အမှတ်တမဲ့မှ အမှတ်တရ
ကိုယ့် ဘ၀ မှာ
ဘာလေးပဲ ဖြစ်ဖြစ်
အမှတ်တမဲ့ဟာ
အမှတ်တရဖြစ်ဖြစ်သွားတတ်တယ်။
ကဗျာလေးတစ်ပုဒ်
ပေါ့ပေါ့ပါးပါးလေး ရေးချင်တယ်
တကယ်ရေးလိုက်တော့
လေးနက်ရှည်လျှားတဲ့
အမှတ်တရ ကဗျာလေးပဲ ဖြစ်သွားတတ်တယ်။
သီချင်းလေး တစ်ပုဒ် အမှတ်တမဲ့
အလုပ်လုပ်ရင်းသီဆိုမိတယ်။
တစ်ဖက်လူ ရင်ထဲ ထိမှန်စေတဲ့
အမှတ်တရ
သီချင်းမျိုး ဖြစ်နေတတ်တယ်။
လမ်းဘေး ဆိုင်လေး မှာ
အမှတ်တမဲ့ ၀င်စားမိတယ်။
တစ်ခါစားပြီး အမြဲစားချင်တတ်တဲ့
အမှတ်တရ လက်ရာမျိုးလေး
ဖြစ်သွားပြန်တယ်။
တစ်ခြားလူ ဖွင့် ထားတဲ့ ရုပ်ရှင်ကို
အမှတ်တမဲ့ ငေးလိုက်မိတယ်။
တစ်သက်တာ သိမှတ်ထားရမဲ့
ဇာတ်လမ်းလေး ဖြစ်ခဲ့တယ်။
ချစ်သူတစ်ယောက်
အမှတ်တမဲ့ အွန်လှိုင်းပေါ်မှာ တွေ့ခဲ့ပြန်တယ်။
ကိုယ်မပူလောင်ချင်လို့
မဆုတ်ကိုင်ရဲခဲ့ဘူးလေ။
……………………….
ကိုယ်အေးချမ်းစွာပဲ ဘ၀ ကိုဖြတ်သန်းချင်တယ် လေ။
တို့ ဘ၀ မှာ အမှတ်တမဲ့
ဘာတွေ ပဲ လုပ်လုပ်
အမှတ်တရ ဖြစ်ဖြစ်သွားတတ်လို့
“အမှတ်တမဲ”့ ဆိုတာချည်း ကို ရှောင်ပြေးမိတယ် ရှင်။
↧
အမှတ်တမဲ့မှ အမှတ်တရ
↧