Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အတွေးရဲရဲ၊အရေးရဲရဲသရော်စာတွေအရေးများတဲ့........ကိုသူရဿဝါနဲ့အင်တာဗျုးခြင်း

$
0
0
 
မင်္ဂလာပါရှင်
 ချစ်သူမြို့ တော်ရဲ့   အင်တာဗျူး အစီအစဉ်လေးစပါပြီရှင်
အင်တာဗျုးအစီအစဉ်ကိုစောင့်နေတဲ့ချစ်သူမြိုတော်သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။
ဒီတခါအလှည့်ကျသူကတော့
ချစ်သူမြို့ တော်မှာအတွေးရဲရဲ၊အရေးရဲရဲသရော်စာပေတွေအရေးများတဲ့
    အထူးဘလော့ဂါ ကိုသူရဿဝါဖြစ်ပါတယ်ရှင်
    ကို သူရဿဝါ ရဲ့ပြောဆိုပုံလေးကို ဆက်လက်ရှု့ စား ဖတ်ပေးကြပါရှင်။
  ♥★ ရှင်းသန့်မေမေး၍♥★                                                   ♥★သူရဿဝါဖြေသည်♥★
မင်္ဂလာပါ .... အကို အစ်ကို့ကို ချစ်သူမြို့တော် မိသားစုနဲ့ မိတ်ဆက်ပေးပါရစေရှင့်

ဟုတ်ကဲ့ပါ မင်္ဂလာပါ
အကို အွန်လိုင်းပေါ်မှာ ဘယ်အချိန်ကစပြီး စာရေးဖြစ်တာပါလဲ။

၂၀၀၇ နိုဝင်ဘာလောက်ကစပြီး အွန်လိုင်းပေါ်မှာ စာတွေစရေးဖြစ်ပါတယ်။
အကို စာတွေကို ဘယ်အရွယ်ကတည်းက ၀ါသနာပါခဲ့တာလဲ။

စာဖတ် ဝါသနာ ပါခဲ့တာ ကတော့ဟိုးငယ်ငယ် ကလေးဘဝ ကတည်းကပါ။
ကလေး အရွယ်မှာ ကလေး ဖတ်ရမယ့် စာအုပ်တွေက စပြီး ဖတ်ခဲ့ပါတယ်။
 စာရေးဖို့ စိတ်ကူးမိလာတဲ့ အချိန်မှာတော့ ကျွန်တော့်အသက် ၁၃နှစ်၊ ၁၄နှစ်လောက် ရှိနေပါပြီ။

သူရဿဝါ ဆိုတဲ့ ကလောင်နာမည်လေး ယူဖြစ်ခဲ့ပုံလေး ပြောပြပေးစေချင်ပါတယ်။

ခဏခဏ အမေးခံရတဲ့ မေးခွန်းပါ။ ဟိုးအရင် စာစရေးခါစတုန်းက နာမည်က အိမ်ဝေးကြယ်ပါ။
အဲဒီ ကလောင် နာမည်ကို အကြောင်း အမျိုးမျိုးကြောင့် ဆက်မသုံးဖြစ်တဲ့ အချိန်ပေါ့ ..
ကလောင်နာမည်လည်း ဘာပေးရမလဲ စဉ်းစားနေတဲ့ အချိန်မှာ စာအုပ်တစ်အုပ် ဖတ်မိပါတယ်။
ဆရာကြီး ပါရဂူ ရေးသားခဲ့တဲ့ “ဗော်လဂါမှ ဂင်္ဂါသို့” ဆိုတဲ့ စာအုပ်ပါ။
အဲဒီ စာအုပ်ထဲက လူ့သမိုင်း မတင်မီ ခေတ်က

လုလင်ပျို တစ်ဦးရဲ့ အမည် “သူရဿဝါ” ဆိုတာကို နှစ်သက်လို့ အဲဒီ နာမည်ကိုပဲ ယူဖြစ်ခဲ့ပါတယ်။
သူ့ရဲ့ အဓိပ္ပါယ်ကိုလည်း သဘောကျလို့ပါ။
နေ့ကျရွှေကိုယ် .. နေမင်းရဲ့သားတော်.. နေမင်းရဲ့တမာန်တော် စတဲ့ အဓိပ္ပါယ်မျိုး သက်ရောက် ပါတယ်တဲ့။

