Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

♥★♠♥ ချစ်တတ်သူ ♥★♠♥

$
0
0

Divider Scraps and GraphicsDivider Scraps and Graphics***သူငယ်ချင်းများအားလုံးမင်္ဂလာပါနော်*** .ဒီနေ့တော့ကောင်လေးတစ်ယာက်က၊ချစ်ရသောကောင်မလေးတစ်ယောက်ကို. ချစ်စကားလေးတွေနဲ့ရေးဖွဲသီကုံးထားတဲ့စာလေးတစ်စောင်အကြောင်းကိုပြောပြချင်လို့ပါ။

Divider Scraps and Graphics

*** ဒီလိုပါ ***

ကောင်လေးက ကောင်မလေးကိုအရမ်းချစ်တာလေ. ဒါပေမဲ့ ကောင်မလေးဆီကချစ်ခွင့်ကိုတော့ .သူမရသေးပါဘူး။ ကောင်မလေးနဲ့သူနဲ့ကလဲဘ၀အခြေအနေကမတူဘူးလေ။   ဒါကြောင့်သူ့မှာအားငယ်စွာနဲဒီစာလေးကို ရေးဖွဲ့ထားတာပါ။ သူဘယ်လောက်ချစ်တတ်လဲဆိုတာကိုသူငယ်ချင်းများလဲသူနဲ့ ထပ်တူခံစားရအောင်လို့တင်ပြလိုက်တာပါ ။Divider Scraps and Graphics

  Divider Scraps and Graphics

အချစ်ကိုကိုးကွယ်မိလို့           အလွမ်းတွေရမယ်ဆိုရင်တောင်ကိုးကွယ်မြဲကိုးကွယ်နေမှာပါ
အချစ်ကသိပ်ကိုဆန်းကြယ်တာပဲနော်
လုပ်ယူလို့ မရဘူး ..အချစ်ကိုလေ
အသံလေးကြားမိယုံနဲ့ဘာလို့ရင်ခုန်ရတာလည်းလို့... ကို့ကို...ကိုယ်ခဏခဏပြန်မေးကြည့်တယ်
အဖြေကရှင်းပါတယ်
........ချစ်လို့တဲ့......


Divider Scraps and Graphics

ချစ်တယ်ဆိုတဲ့စကားထက်ပိုပြီးလေးနက်တာက ...တန်ဖိုးထားတယ်...မြတ်နိုးတယ်ဆိုတာပဲလေ....
 အဲဒီစကားတွေထက်ပိုပြီးလေးနက်တဲ့စကားတွေရှိရင်ပြောချင်ပါသေး
ကို့..ကို..ကိုယ်နောက်ဆုတ်ရမလားရှေ့တိုးရမလားအခုထိမသိတော့ဘူး
နောက်ဆုံးမှာဒီလိုပုံလေးတွေ ( ငိုနေတဲ့ပုံလေးနဲ့ပါ )နဲ့      ကျန်ခဲ့ရမယ်ဆိုတာသိပြီးသားပါ
 ဒါပေမယ့် ကိုကချစ်မိနေတာကိုး....ဘယ်တက်နိုင်တော့မလည်း...


Divider Scraps and Graphics

ကိုချစ်တဲ့အချစ်ကတော့အမြဲတမ်းဖြူစင်နေမှာပါ....
ပေးဆပ်ချင်းသက်သက်ပါပဲ...ဘာကိုမှမမျှော်လင့်ပါဘူး...
အချစ်တစ်ခုပဲလိုတာပါ....အဲ့ဒီအချစ်ရရင်အရာရာကိုရင်ဆိုင်နိုင်ပါပြီ....
ဒါပေမယ့်...ဒီတစ်သက်တော့မမျှော်လင့်ရဲပါဘူး...
.နောင်ဘဝတွေသာရှိမယ်ဆိုရင်တော့.. .နောင်ဘဝမှာဆုံရပြီးချစ်သူလေးရဲ့အချစ်ကိုမျှော်လင့်တော့မယ်...
ကိုချစ်သူလေးကိုချစ်တဲ့အချစ်ကဘာအရောင်မှမပါဘူးဆိုတာကိုတော့ ယုံကြည်စေချင်တယ်..အဖြူရောင်သက်သက်လေးပါပဲ...

Divider Scraps and Graphics

 မပြည့်စုံတဲ့ဘဝကိုတော့အပြစ်မတင်ချင်တော့ပါဘူး
 ဒါပေမယ့်ကြိုးစားမှာပါ...ပြည့်စုံတဲ့တစ်နေ့ကျရင်တော့....
ကို.ချစ်သူလေးဆီအရောက်လာခဲ့မယ်ဆိုတာ ချစ်သူလေးယုံကြည်ပေးပါ.....
မပြည့်စုံတဲ့ဘဝမှာတော့ချစ်သူလေးကိုလည်း     ကို့ဘဝထဲကိုဆွဲမခေါ်ချင်ဘူး... ကိုချစ်တဲ့သူကို...ချမ်းချမ်းသာသာနဲ့နေတာပဲတွေ့ချင်တယ်...
ချစ်လို့ဆိုပြီးတော့ကို့ဘဝထဲကိုတော့ဆွဲမခေါ်ပါဘူး.. .ခေါ်မိရင်ချစ်သူလေးစိတ်ညစ်နေရမယ်....
ကိုကတိပေးပါတယ်။တစ်နေ့ချစ်သူလေးနားကိုအရောက်ပြန်လာခဲ့မယ်...
အဲဒီနေ့ကိုရောက်ဖို့ကို.. ကြိုးစားနေမှာပါ...အသက်ရှင်နေတရွေ့ပေါ့...

