Chitthumyotaw Admins Group Chat @chitthumyotaw.com
nyeinး မေ စကားပြောဖို့ အားလား
maythazinး အင်း ဆိတ်ပြောစရာရှိလို့ လား..ပြောစရာရှိရင်တော့ အလုပ်ခဏရပ်ထားလိုက်မယ်လေ
mahtathaး မမမေ အိုက်တင်မခံနဲ့  တစ်နေ့ လုံး ကြူနေတာ မသိဘူးများ မှတ်နေလား QQqueenကြီး
maythazinး QQqueen ဆိုတာ နင်တို့  ဝိုင်းထောင်ပြီး ကျိတ်ပုန်းခုတ်နေတဲ့ ဂျက်ကင်းကွင်းလောက်တော့ အစွမ်းမရှိပါဘူးနော် နေအုံး နင်နဲ့  ပြောမှာ မဟုတ်ဘူး ကလေး ကလေးလိုနေ..။ ဆိတ်မပြော ဘာပြောမှာလဲ...
nyeinး ဟုတ်.. ဆိုဒ်အတွက်လေး နည်းနည်းပြောချင်လို့ 
maythazinး အောင်မလေး ဆိတ်က ဆိုဒ်ကို စိတ်ဝင်စားသေးတယ်ပေါ့လေ..။ ချစ်သူမှာ creator ဘယ်သူလဲ မန်ဘာတွေ မေ့နေပြီ
nyeinး အဟီးးးးးး
mahtathaးမမမေ သူ ဟီပြနေတာ ဆိုဒ်ကို ပေါင်ပြီး အကြွေးဆပ်ဖို့  မျက်နှာချိုသွေးနေတာ
maythazinး ပေါင်စားယုံနဲ့ တော့ မပေါင်စားနဲ့ တော့ ဆိတ်မရေ..။ အပြီးသာ ရောင်းစားလိုက်..။ နာလဲ စိတ်ညစ်နေတာဟ..။ ဆိုဒ်က အခုတစ်လော ခြောက်နေတယ်..။ မထသတို့  ကျော်သူအောင်တို့  အစိမ တို့ ကလဲ ကြူဖို့ က လွဲရင် ဘာမှ အားကိုးရဘူး..။ ဟီးးးး အကွက်ရတုန်းလေး ထုထားမှ) ဆိတ်ကလဲ ဆိုဒ်ကို ပစ်ထားတော့ တကယ်တမ်း ဖိဖိစီးစီးလုပ်နိုင်တဲ့သူမရှိဘူး...
nyeinး မေ ဟိုစပ်စပ် ဒီစပ်စပ် ကိုရင်မောင်ကြီး သတင်းရော ဘာကြားသေးလဲ .ကိုရင်မောင်ကြီး ရှိတုန်းကတော့ ဆိုဒ်က အတော်လေး အခြေအနေကောင်းတယ်လို့  ပြောရမယ်..သူ့ သတင်းဘာကြားသေးလဲ
maythazinးရင်မောင်ကိုတော့ မျှော်ကိုးမနေနဲ့  ပြည်တော်ပြန်ပြီး လုပ်ငန်းသစ်တွေ စလုပ်နေရတာနဲ့  သူ့ မိန်းမ ခိုင်းစားထားတာ လက်ကိုမလည်ဘူး..ချစ်သူထဲ လှည့်ကြည့်ဖို့ ကို အချိန်မရဘူး..မထသကရော ဘာပြောချင်နေသေးလဲ.. ဘာတွေ ဘယ်လိုလုပ်မယ်လို့  အစီအစဉ်ရှိလဲ
mahtathaး မိဝေတော့ ခုလောလောဆယ် ဘာမှ မတွေးဘူး..မိဝေ အတဲကွဲနေတယ်..