 အကိုဖြစ်ချင်ခဲ့တဲ့ ငယ်ဘ၀က ရည်မှန်းချက်နဲ့ ခုဖြစ်နေတာနဲ့ တစ်ထပ်တည်းကျပါသလား။

ကျွန်တော် ဟိုးငယ်ငယ် အရွယ်က ဖြစ်ချင်ခဲ့တာ ကျောင်းဆရာဗျ။ နည်းနည်း အရွယ်ရလာတော့
အဆိုတော် ဖြစ်ချင်တာ။
ဖြစ်မယ့် ဖြစ်တော့ စာရေးဆရာ လာဖြစ်ပါတယ်။

 အကို လေးစားရတဲ့ စာရေးဆရာများရှိရင် ပြောပြပါလား။

အများကြီးပါပဲ။ အကုန်လုံး လျှောက်ဖြေနေရင် စာမျက်နှာ ဆန့်မယ် မထင်ပါဘူး။ ကျွန်တော့်ထက်
အသက်ကြီးကြီး၊ ငယ်ငယ် စာပေဂုဏ် တစ်ခုခု ရှိနေကြတဲ့
စာရေးဆရာတိုင်းကို
လေးစားပါတယ်လို့ပဲ ပြောချင်ပါတယ်။


အကိုစာတွေစရေးတုန်းက ဘယ်သူတွေကိုအတုယူရေးခဲ့ပါလဲ

စာတွေ စရေးဖြစ်တော့ ဆရာမင်းလူ၊ ဆရာ တာရာမင်းဝေ တို့ရဲ့ စာရေးဟန်တွေကို
အတုယူ ရေးခဲ့ဖူး ပါတယ်။
ကျွန်တော် ဟိုးအရင်က ရေးခဲ့တဲ့ ကဗျာတွေက ဆရာ တာရာမင်းဝေ
ကဗျာဟန်တွေ၊
အသုံးအနှုန်းတွေနဲ့ ဆင်တူနေတယ်လို့လည်း ပြောကြတာ ကြုံဖူးပါတယ်။

ကျွန်တော် စကားပြေ ရေးရင်တော့ အခုအချိန်အထိ ဆရာ ဦးမင်းလူနဲ့ အသွားအလာ နည်းနည်း
ဆင်နေတာကို သတိထားမိပါတယ်။
ဒီဆရာတွေ အပေါ်မှာ အရမ်းအားကျ ခဲ့ပြီး

သူတို့ရဲ့ စာတွေက ကျွန်တော့်ကို အများကြီးလွှမ်းမိုးထားခဲ့လို့ ဖြစ်ပါလိမ့်မယ်။

 အစ်ကို့စာတွေ ဂျာနယ်မှာပါတော့ အကိုခံစားမူလေးမျှဝေပေးပါလား။

ဝမ်းသာပါတယ် .. ဖြစ်ချင်တဲ့အတိုင်း ဖြစ်ခွင့်ရလာတဲ့အပေါ်မှာ။

သူရဿဝါဆိုတာ အစ်ကို့နာမည်ရင်းလားရှင့်။

ကလောင်နာမည်ပါ။ နာမည်အရင်းက ဘုန်းသန့်ကျော်ပါ။

အကို့ ဇာတိ မွေးရပ်ကဘယ်ကလည်းရှင့်

ရန်ကုန်သားစစ်စစ်ပါခင်ဗျာ။

အကိုအသက်လည်းသိခွင့်ရှိရင်
...

လာမယ့် အောက်တိုဘာလမှာ ၂၅ နှစ် ပြည့်ပါမယ်။

အော်..အသက်ငယ်ငယ်လေးနဲ့ခုလိုရေးသားနိုင်တာဂုဏ်ယူပါတယ်
အကို့ကို သူရဿဝါမှန်းသိအောင် ဘယ်ပိုစ့်က အကိုအတွက်အားဖြစ်ခဲ့တာပါလဲ။

