Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

စိတ်ခွန်အားဖြည့်စာစုများ ၂.......သူငယ်ချင်းများအတွက်facebookမှစုစည်းတင်ဆတ်ပေးလိုက်ပါသည်

$
0
0

ဘ၀ကို ဖြတ်သန်းတဲ့ခါပျော်ရွှင်မှုရဲ့ သော့ချက်တွေကတော့

- အမုန်းတရားတွေကနေ နှလုံးသားကို ကင်းဝေးနေပါစေ -- ခွင့်လွှတ်ပေးလိုက်ပါ
- ပူပန်သောကရောက်မှုတွေကနေ စိတ်နှလုံးဝိဥာဉ်ကို ကင်းလွတ်ခွင့်ပေးထားပါ --- အရာရာဟာ အဆင်ပြေချောမွေ့သွားမှာပါ
- ရိုးရှင်းစွာနေထိုင်ပါ ကိုယ့်မှာရှိတာကို နှစ်သိမ့်ကျေနပ်နိုင်ပါစေ
... - များများပေးဆပ်ပါ - သူများလိုအပ်ချက်တွေကို ကိုယ်ဖြည့်ဆည်းပေးနိုင်ပါစေ
- လူတွေဆီက နည်းနည်းပဲမျှော်လင့်ချက်ထားပါ - ရယူချင်တယ်ဆိုတဲ့ မျှော်လင့်ချက်မထားလေကောင်းလေပါပဲ
- ပျော်ရွှင်မှုဆိုတာ ဝေးဝေးလံလံ လိုက်ရှာနေစရာမလိုပါဘူး -- ကိုယ်လုပ်နေတဲ့အလုပ်က အဓိပ္ပါယ်ရှိနေရင်ပဲပျော်ရွှင်စရာကောင်းနေပါပြီ
- ကိုယ်ဟာ တပါးသူအတွက် လမ်းပိတ်သလိုဖြစ်နေခဲ့ရင်လမ်းဖယ်ပေးလိုက်ပါ -- သူတို့သွားပါစေ
- လူတွေကို အမြဲ ပြုံးပြီးဆက်ဆံကြည့်ပါ -- သူတို့ ပြန်ပြုံးပြတဲ့အခါ ဘ၀ရဲ့ အနှစ်သာရကို သိလာပါလိမ့်မယ်

ဘယ်လိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ကို ဖြတ်သန်းပေမယ့်လည်း တခါတရံမှာ တော့ စိတ်ညစ်စရာတွေ စိတ်ပျက်စရာတွေနဲ့ကြုံကောင်းကြုံပါလိမ့်မယ် ။

ဟိုး--- ကောင်းကင်ကြီးကိုမော့ကြည့်လိုက်စမ်းပါ - - အဆုံးအစမဲ့ ကျယ်ဝန်းနက်ရှိုင်းလို့ --

လောကကြီးတခွင်ကို ဖြန့်ကျက်ကြည့်လိုက်ရင် ကျွန်တော်တို့ ညည်းတွားနေမှု အခက်အခဲကြုံနေရမှုတွေဟာ ပြောပလောက်တဲ့အရာတွေ မဟုတ်ဘူးဆိုတာ သိလာပါလိမ့်မယ် ။
သက်တန့်ချို.........
ဘယ်လောက်ကြီးပဲ ဆင်းရဲနေပါစေ - ဘယ်လောက်ကြီးပဲချမ်းသာနေပါေ

နောက်ဆုံးတော့လည်း မြေကြီးထဲ ၀င်ရတာပါပဲ

(အခုခေတ်ကတော့ မြေကြီးထဲတောင်မနေရတော့ဘူး ပြာဖြစ်သွားပြီ )
...
မာန်မာနတွေလျော့လို့ ချစ်ချစ်ခင်ခင်နေကြစို့
ဆင်းရဲချမ်းသာမရွေး အစွန်းရောက်ခြင်းများကို ရှောင်ကျဉ်လို့ မေတ္တာတရားထားကြစို့

သက်တန့်ချို.....................

