Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

(( အေးမြသော ဘ၀ ဆိုသည်မှာ ))

$
0
0


လူတိုင်း လူတိုင်းသည် အေးချမ်းသော ဘ၀ကိုပိုင်ဆိုင်လိုကြပါသည် ။ သို့သော် လက်တွေ့မှာ ပူလောင်၊ ပူပန်နေကြရပါသည် ။ ဒါက လောက သဘာဝလို့ ဆိုလျှင်လဲ ရနိုင်ကောင်းပါသည် ။ အဘယ့်ကြောင့်ဆိုသော် လောကရှိ လူတိုင်းပူပင်နေကြရ လို့ပင် ဖြစ်ပါသည် ။ လူတိုင်းနီးပါး ခံစားနေရသည့်အတွက် လောကကြီးက ပူလောင်မူတွေ ပေးနေသရောင်ပေါ့ ။ အမှန်တော့လောကမှာ အေးမြသော ဘ၀ ကို ပိုင်ဆိုင်ထားသူတွေ လဲ ရှိနေပါသေးသည် ။


ရှိတော့ ရှိသည် ။ ရှားပါသည်။ နည်းပါသည် ။ ရိုးရိုးလေးပဲ ကြည့်ပါလျှင် အေးချမ်းသည့်ဘ၀ ပိုင်ရှင်သည် အရိယာ သူတော်ကောင်းတွေရဲ့ ဘ၀လို့ ပြောရပါမည် ။ မြန်မာလူမျိုးတိုင်းလဲ သိထား ပြီးပါ ပြီ။ သို့သော် ကျမ တို့လို သာမာန်လူ ၊ ပုထုဇဉ် အတွက်တော့ အဘယ်ဖြစ်နိုင်မည်နည်းပေါ့ ။ ဖြစ်နိုင်ပါသည် ။ အရိယာသူတော်ကောင်း ဆိုသည်ကလဲ မွေးထဲက ဖြစ်လာတာမဟုတ်။ ကြိုးစားအားထုပ် ပြီးမှ အရိယာအဖြစ်သို့ ရောက် ကြရခြင်းဖြစ်ပေသည် ။ သို့သော် အေးမြချင်ရင် အရိယာ ဖြစ်အောင်လုပ်ပါလို့ ပြော လျှင် နားထောင်မည်သူ ၊ နားဝင်မည်သူ ရှားပါသည် ။ သို့သော် အရိယာ အစစ်ဖြစ်မှ အေးချမ်းသည်လဲ မဟုတ် ။ အရိယာမဖြစ်သေးသော်လဲ အေးချမ်းမူကိုပေးစွမ်းသော အရာ များ ရှိပါသေးသည် ။


ကျမတို့ ဘုရားရှင်က လူတစ်ယောက်မှာ စိတ်သာ အဓိက လို့ ပြောထားပါသည် ။ ဘုရားစကားမို့ မှန်သလို ၊ အေးချမ်းဖို့ အတွက်ရာလဲ အလွန်မှန်ကန်လှပါသည် ။ လူတွေကို ပူလောင်နေစေတာ စိတ် ပါပဲ ။ စိတ်ဆိုသည် ဘုရင်တစ်ပါးလိုပါပဲ ၊ သူက ခိုင်းသမျှကို ခန္ဒာကိုယ်ကြီးက မညီးမညူ လိုက်ပါလုပ်ဆောင်နေကြရသည် ။ စိတ်သည် အမျိုးအစားများစွာခွဲလို့ရသော်လဲ အဓိက စိတ်နှစ်မျိုးသာ ခွဲ ခြမ်း ပါသည် ။


လောဘစိတ် နှင့် ဒေါသစိတ် ပါ ။
ကျေနပ်လျှင်၊ နှစ်သက်လျှင်။ ပျော်လျှင် ၊ ကောင်းတယ်ထင်လျှင် ထိုစိတ်အားလုံးသည် လောဘ စိတ် ။
မကျေနပ်လျင်၊ မနှစ်သက်လျှင် ၊ မပျော်လျှင်၊ မကောင်းဘူးထင်လျှင် ထို စိတ်အားလုံးကတော့ ဒေါသ စိတ်တွေပါပဲ ။
လောဘစိတ်ရော ဒေါသ စိတ်ပါ နှစ်မျိုးလုံးသည် ပူလောင်ခြင်းတွေကို ပေးစွမ်းပါသည် ။