ကျွန်တော်က စာပေလောကထဲမှာ ကျင်လည်တဲ့လူ ဖြစ်ပေမယ့် ကျွန်တော် စာတွေအများဆုံး ရေးခဲ့တဲ့၊
အချိန်တွေ အများကြီး ပေးခဲ့တဲ့ နေရာက အွန်လိုင်းမှာပါ။ ကျွန်တော့်ကို အွန်လိုင်းပေါ်မှာ စာတွေရေးတဲ့
ဘလော့ဂါ တစ်ဦးအနေနဲ့ အပြင်စာပေလောက, က သိလာတဲ့ အချိန်ကျမှ ကျွန်တော့် စာမူတွေ
ပုံနှိပ်စာမျက်နှာ တွေပေါ်မှာ နေရာရလာတာ များပါတယ်။
အွန်လိုင်းပေါ်မှာ လူသိပ်မသိသေးခင်
အချိန်တုန်းက ပျော်ပျော်ရွှင်ရွှင် ဆိုတဲ့
မဂ္ဂဇင်းမှာ “၂၁ ရာစု ဒဿဂီရိ ပုံပြင်သစ်” ဆိုတဲ့
ဟာသဝတ္ထုတိုနဲ့ ဆုရဖူးပါတယ်။
ဒါပေမယ့် အဲဒီတုန်းက ကျွန်တော့်ကို သိပ်သတိထားမိခဲ့ကြဟန် မတူပါဘူး။
ဆိုတော့ .
.. ဘယ်ပိုစ့်နဲ့ သူရဿဝါလို့ လူတွေ သိခဲ့ကြလဲ ဆိုတာကို ကျွန်တော့် အနေနဲ့တော့
မပြောတတ်ပါဘူး။ ဒီလိုပဲ .. တဖြည်းဖြည်းချင်း သိလာကြတယ်လို့ပဲ ထင်ပါတယ်။


ကိုသူရဿဝါက ပုံနှိပ်မီဒီယာလောကမှာလည်း နာမည်ရတဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။
ဒါ့အပြင် အွန်လိုင်းမှာလည်း နာမည်ရနေတဲ့ ဘလော့ဂါတစ်ယောက်ဆိုတော့
ပထမဆုံး ပုံနှိပ်မီဒီယာ လောက ထဲကို ရောက်လာခဲ့ပုံလေး အရင်ပြောပြပေးပါလား။

ခုနက ပြောသလိုပါပဲ။ အွန်လိုင်းပေါ်မှာ စာတွေ မရေးခင် ပုံနှိပ်မီဒီယာမှာ ဝတ္ထုတို တစ်ပုဒ်နဲ့ ကဗျာ
အချို့ ပုံနှိပ် ဖော်ပြ ခံရဖူးပါတယ်။
ဒါပေမယ့်လည်း အနုပညာ ဝမ်းစာ အရမ်းနည်းသေးလို့ ထင်သလောက်
ခရီးမပေါက် ခဲ့ပါဘူး။
နောက်ပိုင်း ပုံနှိပ်မီဒီယာဖက်မှာ နှစ်နှစ်ကျော်လောက်ဘာစာမှ မရေးဖြစ်ဘဲ
အွန်လိုင်းပေါ်မှာပဲ စာတွေ ဖိရေးဖြစ်ခဲ့ပါတယ်။
အဲဒီရဲ့နောက်ပိုင်း ၂၀၀၉ - ၂၀၁၀ ဝန်းကျင်လောက်
ရောက်တော့မှ
ပုံနှိပ်မီဒီယာ အသိုက်အဝန်းထဲ ပြန်ပြီး ဝင်ရောက်ဖြစ်ခဲ့တာပါ။


VOA မှာ ကိုသူရဿဝါရဲ့ (ဘလော့ဂါတွေပြောသမျှ..) ဆိုတာလေးကို နှစ်ခါလောက်
နားထောင်ဖူးးပါတယ်..
အွန်လိုင်းမှာ ဘလော့ဂါ ဖြစ်လာပုံလေးလည်း ပြောပေးပါဦး။

၂၀၀၇ နှစ်ကုန်ပိုင်း လောက်မှာ www.mysuboo.com ဆိုတဲ့ Social Web Blog ပေါ်မှာ တခြား
ဘလော့ဂါတွေ၊
သူငယ်ချင်း စာပေ ဝါသနာရှင်တွေနဲ့ အတူတူ စာတွေ၊ ကဗျာတွေ ရေးဖြစ်ခဲ့ရာက စပါတယ်။
အဲဒီ နောက်ပိုင်းတော့
ဒီ Web Blog အကြောင်း တစ်ခုခုကြောင့် ပျက်သွားရင် အဲဒီမှာ တင်ထားတဲ့
ကိုယ့်စာတွေ ပျောက်ဆုံး သွားမှာစိုးလို့
Blogspot တစ်ခု လုပ်ပြီး စာတွေ အားလုံး စုသိမ်းထားရုံပါပဲ။

