Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ပရဟိတမိသားစု(ပြည်)

$
0
0

ပရဟိတမိသားစု(ပြည်)

ကျွန်တော်တို့ ပရဟိတမိသားစု လေးကို ပြည်မြို့ ကိုးသောင်း သာသနာ့မင်္ဂလာစာသင်တိုက် တွင် ၂၂ ၅ ၂၀၁၁ တွင် စတင်ဖွဲ့စည်းခဲ့ပါတယ်
၂၀၁၀ကတည်းက စတင်လုပ်ဆောင်ခဲ့ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုမှ ပြန်လည် စတင်ခြင်းဖြစ်ပါသည်

ရည်ရွယ်ချက်ကတော့
လူငယ်များ ပရဟိတ ဘာသာ သာသနာ အကျိုးကို ဆောင်ရွက်တတ်လာစေရန်
ပရဟိတအခြေခံ စိတ်ထားများရှိလာစေရန်
ပရဟိတ ကွက်လပ်ကလေးများ ကို လိုအပ်သလို မိမိတို့နိုင်သလောက် ဖြည်ပေးရန်
ပညာရေး ကျန်းမာရေး စောင့်ရှောက်မှူများပေးနိုင်ရန်

မိသားစုဝင်တွေကတော့ ၄၀ လောက်ရှိပါတယ်ခင်ဗျာ
စစခြင်းမှာတော့ မိသားစုဝင်တွေအနေနဲ့ တစ်ယောက်ကို အနည်းဆုံး ၁၀၀၀နဲ့စကောက်ပါတယ်
တတ်နိုင်တဲ့လူတွေအနေနဲ့တော့ ၂၀၀၀ ၃၀၀၀ ၅၀၀၀ စသဖြင့် စုပေါင်း ထည့်ဝင်ကြပါတယ်
ကျွန်တော်တို့ ပရဟိတမိသားစုပြည် ရဲ့ လုပ်ငန်းလေးတွေကတော့
ပြည်မြို့ ပေါ်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ရှိ ကလေးငယ် နှစ်ထောင်ကျော်အတွက် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ ၍ စင်ကာပူရောက်မြန်မာများအဖွဲ့နှင့် ပူးပေါင်း၍ ပုံနှိပ်စာအုပ်များလှူဒါန်းခြင်း
ပြည်မြို့ ရွှေတံခါး ရပ်ကွက် တွင် ၂၀၁၀-၂၀၁၁ ပညာသင်နှစ် တွင်စတင်ဖွင့်လှစ်သော လေသာတောရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မူလတန်းကျောင်း တွင် ဆရာမလေးယောက်ရှိရာ လစဉ် ဆရာမတစ်ဦးလစာ အတွက် ၃၀၀၀၀ ကျပ် နှင့် ကလေးများအတွက် အဝတ်အစားများ ဖိနပ်များလှူဒါန်းခြင်း အာဟာရဒါန ကျွေးမွေးခြင်း
ရွှေတောင် ထန်းတောကြီးကျောင်းတိုက်တွင် ပညာဒါန ၁၀ တန်းကလေးများအား စာသင်ကြားပေးခြင်း နှင့် အပတ်စဉ် တနင်္လာနှင့် ကြာသပတေးနေ့တိုင်း အခမဲ့ဆေးခန်း ဖွင့်လှစ်ပေးခြင်း
မြို့သစ် ၁၂ လမ်းထိပ် မုဒိတာ ဆေးခန်းတွင် မုဒိတာ ပညာဒါနသင်တန်းဖွင့်လှစ်ကာ ၁၀ တန်းကလေးငယ်များအား ပညာဒါနသင်ကြားပေးခြင်း
အမှန်တကယ် လိုအပ်သော ဘကကျောင်းများ သီလရှင်စာသင်တိုက်များအား ပညာရေးကျန်းမာရေး ကူညီပေးခြင်း
စသည်တို့ကို အလှူရှင်များ၏ ကူညီမှူများဖြင့် ဆောင်ရွက်လျှက်ရှိပါသည်
တစ်ရောက်အားဖြင့်ယူသော်မရ တစ်သောင်းအားဖြင့်ယူသော်ရ၏ ဆိုတဲ့အတိုင်း လောကမှာ ဆွေမျိုးတော်စပ်ခဲ့ဖူးတဲ့ သူတွေ ဒုက္ခရောက်နေမှာကို ဒုက္ခရောက်နေတာကို လက်ပိုက်ပြီးတော့ ကြည့်နေနိုင်ကြမှာတော့မဟုတ်ပါဘူးခင်ဗျာ ကျွန်တော်တို့ တွေက ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေပဲမဟုတ်လားခင်ဗျာ
ဒါကြောင့်
ကမ္ဘာကြီး၏ မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ ပရဟိတ အများကောင်းကျိုး လိုလားသူတိုင်းအား ပရဟိတမိသားစု ပြည် မှ လှိုက်လှဲစွာ ကြိုဆိုပါကြောင်း
ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ဒေါက်တာ ဝဏ္ဏဝင်း
၀၉၅၃၆၈၄၆၁
ဒေါ်ညွန့် သဟာယစာအုပ်ဆိုင် မြို့သစ် ၁၂ လမ်းထိပ်
၀၉၄၃၀၈၄၆၄၅


Viewing all articles
Browse latest Browse all 9878

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>