Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အမှုမဲ့အမှတ်မဲ့

$
0
0

ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ဟာ အလှူအတန်းကိုအင်မတန်ရက်ရောကြပါတယ်။ အလှူတစ်ခုလုပ်ပီဆိုရင်တက်နိုင်သ လောက်ပြီးပြည့်စုံအောင်စီစဉ်ကြပါတယ်။ထမင်းရေချောင်းစီးမောင်းတီးပြီးလှူကြပါတယ်။အလှူလုပ်တာတော့ကောင်းပါတယ် ဒါပေမယ့်မိမိအလှူမှာ မထင်မှတ်ပဲ အကုသိုလ်လေးတွေရသွားကြတာကို အလှူ့ရှင်အလှူ့အမများ သိပဲမသိတာလား မသိချင်ယောင်ပဲဆောင်နေကြပါသလား ဒါလေးကိုပြောပြချင်ပါတယ်။

      အလှူတစ်ခုလုပ်တော့မယ်ဆိုရင်မထမဆုံး အလှူအတွက်စီစဉ်ရပါမယ်။အကြွေးအမွေးကိုစီစဉ်တဲ့နေရာမှာ ကြက်သား၊၀က်သားနဲ့ကြွေးမယ် ပဲဟင်းငါးခြောက်နဲ့ကြွေးမယ်ပေါ့။စသည်ဖြင့်စီစဉ်တဲ့နေရာမှာ အသားငါးတွေကို ကြိုတင်မှာယူထားခြင်း ၊ရွာတွေနယ်တွေမှာဆိုရင် ၀က်တွေကြက်တွေကို၂ကောင်၃ကောင်လောက်ဝယ်ပြီးတိုင်မှာချည်ထားတယ်အလှူလုပ်တဲ့နေ့မှတစ်ကောင်ချင်းသတ်ပြီးကြွေးတော့ တာပဲ။

မြို့ကြီးတွေမှာဆိုရင်ဒီအသားတွေအတွက်ကြိုတင် အော်ဒါမှာယူထားရတာတွေရှိပါတယ်။ဒီလိုဆိုတော့ဒီကြက်တွေဝက်တွေကဒီအလှူအတွက်သေပေးရမယ့်ပုံဖြစ်နေတာပါ။ အဲ့ဒီမှာအလှူ့ရှင်အလှူ့အမများအနေနဲ့သူ့အသတ်သတ်ခြင်းကံကိုမသိလိုက်ဘဲသွယ်ဝိုက်သောနည်းနဲ့ကျူးလွန်မိကြရပါတယ်။                                                                   ကျွန်တော်ဘုန်းဘုန်း တစ်ပါးကိုလျှောက်ထားဖူးပါတယ် ဒီလိုမလုပ်ရင် ဒီအသားတွေဘယ်ကရမလဲပေါ့။ ဒီတော့ဘုန်းဘုန်းက က “ကျွေးမယ့်နေ့မှ ဈေးကနေ ရသလောက်ဝယ်ပါကိုယ့်အတွက်ရည်ရွယ်ပြီးသတ်တာမဟုတ်ရင် ဘာမှမဖြစ်ပါဘူး” လို့ မိန့်တော်မူခဲ့ပါတယ်။

      ဒီ့အပြင် အလှူခံပုဂ္ဂိုလ်ရဟန်းတော်တွေအနေနဲ့လည်းသူတို့ အတွက်ရည်ရွယ်ပြီး သတ်တဲ့ အသားကိုဘုန်းပေးမိမယ်ဆိုရင် အာဘက် သင့်ပါတယ်တဲ့။ဒီအကြောင်းကို ဟိုနေ့ကမှ အိမ်ကိုဆွမ်းခံ ကြွတဲ့ဘုန်းဘုန်း ကမိန့်တော်မူသွားတာပါ။       “ဒီလို ဆွမ်းမျိုးကို ရဟန်းတွေအနေနဲ့ ဘုန်းမပေးသင့်ပါဘူး” လို့ဘုန်းဘုန်းကမိန့်တော်မူသွားပါတယ်။ဒီအကြာင်းလေးကိုလည်း

စာဖတ်သူတို့သိစေဖို့ထည့်သွင်းရေးသားလိုက်ပါတယ်။

      နောက်တစ်ချက်ကအချို့နေရာတွေမှာဖြစ်တက်တာလေးပါ။ အလှူလုပ်တော့မယ်ဆိုရင် ၀ိုင်းဝန်းကူညီမယ့်သူတွေ ရှိရပါမယ်။ ဒီလူတွေအနေနဲ့ ဒီအလှူမှာ လုပ်အားနဲ့ပါဝင်ကုသိုလ်ယူကြတယ်လို့ မိမိကိုယ်ကို တွေးထင်ထားရပါမယ်။ ဒီလိုမဟုတ်ဘဲ အလှူကနေ စားမယ်သောက်မယ် သယ်မယ်ပိုးမယ်ဆိုရင်တော့ကုသိုလ်မရမဲ့ အပြင် အကုသိုလ်သာ ရကြမှာဖြစ်ပါတယ်။ဒါကလဲဖြစ်လေ့ဖြစ်ထရှိလို့ပြောတာပါ။ကျွန် တော်တို့နယ်ဖက်မှာအလှူလုပ်ပြီဆိုရင် အလှူကမပြီးသေးဘူး နောက်ကနေသယ်ပြီး အိမ်ပို့ကြအလှူမလာတဲ့သူအတွက်သယ်ကြွေးရ စသည်ဖြင့်ပေါ့။

ဒီကိစ္စတွေကို အလှူရှင်ကသိတော့စိတ်အနှောက်အရှက်ဖြစ်ကြရပေါ့။ မိမိအလှူအတွက် မိမိက “စားချင်သလိုစားကြယူချင်သလိုယူကြ” လို့တခါးကြီးဖွင့်ပြီးလှူတဲ့သူတစ်နည်းအားဖြင်းသဘောကောင်းတဲ့သူပေါ့ အဲ့လိုလူမျိုးဆိုရင်ပြဿနာမရှိပေမဲ့ ကပ်စီးနဲတက်တဲ့အကျင့်လေးရှိ တဲ့သူမျိုးဆိုရင်တော့ပြဿနာရှိပါတယ်။  မိမိအလှူအတွက် သာဓုခေါ်နေရမယ့် အချိန်မှာသာဓုမခေါ်နိုင်ဖြစ်နေတက်ပါတယ်။

        ဒီလိုဆိုတော့ယူတဲ့သူအတွက်လဲမကောင်းသလိုလှူတဲ့သူအ တွက်လဲမကောင်းပါဘူး။

    ယူတဲ့သူတွေက အလှူရှင်မသိစေလိုတဲ့စိတ်ကလေးနဲနဲ နဲ့ ယူမိရင် သူ့ဥစ္စာခိုးယူခြင်း ဆိုတဲ့ကံကို မှုမဲ့အမှတ်မဲ့ ကျူးလွန်မိကြ ပါတယ်။

ဒါလေးတွေကတော့အမှုမဲ့အမှတ်မဲ့လေးတွေပါ ဒီကိစ္စလေးတွေပါသတိထားကြဖို့လိုပါတယ်။

 

     


Viewing all articles
Browse latest Browse all 9878

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>