nyeinး ဟီး ဆိတ်လဲပဲ.. ခုလောလောဆယ် ဆိတ်လဲ ဝေဒနာတွေကြောင့် ဆိုဒ်ကို သေချာမကြည့်နိုင်ဘူး
maythazinး နင်တို့ တွေ တစ်ယောက်လာလဲ အတဲကွဲ... နှစ်ယောက်လာလဲ အသဲကွဲ..ကွဲမှာပေါ့ ကြူနေ ချက်နေကြတာကိုး...ဒီအသဲကွဲတာတွေ ခဏထား..ဆိုဒ်အကြောင်း ပြောမယ်..
mahtathaး ဝုတ်ဝုတ် မမမေ.. မမမေတို့  ဆိုဒ်အကြောင်းပြောရင် ပြောထားလေ မိဝေ ခဏအိပ်လိုက်အုံးမယ်.. အလုပ်အကြောင်းပြောပြီးမှ အလန်းဇယားလေးတွေကို မရမ်းပြားစားပြီ ကြူမယ်..
maythazinး ကြူမယ်ဆိုတဲ့ တစ်ယောက်က ကြူမယ်ဆိုတာကြီးပဲ နေအုံး ငါ ဝါးသွားခုတ်ပြီး ညီးကို ကြူထရံ ယက်ခိုင်းမယ်..ပြီးမှ မြို့ ထဲက အိမ်ပြင်ချင်တဲ့ အိမ်တွေကို လိုက်ဝေမယ်..
nyeinး မေ ဆိတ်လဲ ခုတစ်လော ဘယ်လိုမှ အလုပ်မအားတာပါ..အားလုံးတော့ အဆင်ပြေတယ် မဟုတ်လား
maythazinး အင်း ပြေပါတယ်...။ အက်မင်တွေ ဘက်ကိုတော့ နည်းနည်းပြောစရာတွေ့ နေရတယ်...။ တခြားကြီးကြီးမားမားတော့ မဟုတ်ပါဘူး..တစ်ချို့  အက်မင်တွေ ပို့ စ်တွေ ချပေးတာ စာတောင်ဖတ်ရဲ့ လား မသိဘူး ..ဒီတိုင်း ခေါင်းစဉ်ဖတ်ပြီး အတည်ပြုပေးလိုက်တာ အထဲမှာ ရေးထားတာတွေက မသင့်တော်တာတွေ ရေးထားလဲ ချပေးလိုက်တာပဲ.. ခေါင်းစဉ်တစ်ခုထဲပဲ ပါပြီ အထဲမှာ စာသားမရှိတဲ့ ပို့ စ်လဲ ချပေးတာပဲ..ခေါင်းစဉ်မပါပဲ ဓာတ်ပုံ တစ်ပုံထဲ တင်လဲ ချပေးတာပဲ..တင်တဲ့ ပုံက သူ ကိုယ်တိုင်ရဲ့ ပုံမဟုတ်တဲ့ ပုံ ...သူ့ ရည်းစားလား အင်တာနက်ထဲ တွေ့ တဲ့ ပိုင်ရှင်ခွင့်ပြုချက်မရတဲ့ ပုံလား..သေချာမသိပဲ မချပေးသင့်ဘူးလေ
ပို့ စ်ကဏ္ဍမှာ ကဗျာတင်တာ တွေ့ ရင်လဲ ချပေးတာပဲ..အဓိကက အက်ဒ်မင်တွေအနေနဲ့  သေချာမဖတ်တာ..ပြီးတော့ ပို့ စ်ကဏ္ဍမှာ ဖလက်ဆောင်း တင်လဲ ချပေးတယ် ..ဒါတွေကို မလုပ်သင့်ဘူးလေ..အက်ဒ်မင်တွေအနေနဲ့  စည်းကမ်းချက်တော့ မကြာမကြာပြန်ဖတ်သင့်တယ်...အက်ဒ်မင်တွေကိုယ်တိုင်က စာမဖတ်လို့ မရဘူးလေ
မန်ဘာတွေ စာအဖတ်နည်းလာတယ် ဆိုတာလဲ မပြောနဲ့  အက်မင်တွေကိုယ်တိုင်မှ မဖတ်တာပဲ..
