Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကျွန်တော့်ချစ်သူသိအောင်ပြောပေးပါ

$
0
0

တစ်ချို့ကပြောကြတယ် ....သူတို့ချစ်သူတွေရဲ့စကားသံလေးကိုကြားရချိန်မှာ ဆည်းလည်းလေးလှုပ်ခတ်သွားသလို၊ စမ်းချောင်းလေးစီးဆင်းသွားသလို အေးမြငြိမ်းချမ်းလှတယ်တဲ့....

ကျွန်တော့်အတွက်တော့ ကျွန်တော့်ချစ်သူရဲ့စကားသံလေးကိုကြားရချိန်မှာ ပင်ပန်းနွမ်းနယ်လှတဲ့ ကျွန်တော့ဘ၀၊ ကျွန်တော့်ပတ်ဝန်းကျင်းကို ခဏမေ့ထားမိတာ ခဏခဏပါပဲဗျာ.........

မနက်၆နာရီ အိပ်ယာကနိုးလို့ သွားတိုက်၊မျက်နှာသစ်၊ နံနက်စာစားပြီးချိန် တစ်နေ့တာလိုအပ်တဲ့ Demand တွေ ၊ ဘောက်ချာတွေနဲ့ စလစ်တွေကို လက်မှတ်ထိုးပေးပြီးချိန်မှာ I-com ကိုခါးမှာချိတ်ပြီး ဆိုဒ်ထဲဆင်းတာ ကျွန်တော့်ရဲ့ နေ့စဉ်အလုပ်ပေါ့.........

အလုပ်ထဲမှာ Material ကိစ္စ၊ labor ကိစ္စကနေ နောက်ဆုံး site clearing အထိ တာဝန်ယူကြီးကြပ်ရတဲ့ကျွန်တော့်အဖို့ စိတ်ငြိမ်းချမ်းရတဲ့အချိန်လေးဟာ သူနဲ့ခဏတာစကားပြောခွင့်ရချိန်လေးပါပဲဗျာ................

သူ့ဆီက တစ်ခါတစ်ခါကြားရတတ်တဲ့ မခိုးမခန့်ရယ်သံလေးတွေက ကျွန်တော့်အတွက်တော့ နွေနေပူထဲက ရေကြည်အေးတစ်ခွက်လိုပါပဲ .....

ဆိုဒ်ထဲကပြန်ရောက်လို့ ဆိုင်ကယ်ပေါ်ကဆင်းချိန်မှာ ကျွန်တော် အလုပ်ဖြစ်ဆုံးနဲ့အလုပ်ချင်ဆုံးက သူ့ဆီကို ဖုန်းဆက်ဖို့ပါပဲ.......သူ့ဆီကိုဖုန်းဆက်လို့အဆင်မပြေတဲ့အခါ ဆံပင်တွေကိုလက်ချောင်းတွေနဲ့ထိုးဖွရင်း မျက်နှာကိုလက်ဝါးနဲ့အုပ်ထားရင်းခဏခဏပွတ်သပ်မိတာ ကျွန်တော့်အတွက် အကျင့်တစ်ခုလိုဖြစ်နေပါပြီ.........

ဘန်နီဖြိုးသီချင်းထဲကလိုပေါ့

ချစ်သူမရှိတဲ့အရပ်မသွားချင်ပေမဲ့ တစ်ချိန်မှာ ပျော်ရွှင်စရာကောင်းတဲ့ နှစ်ကိုယ်တူဘ၀လေးပိုင်ဆိုင်နိုင်ဖို့ ခဏတာခွဲခွာနေရတယ်ဗျာ......

နေရာဒေသတွေ၊ အစားအစာတွေ ပြောင်းသွားပေမဲ့လည်း သူနဲ့အတူမရှိနိုင်လို့ နေသားမကျနိုင် ၊ ခံတွင်းမတွေ့နိုင်ပါဘူးဗျာ........

ဒါပေမဲ့ ကျွန်တော်ဟာ ယောင်္ကျားတစ်ယောက်ဖြစ်တဲ့အတွက် တာဝန်တွေကျေပွန်အောင် ၊ ကျွန်တော့်ချစ်သူနဲ့ သာယာပျော်ရွှင်တဲ့ဘ၀လေးပိုင်ဆိုင်နိုင်အောင် ဆက်ပြီးကြိုးစားနေဦးမှာပါ.......

ခု ဒီစာလေးကိုဖတ်ပေးနေတဲ့သူငယ်ချင်းရေ......

တကယ်လို့များကျွန်တော့်ချစ်သူကိုတွေ့ခဲ့ရင် အရမ်းစိတ်ညစ်မခံဖို့ ၊ ကျွန်တော့်ကိုအမြဲသတိရနေဖို့နဲ့ ပြီးခဲ့တဲ့ VALENTINE DAY တွေမှာ ကျွန်တော်တို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြတာကို ပြန်တွေးရင်း မဝေးတော့တဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ သာယာလှပတဲ့အနာဂတ်နေ့ရက်လေးတွေအတွက် အားတင်းထားပါလို့ ပြောပေးပါဗျာ......နော်

ကျွန်တော့်ကို သူငယ်ချင်းပြောစရာရှိရင် စာရေးပြီးပြောခဲ့ပေးပါနော်...ဒီစာလေးကို အချိန်ပေးဖတ်ကြည့်ပေးလို့ သူငယ်ချင်းကိုလည်း ကျွန်တော် ကျေးဇုးတင်ပါတယ်ဗျာ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>