Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ှုငှက်ကလေးကပြောတဲ့အဆိုးနဲ့အကောင်း

$
0
0

တခါတုန်းကပေါ့.....

နှင်းမုန်တိုင်းတွေ တရကြမ်းတိုက်ခတ်နေတဲ့အချိန်မှာ...အရမ်းကိုဆာလောင်နေတဲ့..ငှက်လေး တစ်ကောင်ဟာ နှင်းတောထဲမှာ ခိုက်ခိုက်တုန်အောင် ချမ်းအေးတဲ့ ဒဏ်ကိုခံပြီး အစာကိုရှာဖွေနေရသတဲ့....အရမ်းလဲချမ်းပြီး ဆာလောင်နေတဲ့အချိန်...နှင်းတောထဲမှာဟိုလျှောက်လိုက်.ဒီလျှောက်လိုက်နဲ့..လမ်းပျောက်နေတဲ့ငှက်ကလေးပေါ်ကို နွားကြီးတစ်ကောင်က
ချေးပါ ချလိုက်သတဲ့...အဲဒီတော့ ငှက်ကလေးကတော်တော်လေးစိတ်ညစ်သွားတာပေါ့...နွားချေးပုံထဲကိုတကိုယ်လုံး နစ်ဝင်နေတဲ့သူ့ကိုယ်သူလဲအရမ်းစိတ်ပျက်နေသတဲ့..ချမ်းပြီးဆာနေရတဲ့အထဲ နံစော်နေတာဘဲပေါ့..ဒါပေမယ့်လေ တဖြည်းဖြည်းနဲ့သူ့ကိုယ်လေးကနွေးထွေးလာတာကိုသူခံစားလာရတယ်ကွယ့်..ဘာလို့လဲဆိုတော့..နွားရဲ့ကိုယ်ထဲကနေ ပါချလိုက်တဲ့ချေးတွေက ပူပူနွေးနွးလေးဆိုတော့..သူ့ကိုယ်ပေါ်ကနှင်းခဲလေးတွေက အရည်ပျော်ကျသွားလို့တဲ့ကွယ်....

 

ပုံပြင်လေးကတော့အဲလောက်ပါဘဲကွယ်..

ပုံပြင်လေးကို စာအုပ်တအုပ်ထဲကဖတ်ရပြီး သယ်ရင်းတွေကိုပြန်ဝေငှချင်လို့...ဒီမှာတင်လိုက်တာပါဒီပုံပြင်လေးကပြောချင်နေတဲ့ အကြောင်းအရာလေးတစ်ခုရှိပ်ါတယ်..အဲဒါကတော့..အားလုံးကြားဖူးကြမှာပေါ့..လောကမှာအဆိုးနဲ့အကောင်းဒွန်တွဲနေတာကိုပြောချင်တာပါ

ငှက်ကလေးအတွက်အရမ်းအေးပြီး ဆာလောင်နေတဲ့အချိန်မှာ..နွားချေးနံနံစော်စော်ကြီးသူ့ပေါ်ကိုကျလာတော့သူအတွေးထဲမှာတော့သူအရမ်းကို ကံဆိုးသွားတာပေါ့..ဒါပေမယ့် အဲလိုနွားချေးကဘဲသူ့ကိုနွေးထွေးတဲ့အခွင့်ရေးပေးတယ်လေ...အဲလိုဘဲပေါ့ ကိုယ့်ဆီကိုဘယ်လိုအခက်အခဲ အတားဆီးတွေဘဲလာလာ...အဲဒီမှာကိုယ့်အတွက် ကောင်းတာလေးတခုတော့ပါလာတက်တယ်တဲ့..

ဥပမာ အလုပ်လုပ်တဲ့လူတယောက်ပေါ့...ပြသနာတခုနဲ့ကြုံနေရတဲ့အချိန်ဆို အရမ်းစိတ်ညစ်တယ်..စိတ်ဓာတ်ကျတယ်....စိတ်ဓာတ်မာတဲ့လူ..ဆိုရင်တောင် အဲလိုပြသနာကိုဖြေရှင်းရလို့ စိတ်ပင်ပန်းတာတော့ရှိမှာပေါ့..ဒါပေမယ့်အဲလိုဖြေရှင်းလိုက်လို့ပြေလည်သွားတာဘဲဖြစ်ဖြစ်..မပြေလည်တာဘဲဖြစ်ဖြစ်သူ့အတွက်တော့..ပြသနာ

ဖြေ၇ှင်းတဲ့အတွေ့အကြုံကိုသူရမှာပေါ့...အဲဒီအတွေ့ကြုံထဲမှာမှ ကောင်းတာတွေလဲသူရမယ် ဆိုးတာတွေလဲသူရမယ်..အဲဒါတွေကို သူ မှတ်ထားပီးနောင်အခါမှာကြုံလာခဲ့ရင်သူဖြေ၇ှင်းနိုင်သွားပြီပေါ့....တို့ကိုယ်တိုင်လဲအဲလိုကြုံနေရလို့ ကိုယ့်ကိုကိုယ်အားတင်းပြီးဒီစာလေးကိုတင်လိုက်တာပါ..ကိုယ်နဲ့ဘ၀တူတွေလဲ ဒီစာလေးကိုဖတ်ပြီးအားတင်းထားပါသယ်ရင်းတို့ရေ...

စာကိုခုမှစရေးတာဆိုတော့ ဖတ်ရတာအဆင်မပြေတာရှိရင်လဲ ..သည်းခံပေးကြနော်...ကွန်းမန့်တွေလဲပေးကြပါ...

ဒီပုံပြင်လေးကို sharing လုပ်ချင်လွန်းလို့ ဒီမှာစာရေးပီး တင်ရတာပါ..

ကိုယ့်ဘ၀ကို ကိုယ်အလုပ်လုပ်ပီး၇ှင်သန်နေရတဲ့ဘူတွေအားလုံး..ကိုယ်လျှောက်နေတဲ့လမ်းမှာအဆင်ပြေချောမွေ့ကြပါစေ..

အဆိုးအားဖြင့်အရှုံးမခဲဘဲ..အကောင်းအားဖြင့်အဆိုးကိုအောင်နိုင်လော(ရောမ ၁၂:၁၂)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>