Divider Scraps and Graphics
 ချစ်သူလေးရေ ကို့ကိုမချစ်ပေမယ့်ကို့ထက်ချစ်ရမယ့်သူကိုတွေ့ရင်လည်းကို.နားလည်ပေးပါတယ်...
ချစ်သူလေးကကို့ရဲ့နှလုံးသားထဲကအမြဲထာဝရသခင်မလေးပါပဲ.....
ကို..တနေ့တော့ကို့ရဲ့ချစ်တယ်လို့ပြောထားတဲ့စကားတွေကိုပြန်ရုပ်သိမ်းပေးမှာပါ..
.ချစ်သူလေး ချစ်ရမယ့်သူကိုတွေ့ရင်ကို့ကိုပြောပါ....ကိုနားလည်ပေးပါတယ်... ကို့စကားတော့တနေ့နေ့တချိန်ချိန်မှပြန်ရုပ်သိမ်းရင်ရုပ်သိမ်းဖြစ်လိမ့်မယ်.. အခြေအနေတွေကမတူဘူးလေ...ကိုသိပါတယ်.... အခြေအနေကို ကိုချစ်တာပေးဆပ်ခြင်းသက်သက်ပါ...စွန့်လွှတ်ခြင်း...ရယူလိုချင်းမဟုတ်ပါဘူး.

Divider Scraps and Graphics
.ချစ်သူလေး စိတ်ချမ်းသာရင် ကို..လည်းစိတ်ချမ်းသာတယ်.....          ချစ်သူလေးပျော်နေရင် ကို..လည်း.ပျော်တယ်....
.ချစ်သူလေးကို အမြဲတမ်းပျော်ရွှင်စိတ်ချမ်းသာနေတာပဲ ကို.မြင်ချင်တယ်
ကို..လေ ချစ်သူလေးကိုပြည့်စုံအောင်ထားနိုင်တဲ့တနေ့     . ...အရောက်ပြန်လာမယ်နော်...
အခုတော့ဝေးနေရပေမယ့်....နှလုံးသားထဲမှာတော့အချိန်ပြည့်ရှိပါတယ်..
ကို...အိပ်ပြီ
ချစ်သူလေးအိမ်မက်လှလှမက်ပါစေနော်...
ဒီမှာ၃နာရီထိုးတော့မယ်
..............အမြဲထာဝရ...........တန်းဖိုးထား..............မြတ်နိုးစွာနဲ့........ .........ချစ်နေမယ်ဆိုတာတော့ယုံကြည်ပေးပါ.........

Divider Scraps and Graphics

 ကဲသူငယ်ချင်းတို့ရေ ဘယ်လောက်တောင် ချစ်တတ်တဲ့သူလဲနော်..မီးသခင်လဲသူ့စာလေးတွေဖတ်ပြီး သူနဲ့ထပ်တူခံစားမိပါတယ်.လေးလဲလေးစားမိပါတယ်..   .....သူငယ်ချင်းတို့လဲခံစားကြည့်ပါနော်.....

Divider Scraps and Graphics

မှတ်ချက် ။  ။  မီးသခင် မရေးတတ်ရေးတတ်နဲ့ရေးထားတာပါ ..လိုတာလေးတွေထပ်ပြင်ပြီး

                   ဖတ်လို့ကောင်းအောင်ရေးသားထားတာပါ ..ရေးသားမှု့မှာ အမှားပါသွားပါ

                    အထူးခွင့်လွှတ်နားလည်ပေးပါလို့တောင်းဆိုပါရစေနော်. . လာရောက်

                   အားပေးဖတ်ရှု့သူအပေါင်းကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်.....

                   ဒီစာလေးကိုရေးသားခဲ့သူ့ ( ချစ်တတ်သူ ) ကိုလဲ ခွင့်မတောင်းဘဲရေးမိတဲ့

                   အတွက် .ခွင့်လွှတ်ပေးပါလို့တောင်ပန်ပါတယ် ... ဟိဟိ ...

                 ( ချစ်တတ်သူ ) လဲ ထပ်တူညီနဲ့ချစ်ချင်းနဲ့အမြန်ဆုံး နီးစပ်ပါစေလို့

                   ဆုတောင်းပေးပါတယ်နော်......ခစ်ခစ်ခစ်

Divider Scraps and Graphics

 Divider Scraps and Graphics

´☂`´☂`အားလုံးကိုလေးစားချစ်ခင်လျှက်´☂`´☂`

 Divider Scraps and Graphics

Divider Scraps and Graphics

10..09.. 2012

( 04.48 ) pm


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>