သူမ အနီးကလူတွေ တစ်ယောက်ပြီး တစ်ယောက်ပျောက်ဆုံးနေကြသည်။
မှတ်မှတ်မိမိ သူမ နှစ်တန်းအရွယ်လောက်က သူမ၏ အဘိုး အသုဘလိုက်ပို့ကြ တာကို သတိထားမိသည်။ ၀မ်းနည်းသည် ဆိုတဲ့စိတ်ထက် အဲဒီတုန်းက ငှက်ပျောအူတွေပါသည့် မုန့်ဟင်းခါးစားရ
တာကို ပိုသတိရသည်။သူမ ဆယ်တန်း နှစ်ရောက်တော့ သူမတို့အတန်းပိုင်ဆရာမ အဆုတ်ကင်ဆာနဲ့ဆုံး
သွား သည်။ညညမက်သည့် အိပ်မက်တွေထဲမှာတော့ ဆရာမက သူမတို့ကို စာလာသင်နေဆဲဖြစ်သည်။
သူမ တွယ်တာလေးစားရသည့် ငယ်သူငယ်ချင်းတစ်ယောက်နှင့် မတွေ့ရတာ သုံး နှစ်ပြည့်တော့မည်။
ကျောင်းတု န်းကအပေါင်းအသင်းတွေအားလုံးလည်း တစ်ယောက် တစ်နေရာစီမှာ...။တစ်မြို့ထဲကျန်ခဲ့သည့်
သူငယ်ချင်းတွေနဲ့လည်း စိမ်းသထက်စိမ်းလာပြီ။ သူမ အလုပ်စ၀င်တော့ အားလုံးထဲမှာ သူမအသက်
အငယ်ဆုံး..။ အဲဒီတုန်းက သူမတို့သိပ်ရင်းနှီးခဲ့ရသည့် မိတ်ဆွေများ ။ အကြောင်းအမျိုးမျိုးကြောင့်
နေရာဒေသတစ်ခုစီမှာ ပြန့်ကြဲလျှက်...။ သူမပါတ်ဝန်းကျင်လေးသို့ ရန်သူဟု မခေါ်ရပေမယ့် မိတ်ဆွေ
မဟုတ်သည့်သူများလည်း ရောက်လာကြသည်။စိတ်နှလုံး တိုက်ဆိုင် ပြီး ရိုင်းပင်းကူညီကြသော အပေါင်း
အသင်းတစ်ချို့လည်းရှိသည်။ထိုချစ်သူ ခင်သူပုံ မှန်သူများအားလုံး သူမ၏ပတ်ဝန်းကျင်လေးထဲ တည်မြဲစွာ မနေ
တာချင်းတူညီသည်။
ရင်ထဲနင့်နေအောင် သံယောဇဉ် ရှိသောသူများကိုလည်း အနားကထွက်မသွားဖို့ ဆွဲမထားနိုင်သလို
မသက်ဆိုင်သည့်သူများကိုလည်း တခြားအရပ်ရပ်တွေဆီ မသွားဖို့ ပြောပိုင်ခွင့်မရှိပါ။ ထိုသူများနှင့် ရင်း နှီး
တွေ့ဆုံခဲ့သည့် အမှတ်တရတွေသာ ကိန်းဝပ်ကျန်ရစ်ခဲ့သည်။
သူမကေ တာ့ ထိုတစ်စုံတစ်ရာများကို ဆွဲထားချင်သည်။ ကျန်းကျန်းမာမာ ရှိနေဆဲဖြစ်သည့် မိဘနှစ်ပါး
နောင်တစ်ချိန်မှာ သူမတို့ကို ထားသွားခဲ့မှာ ကြောက်သည်။ဘယ်အရာမြဲလဲမေးရင် " မြဲတော့ မမြဲဘူးပေါ့
..ဒါပေမယ့်.." ဒါပေမယ့် ...နောက်မှာ မဖြေတတ်တော့ပါ။
မမြဲသည့် ခဏလေးကိုပဲ သူမ သာယာယစ်မူးနေမိသည်။ အဲသလိုပင် သူမအနားက လူတွေ
သက်ရှိသက်မဲ့တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားကြသလို အသစ်သစ်တွေဖြစ်တည်လာတာကိုလည်း
သတိထားမိသည်။ပျောက်ကွယ်သွားကြတာနဲ့ အသစ်ပေါ်လာကြတာတွေနဲ့ ညီတော့ညီမျှနေသည်။
ပျောက်ကွယ်ရမည့် အရာတွေထဲမှာ သူမ ပါဝင်ရဦးမှာသိတော့သိသည်။သူများတွေကို ဆွဲထားချင်ခဲ့
သည့် သူမရော ပြောင်းလဲနိုင်စွမ်းရှိပြီလား။ ခွဲခွာဖို့အရေး သူမ ရက်စက်တတ်ချင်ပါသည်။ ။