(အရိပ် )

သင်နဲ့ လူ ၁၀ ယောက်နဲ့ရှိတယ်ဆိုပါစို့ - -

သင့်သဘောထားကို လူ ၉ ယောက်က ဆန့်ကျင်တယ်ဆိုရင်တောင် လူ ၁ ယောက်ကတော့ သင့်သဘောထားအတိုင်း အမြဲရှိနေမှာပါ
...
အဲဒါသင့်ရဲ့ - အရိပ် - ပဲ

သင် ကောင်းတာပဲလုပ်လုပ်
သင်ဆိုးတာပဲလုပ်လုပ်
သင်သေသွားတဲ့အထိ သင့်အရိပ်က ထပ်ချပ်မကွာ အနောက်ကနေအမြဲလိုက်နေလိမ့်မယ် ။

သက်တန့်ချို..

ကျွန်တော်တို့ ဘာကြောင့်ခက်ခဲ ရှုပ်ထွေးတဲ့ ဘ၀မှာ နေနေကြမလဲ ?

- တစုံတယောက်ကို သတိရနေသလား ( သူ့ကို ဖုန်း ခေါ်လိုက်ပါ )

- တစုံတယောက်ကိုတွေ့ချင်သလား (သူ့ကို ဖိတ်ခေါ်လိုက်ပါ )
...
- သူနားလည်ရခက်နေသလား ( ရှင်းပြလိုက်ပါ )

- သင့်မှာမေးခွန်းတွေရှိနေသလား ( မေးလိုက်ပါ )

- သင်ဒါကို မကြိုက်ဘူးလား ( ငြင်းပယ်လိုက်ပါ )

- သင်ဒါကို ကြိုက်သလား ( မှတ်သားထားလိုက်ပါ )

- တခုခုကို လိုချင်သလား ( ရနိုင်မရနိုင်မေးလိုက်ပါ )

ဘယ်သူကမှ သင့်စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ တိတိကျကျမသိကြပါဘူး ။
တစုံတခုကို မျှော်လင့်ရတာထက် အဲဒီအကြောင်းအရာကို ထုတ် ဖော်ပြလိုက်တာ ပိုပြီးကောင်းမွန်ပါတယ် ။
သင့်မှာ “ ငြင်းပယ်ခြင်း ” ဟာ အရင်ကတည်းကရှိနေခဲ့မယ်ဆိုရင်--
“ လက်ခံခြင်း” ရဲ့ အကျိုးအပစ်တွေကိုလည်း သင်နားလည်နိုင်ပါစေ
Yes နဲ့ No ဆိုတာ စာလုံး တစ်လုံးသာ ကွာပေမယ့် အဓိပ္ပါယ်ကတော့ မိုးနဲ့မြေလိုကွာခြားလွန်းပါတယ်

ကျွန်တော်တို့တွေဟာ လူတစ်ဦး တစ်ဘ၀သာ ပိုင်ဆိုင်ခွင့်ရကြတယ် ။ ဘာကြောင့်များ ရှုပ်ထွေး တဲ့ဘ၀ကို ဖြတ်သန်းမလဲ ?

ရတဲ့ဘ၀လေးကို တန်ဖိုးထားပြီး ရိုးရှင်းစွာ ဖြတ်သန်းလိုက်ပါ ။ ပြုံးလိုက်ပါ ။ ဘ၀ဟာ တန်ဖိုးရှိလှပါတယ် ။

သက်တန့်ချို




(*******ပုံတင်ပြမပေးနိုင်တဲ့အတွက်နားလည်ပေးစေချင်ပါသည်********)

တစ်ခါတုန်းက သစ်ခုတ်သမားတစ်ဦးဟာ ကုန်သည်သူဌေးကြီးတစ်ဦးဆီမှာ အလုပ်ရဖို့အတွက် အကူအညီသွားတောင်းတယ် ။ သစ်ခုတ်တဲ့အလုပ်ကိုသူရသွားပါတယ် ။ သူ့လုပ်ခ လစာကလည်းအရမ်းကောင်းတဲ့အတွက် သူ့အတွက် အခြေအနေအားလုံးဟာ ကောင်းနေပါတယ် ။ ဒါကြောင့် သစ်ခုတ်သမားဟာသူအစွမ်းကုန် သူ့အလုပ်ကိုလုပ်ဖို့ဆုံးဖြတ်လိုက်တယ် ။

