မော်လမြိုင်ကျွန်းမြို့ ၊ မြို့မ (၄) ရပ်ကွက် ၊ ဘုရင့်နောင် (၁၀) လမ်းထဲမှာ ၃၀-၁၂-၂၀၁၁ ရက်နေ့ညက အိမ်တစ်အိမ်မှာ (၂) လောင်းပြိုင်လူသတ်မှု
ဖြစ်သွားပါတယ် .. (၄) ရပ်ကွက်က ရဲစခန်းနဲ့ကပ်လျက်ဆိုတော့ ရဲတွေလည်း ပျာယာခပ်သွားပါတယ် .. သေတာက အသက် (၅၈) နှစ် ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီး (၁) ဦးနဲ့ (၂၁) နှစ်အရွယ်ရှိတဲ့ အမျိုးသမီးငယ် (၁) ဦးပါ ။ အိမ်မှာ အဲဒီ (၂) ယောက်ထဲရှိတဲ့အချိန် .. တခြားမည်သူမျှမရှိတဲ့အချိန်မှာ
ဖြစ်သွားတာပါ .. သတိထားစရာတွေပါ .. လက်ရှိအခြေအနေကတော့ ဒီလောက်ဘဲ သိရပါသေးတယ် .. နောက်ထပ် ခိုင်လုံပြည့်စုံတဲ့အချက်
အလက်တွေရလျင် ထပ်ပြီးပေးပို့ပါအုံးမယ် .. ယခုလောလောဆည်တော့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ၊ လပွတ္တာခရိုင်ရဲတပ်ဖွဲ့မှူး ၊ အင်းစိန်
C.I.D ၊ နယ်မြေခံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး အမှုဖြစ်ရပ်မှန်ပေါ်ပေါက်ရေး ၊ တရားခံဖမ်းဆီးရမိရေးတို့အတွက် အပူတပြင်းစုံစမ်းဖော်ထုတ်မှု စစ်ဆေးမှုများ
ပြုလုပ်နေကြပါတယ် .. အလွန်ကြောက်စရာ သွေးပျက်ဖွယ်ဖြစ်ရပ်ပါ .. အထူးသတိထားစရာတွေပါ ။
↧
နှစ်လောင်းပြိုင်လူသတ်မှု
↧