nyeinးအင်း အဲ့ဒါတော့ ဟုတ်တယ်.. ပြီးတော့ ဆိုဒ်ထဲမှာ ကော်ပီတွေ အရမ်းများနေတယ်.. ပေါများလာတဲ့ ကော်ပီပို့ စ်တွေကို ဘယ်လိုလျှော့ချမလဲ...။ ဆိတ်တို့  ဘယ်လို လုပ်ကြမလဲ.. ဆိုဒ်ထဲမှာ ဟိုကလိဒီကလိ နဲ့  မန်ဘာတွေ ပျော်အောင်ဘယ်လိုထားမလဲ
mahtathaး မန်ဘာတွေ ပျော်အောင်ဘယ်လိုထားမလဲက အသာထားအုံး မန်ဘာတွေ အခက်အခဲရှိလို့  အကူအညီတောင်းလာရင်တောင် အယောက်ရှိတိုင်းကို စာမပြန်နိုင်တာကိုက အားနည်းချက်
maythazinးကဲ မေတို့  ခေါင်းတည်ပြီး စဉ်းစားကြမယ်..ချစ်သူမြို့ တော်လေးမှာ မန်ဘာတွေ ပျော်အောင်ဘယ်လိုထားမလဲ..မန်ဘာတွေကို ပျော်စေဖို့ က ကိုယ့်ဆိုဒ်လေးမှာ ဘာတွေ လိုအပ်နေလဲ ဆိုတာ အရင်ပြန်စစ်ကြည့်ရမယ်.. ပြီးတော့ မန်ဘာတွေကို အကူအညီတောင်းစရာရှိတာ တောင်းရမယ်..အင်ဒ်မင် မန်ဘာ အားလုံးတူတူ လက်တွဲကြမယ်လေ
nyeinး မမမေက မန်ဘာတွေဆီက ဘာအကူအညီတောင်းမှာလဲ
maythazinး တခြားအထွေအထူးတော့ မဟုတ်ဘူး..သူတို့ တွေ အနေနဲ့  ဒီဆိုဒ်လေးမှာ ဘာအက်အခဲရှိလဲ လိုအပ်ချက်တွေ ရှိနေလား..ချစ်သူမြို့ တော်လေးကို အကြံဥာဏ်ပေးချင်တာလေးများ ရှိလား..သူတို့ ဆီက အကူအညီနဲ့  အကြံဥာဏ်ကို တစ်လေးတစ်စား ယူပြီး အားလူံးတူတူ ပြင်ဆင်ကြမယ်လေ
mahtathaး အိုခေ ..အဲ့ဒါဆို မန်ဘာတွေဆီ အကြောင်းကြားပြီး အကြံဥာဏ်တောင်းကြည့်မယ်..
maythazinးမလိုဘူးလေ..အခု ချက်ထားတဲ့ မေးလ်ကို ကော်ပီကူးပြီး တင်ပေးလိုက်ရင် အဆင်ပြေပြီးလေ
mahtathaးတိန်
nyeinး အဟ ရွှေဥာဏ်တော်ရှင်မကြီးရေ..သူက စပြီး အပျင်းထူနေပြီ..
maythazinး ရှူးးးးး နာအပျင်းထူတာ မန်ဘာတွေ မသိစေနဲ့ ..ကဲ အတည်နော်..အတည်ဆိုရင် ဒီချက်မေလ် အခုကူးပြီး
မေသဇင်တို့ က တခြားနေရာမှာသာ လက်နှေးတာ ကော်ပီဆိုရင် အရမ်းမြန်တာနော်.ဒန် တန့် တန့် ..
ပြီးသွားပါပြီရှင်....။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်