သူ့ သူဌေးက သူ့ကို ပုဆိန်တစ်လက်ကိုပေးပြီး ခုတ်ရမယ့်နေရာတွေကိုလိုက်ပြတယ် ။ ပထမရက်မှာတော့ သစ်ခုတ်သမားဟာ အပင် ၁၅ ပင်ကိ...ုခုတ်နိုင်ပါတယ် ။ “ ဂုဏ်ယူပါတယ် ” လို့ သူဌေးကပြောတယ် “ အလုပ်ကို ကြိုးစားပြီးလုပ်ပါ ”

သူ့သူဌေးရဲ့အားပေးစကားကြောင့် သူအားတတ်သွားပြီးနောက်ရက်မှာလည်း အလုပ်ကို ဒီထက်ပိုကြိုးစားတယ် ။ ဒါပေမယ့်နောက်ရက်မှာ သူဟာ ၁၀ ပင်ပဲခုတ်နိုင်ခဲ့တယ် ။ တတိယရက်မှာလည်းသူဟာပိုပြီး ကြိုးစားခုတ်ခဲ့တယ် ။ ဒါပေမယ့် ၇ ပင်ပဲခုတ်နိုင်ခဲ့တယ် ။ နေ့ရက်တွေကြာလာတာနဲ့အမျှ သူဟာ အပင်တွေကိုလျော့လျော့ပြီးပဲ ခုတ်နိုင်ခဲ့တယ် ။

“ ငါ့စွမ်းအားတွေကျဆင်းနေပြီ ” လို့ သစ်ခုတ်သမားကတွေးထင်လိုက်တယ် ။ ဒါနဲ့သူဟာ သူ့သူဌေးဆီကိုသွားပြီး သူဘာကြောင့် ဒီလို အပင်တွေ ကိုကြိုးစားခုတ်ပေမယ့်လည်းလျော့ပြီးပဲ ခုတ်နိုင်ရသလဲ ဆိုတာ နားမလည်တဲ့အကြောင်းမေးမြန်းခဲ့တယ် ။

“ သင်ဟာ ဘယ်အချိန်တုန်းက သင့်ပုဆိန်ကိုသွေးခဲ့သလဲ ” လို့ သူဌေးကမေးတယ် ။ “ သွေးရမယ် ဟုတ်လား ကျွန်တော်ဟာ အပင်တွေကို ခုတ်ဖို့အလုပ်များနေတဲ့အတွက် ပုဆိန်ကိုသွေးဖို့ အချိန်မရှိခဲ့ပါဘူး ” လို့ သစ်ခုတ်သမားက ပြန်ဖြေရှင်း သူ့လိုအပ်ချက်ကို သူ ရှင်းရှင်းလင်းလင်းသိသွားခဲ့တယ် ။

############################

ကျွန်တော်တို့အများစုဟာ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်တတ်မြောက်မှု Skills တွေကို ဘယ်တော့မှ Update မလုပ်မိကြဘူး ။ ကျွန်တော်တို့ သင်ယူခဲ့တာ သင်ယူနေတာ တတ်ထားတာလေးတွေဟာ ဘ၀အတွက်ပြည့်စုံလုံလောက်နေပြီလို့ပဲ ထင်နေမိတတ်ကြတယ် ။ Good ဆိုတဲ့စကားလုံးနဲ့မလုံလောက်သေးပါဘူး Better ဆိုတဲ့စကားလုံးရအောင်ကြိုးစားရဦးမှာပါ ။ ကိုယ်တတ်မြောက်ထားတဲ့အရည်အသွေးတွေကို ထက်မြနေအောင် အချိန်တိုင်းသွေးထားမှသာ ကျွန်တော်တို့လိုချင်တဲ့ Success ဆိုတဲ့ အောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ် ။

သက်တန့်ချို

ဝန်ခံချက်......အခုတင်ပြသောပိုစ့်မှစာများနင့်ဓာတ်ပုံများကို*သက်တန့်ချို*ဆိုက်မှကူးယူမျှဝေပါသည်..........

                   

ွှမှတ်ချက်။ ။ဤပိုစ့်လေးသည် အရူးလွယ်အိတ်ဆိုဒ်ထဲတွင်မက်ခ်ျလ 15, 2012 တွင် ကျွန်တော်မျှဝေခဲ့သောပိုစ့်လေးဖြစ်ပါသည်....

             စာဖတ်ပရိတ်သတ်များအား အစဉ်လေးစားချစ်ခင်လျှက်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>