အားလုံးကို စေ့စေ့တွေးကြည့်လိုက်ပါ ။ ပျော် လျှင် တပ်မက်စိတ်လောဘ ဖြစ်တယ် ။ အဲ့ဒါလေးပျောက်သွားမှာ စိုးရိမ်ရသောကြောင့် ပူလောင်ရတာပါပဲ ။ ကောင်းတယ်ထင်ရင်လဲ ဒီလိုပါပဲ ကိုယ် မရမှာ စိုးရိမ်နေတာ ပူပန်မူပါပဲ ။ ကျေနပ်စိတ် ဖြစ်နေလျင် လဲ ထပ်လိုချင်တဲ့လောဘက လာတာပါပဲ မအေးချမ်းသေးပါဘူး ။ လောဘ စိတ် အစု တွေကတော့ ကောင်းသရောင်ထင်နေရသော အပူဓါတ် တွေ ကြီးပါပဲ ။ မသိမသာကနေ ဒုက္ခ ပေးတတ်သော စိတ် ပါပဲ။


နောက်တစ်ခု ဒေါသ စိတ်အစုကတော့ ပြော ဖွယ်ရာမရှိပါ။ သူကတော့ စိတ်တွင်ပူလောင်ရတာ အားမရလို့ လူခန္ဒာ ကပါ ဒေါသနောက် လိုက်ကြပါတယ် ။ “ ဒေါကရှေ့ထားမှားမယ် ”ဆို သော စကားဟာ အရမ်းကို မှန်ကန်ပါတယ် ။ ဘ၀ တစ်ခု လုံးအတွက်ပါမက သံသရာ အတွက်ပါ အမှားတွေကို ပေးတော့မှာပါ ။ နတ် ဘ၀ ဆိုရင်တောင် နတ်တွေ ဒေါသ ထွက်ရင် နတ်သက်ကြွေ ( သေ) ပြီး ငရဲသို့ ရောက်ရပါတယ် ။ ဒါကြောင့်မို့
ကိုယ်က ဒေါသ ထွက်ရင် လက်တွေ့ ခံရတာ သူများမဟုတ်ပါ၊ ကိုယ် ကိုတိုင်ပါပဲ ။ကိုယ့်မှာ အလွန်ပူလောင်ရတယ်။ ထို့ အပြင် လက်တွေ့ လုပ်ဆောင်ဖို့တွေ ကြိုးစားပြန်တယ်။ အဲ့ဒီမှာပဲ သူများအမှားကနေ ကိုယ့် အမှားကို ရောက်တော့တာပါပဲ ။ ဒေါသ ကြီးတတ်သူတိုင်း အလွန်သတိထားသင့်ပါတယ် ။ မကျေနပ် လျှင်လဲ ဒေါသ စိတ်ပါပဲ ။ မနှစ်သက်လျှင်လဲ ဒေါသပဲ။
မကောင်းဘူးထင်လျင်လဲ ဒေါသ စိတ်ထဲမှာပါပဲ ။ ထို ဒေါသ အုပ်စုကတော့ အင်အားကြီးမားပြင်းထန်ပါသည် ။
ဒေါသသည် ငရဲသို့ တိုက်ရိုက်ကြတတ်ပါသည်လို့ ဘုရားရှင်ဟောထားဘူးပါသည် ။


