဲလို့ စိတ်က ထင်နေတုန်းမှာ ဒီကောင် တော်တော် လူလယ်ကျတယ် အဲဟုတ်ပါဘူး ပုရွဲဆိတ်လယ် ကျတယ်ပြော၇မယ် ။ ဥလေးရော သကြားခဲလေးပါ ချပြီး ပတ်ကြားအက်ထဲဝင်သွားတယ် ။ ကျွန်တော်လဲ စိတ်ဝင်စားလာတာနဲ့ မမှိတ်မသုန်စောင့် ကြည့်နေမိတယ် ဆိုပါတော့ဗျာ ။ သိပ်မကြာဘူးဗျို့ သူပြန်ထွက်လာတယ် ။ သူ့နောက်မှာလဲ မိသားစုတွေလား ထင်ပါရဲ့ သုံကောင်ပါလာတယ် ။ သကြားခဲလေးကို ပါလာတဲ့ သုံးကောင်က ၀ိုင်းပြီးမတယ် သူကတော့ သူ့ဥလေးကို ပြန်ချီတယ် ။ ကိုကထင်ထားတာက အော် သူ့မှာလဲ အသိတရာ ရှိတယ်ပေါ့ ။ မိသားစုတွေလား သူငယ်ချင်းတွေလား မသိဘူး အကူအညီသွားတောင်းတယ်ပေါ့ ။ လိုချင်တာလေးရဖို့ တချက်ခုတ် နှစ်ချက်ပြတ် မဆိုးဘူး အကြံကောင်းတယ်ပေါ့ ။ တွေးပြီးသဘောကျနေတုန်းပဲ ကံကြမ္မာက ပြောင်းလဲသွားတယ် သူငယ်ချင်းတို့ရေ....
တခြားတနေရာက ထွက်လာတဲ့ ခေါင်းကြီးကြီးနဲ့ ပုရွဲဆိတ် အားလုံးပေါင်း ၆ကောင်တောင်ဗျ ။ ခုက သကြားခဲ ချီလာတဲ့ ပုရွဲဆိတ်တွေနဲ့ တန်းတွေ့တာပဲ ။ ကျွန်တော့ ဇာတ်လိုက်မင်းသားက ဥလေးကို ချီလို့ နောက်မှာလေ ။ သကြားခဲကို လုတော့တာပေါ့ ။ ပုရွဲဆိတ်လေးတွေလဲ တတ်နိုင်သမျှပေါ့ တောင်းပန်တယ်ထင်ပါတယ် နှတ်ခမ်းမွေးလေးတွေနဲ့ ဟိုပွတ်ဒီပွတ် လုပ်တယ်ဗျ ။ မရဘူးဗျို့ ခေါင်းကြီးကြီး နဲ့ကောင်တကောင်က စပြီးတော့ ကိုက်တော့ တာပဲ ။ ကိုက်တော့ ၆ ကောင်နဲ့ ၃ကောင် ဘယ်နိုင်မှာလဲ ထွက်ပြေးတာပေါ့ ။ ရမလားလို့တော့ လုပ်ကြည့်သေးတယ် အခြေနေမဟန်တော့ ထွက်ပြေးတာပေါ့ ။
ဟော ကျွန်တော့ဇာတ်လိုက် မင်းသားကိုတော်ချော ရောက်လာပါပြီ ။ဟိုကလဲ အထိုင်ကနေစောင့်နေတာဗျ ။ လမ်းကြောင်းက ဒီတခုထဲကို မလုပ်လို့ မသွားလို့ မဖြစ်ဘူးလေ ။ သူလဲ ရှေ့မှာ ဖြစ်တာ မြင်မှာပါ ။ မထူးဇာတ်ခင်းပြီးတော့ အဝေးကြီး ပြန်လျှောက်ရမှာ မလျှောက်ပဲ ဒီလမ်းကိုပဲ လျှောက်လာခဲ့တယ်လေ ။ တွေ့ပါပြီဗျာ သကြားခဲလေးကိုလဲ စိတ်မကောင်းခြင်းကြီးစွာနဲ့ ကြည့်နေတယ် ။ သူ့ဥလေးကိုလဲ မချရက်ဘူးလေ ။ အတန်ကြာအောင် တောင်းပန်နေပုံ ရတယ် ဟိုကောင်တွေကလဲ လမ်းဖယ်မပေးဘူး ။ နောက်ဆုံးသူက သူ့ဥလေးကို ချပြီး ဘေးက သကြားခဲကို သွားချီတယ် ။ ကိုတော်ချော လုပ်ပုံကို ကြည့်အုန်းဗျာ ။ အဲလိုလဲ လုပ်ရော ဟိုကောင် ၆ ကောင် ဖိုက်တာတွေက ၀ိုင်းပြီး သလာတော့တာပဲ ။ ကိုတော်ချောကလဲ အတင်းကို သကြားခဲကို စွဲလမ်းစိတ်နဲ့ မလွတ်ဘူး ။ နောက်ဆုံးမှာ သကြားခဲလေးကလဲ သူများနောက်ပါသွားပြီ သူလဲအတော်ကို အထိနာသွားပုံ ရပါတယ် သူ့ဥလေးကို ပြန်ကြည့်တော့ သူထားတဲ့နေရာမှာ မရှိတော့ ဘူး ။ ခုနက တိုးရင်းဝှေ့ရင်းကနေ အောက်ကို ပြုတ်ကျသွားတယ် ။ အဲတော့မှ ကိုတော်ချောက အသိတရား ရသွားတယ် ထင်ပါတယ် အရူးမီးဝိုင်းသလို ဟိုပြေးဒီပြေး ဖြစ်တော့တယ် ။ သူ့အဖြစ်က မြွေပါလဲဆုံး သားလဲဆုံး ဆိုသလို ဖြစ်တာကို ။ သူကြိုးစားခဲ့တဲ့အရာတွေက အချိန်ကုန် အကျိုးမရှိ ဖြစ်ခဲ့ရတာကို ....ဒါလေးကို ကြည့်ပြိးတော့
ကျွန်တော့်ခေါင်းထဲမှာ အသိတရာတခု ၀င်လာပါတယ် ။ အဲဒါဘာလဲဆိုတော့ ပုထုဇဉ် လူတိုင်းဟာ မိမိ ကိုယ်ကို အချစ်ဆုံးပဲ ဆိုတာရယ် အဲလို ချစ်လို့လဲ လောကမှာ မဖြစ်သင့်တာတွေ မလုပ်သင့်တာတွေကို လုပ်တယ် ဆိုတာတွေရယ် မတော်လောဘ စိတ်ကို မွေးမြူတတ်တဲ့ လူ့ပတ်ဝန်းကျင် လူ့အသိုင်းဝိုင်း ဆက်ပြိးတော့ တွေးစရာတွေ အများကြီး ပေါ်လာတယ် ။ လိုအပ်လို့ အသုံးပြုတယ်ဆိုပေမဲ့ အသုံးပြုတဲ့ ပစ္စည်းဟာ ကိုနဲ့ လိုက်လျှောညီထွေမူ့ ရှိမှ ထိုက်တန်တဲ့ အကျီုးခံစားခွင့် ရမယ်ဆိုတွေရယ် ။ လောဘစိတ်ကြောင့် သားသမီးတွေ ဆုံးရှံးရတာတွေ အော် ပုရွဲဆိတ်လေးတကောင် ပေးတဲ့ အသိဥဏ်ဟာ အတော့်ကို ကြီးမားပါလားလို့လဲ တွေးမိလိုက်ပါတယ် ...
မမြဲသော အရာတို့နှင့်
ဆက်ဆံပေါင်းသင်းရခြင်းကို
အထုံအကျင့် ရနေသော လူသည်
မပိုင် ၀က်မွေး အဖြစ်ကိုပင်
သာယာစွဲလမ်းသည် ဖြစ်၍
ထိုအစွဲ အလမ်းကို ပင်
ပိုင်ဆိုင်ခြင်းဟု ခေါ်နေကြခြင်း ပေလဲလား.....သူငယ်ချင်းတို့ရေ
စာပေဖြင့် သူငယ်ချင်းတို့ကို ထာဝရလေးစားလျှက်........