ပူလောင်တဲ့ စိတ်တွေ ဦးစီးနေတဲ့ လောကကြီးကို အေး မြစေသော တရားကလဲ နှစ်မျိုးရှိပြန်ပါသည် ။
ထိုတရား နှစ်မျိုးကတော့ ဒေါသစိတ်ကို ထိန်းချုပ်ဖို့ မေတ္တာတရားနဲ ၊ လောဘ စိတ်ကို ထိန်းချုပ်ဖို့ မုဒိတာ တရား တို့သာ ဖြစ်ပါသည် ။
မေတ္တာဆိုသည် အအေးဓါတ်ကြီးပါ ။ မေတ္တာစိတ်ကို ထား သူသည် ကိုယ်ကိုတိုင်ရော ၊ သူတပါးကိုသာ အေး မြစေပါသည် ။
ကိုယ် မကျေနပ်တဲ့လူ၊ မုန်းနေတဲ့လူ ကို တကယ်မေတ္တာအစစ်ရအောင် ထားကြည့်ပါ ။ သူ့ရဲ့ကောင်းကွက်လေးတွေကို လိုက်ရှာ ပြီး မေတ္တာပို့ကြည့် တဖြည်းဖြည်း အေး မြလာရတာ ကိုယ်ပါပဲ ။ ကိုယ့်က အရင်အေးချမ်းသည်မှာ လက်တွေ့သာဓက များစွာရှိပါသည် ။ လက်တွေ့လုပ်ဆောင်ကြည့်လျှင်လဲသိနိုင်ပါသည် ။ ထို့ကြောင့် ဒေါသမီးကို ငြိမ်းသတ်ရန် မေတ္တာသည်သာ ရေအေး ဖြစ်ပါပေသည် ။


လောဘစိတ် ကိုတော့ မုဒိတာ တရားနှင့် အေး ငြိမ်းလို့ရပါသည် ။ မုဒိတာ ဆိုသည်မှာ အပြောလွယ်ပေမဲ့ လက်တွေ့ ခက်လှသည် ။ လူဆိုသည် သနားတတ်သော်လဲ ၊ ကိုယ့်ထက်သာမှာစိုးရိမ်တတ်သည် ။ ထို စိတ်သည် ၀န်တိုစိတ် ။ ၀န်တိုစိတ်ကလဲလောဘ အုပ်စုပါပဲ ။ ထို့ လောဘ စိတ်တ.ိုသည် မုဒိတာ တရားဖြင့် ပွားများကြည့်ပါ ။ သူများတော်တာ ၊ တတ်တာ ချမ်းသာတာ ၊ ကောင်းစားတာကို ၀မ်းမြောက်ပေးတာ မုဒိတာပါ ။ မုဒိတာ စိတ်က ခက်ခဲသောကြောင့် မရလျှင် မေတ္တားကိုပဲ အားကိုးရပါမည် ။
မေတ္တာတရားကိုသာ ပွားများကြည့်ပါ လောဘစိတ်လဲ နည်းလာမည် ။ဒေါသ စိတ်လဲ လျော့ လာမည်မှာ သေချာပါသည် ။


မေတ္တာသည်သာ အေးမြမူအစစ်။ မေတ္တားတရားကို လက်ကိုင်ထားကြည့်ပါလျှင် ထိုသူ ၏ ဘ၀သည် အေးချမ်းတဲ့ဘ၀ဟု ပြောလိုရပါမည် ။ သူ့ရင်ထဲမှာ မေတ္တာ ၇ှိနေမှ တော့ သူက အေးမြနေမည်ပေါ့ ။
ဒေါသမီး၊ လောဘ မီးတို့သည်လဲ လောင်ဖို့ အားနည်းလာ ကြမည် ။ လောဘ၊ ဒေါသ မရှိတော့လျှင် အေးချမ်းရပါသည် ။ အေးမြတဲ့ ဘ၀ပိုင်ရှင်ဖြစ်ပါပြီ ။နောက်ဆုံး သံသရာ အတွက်လဲ အကျိုးထူးကို ဖြစ်စေပါသည် ။ မေတ္တတရားနှင့် သေလွန်သူသည် ကောင်းရာ သုဂတိ၌ သာ ကျင်လည်ရပြီး၊
သစ္စာလေးပါးတရား ရဲ့ မျက်မှောက်ပြုရာ နိဗာန် အထိရောက်အောင် အထောက်အပံဖြစ်စေပါသည် ။
အေးမြသော ဘ၀ပိုင်ရှင်များဖြစ်ကြပါစေ ။


ဆုမွန်ကောင်းတောင်းလျှက် ....
ဆန္ဒမွန်ဖြင့် ..
မှုံနံ.သာဖြူ..
(၉.၉.၂၀၁၂ ၊ ည ၈နာရီ ၅ မိနစ် ၊ ဥပုသ်နေ့)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>