အဲဒီ ဘလော့ဂ် လုပ်ပြီး နောက်ပိုင်းမှ အွန်လိုင်းကနေ ဒီဘလော့ဂ်ကို တွေ့ပြီးတော့ စာလာဖတ်တဲ့
ပုံမှန်ပရိသတ် ရှိလာပါတယ်။
အဲဒါနဲ့ပဲ ဘလော့ဂါလို့ ကျွန်တော့်ကို ခေါ်လိုက်ကြပုံ ရပါတယ်။

 နောက်တစ်ချက်ကလေ.. ကိုသူရဿဝါက စာတွေရေးတဲ့အခါ သရော်စာ(Satire)
တွေ ရေးတာတွေ့ရပါတယ်။

ကျွန်မကြိုက်တဲ့ သရော်စာ လေးပုဒ်ရှိပါတယ်.. NetGuide ထဲမှာပါ။
+စိုးရိမ်တတ်သောသူရဿဝါနှင့်ကွန်ပျူတာလောက၊ အိုင်တီလောက
+သူရဿဝါနှင့် သောင်းပြောင်းထွေလာ အွန်လိုင်းကမ္ဘာ
+သူရဿဝါနှင့်ခေတ်၏သမီးပျိုများ
+သူရဿဝါနှင့်ယားဋီကာ…အဲလိုသရော်တွေရေးဖို့Ideia ရလာပုံလေး ပြောပြပေးပါအုန်း..

ကျွန်တော် သရော်စာတွေ မရေးခင်က ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး အဲဒါတွေပဲ ရေးဖြစ်တယ်။
ဖြစ်ချင်တော့ Net Guide ဂျာနယ်တိုက်ကို ရောက်တဲ့ တစ်ရက်မှာ အဲဒီက အယ်ဒီတာ ကိုဇော်မင်းက
ကျွန်တော့်ကို သရော်စာတွေ သူ့ဂျာနယ်အတွက် ရေးပေးဖို့ တိုက်တွန်းတယ်။ ကျွန်တော်လည်း တစ်ခါမှ
မရေးဖူးတဲ့လိုင်း ဖြစ်နေတော့ ငြင်းခဲ့တယ်။ သုံးလလောက် ကြာသွားတော့
ကိုဇော်မင်းက သရော်စာ
သူ့ဂျာနယ်မှာ အပတ်စဉ် ရေးဖို့ ထပ်ပြီး တိုက်တွန်းတယ်။
ကျွန်တော်လည်း အားနာတာနဲ့ ရေးပေးမယ်လို့
ကတိခံလိုက်တယ်။ အဲဒီမှာ ပထမဆုံး ဘာအကြောင်းကို စပြီး
သရော် ရေးရရင် ကောင်းမလဲ စဉ်းစားတော့
သူများကို ရေးရင် အရေးမတော်ရင် အဆဲခံ ရမှာလည်း ကြောက်တယ်။
ဒါနဲ့ .. ကဲ .. မထူးဘူးကွာ
.. ကိုယ့်ကိုယ်ကို သရော်လိုက်မယ်လို့ တွေးပြီး
ကိုယ် စိုးရိမ်တတ်တဲ့ အကြောင်းလေးကို နည်းပညာ လောကနဲ့
ချိတ်ဆက်ပြီး
ပထမဆုံး တစ်ပုဒ် အနေနဲ့ “စိုးရိမ်တတ်သော သူရဿဝါနှင့် ကွန်ပျူတာ လောက၊
အိုင်တီ လောက” ဆိုတာလေး ရေးဖြစ် ခဲ့တယ်။ “သူရဿဝါနှင့် သောင်းပြောင်းထွေလာ အွန်လိုင်းကမ္ဘာ”
ကတော့ ဒီလောကထဲမှာ ဖြစ်နေတဲ့ အကြောင်းအရာ လေးတွေကို စုပြီး
စိတ်ထဲ ရှိတာလေး၊
ကြုံဖူးတာလေးတွေနဲ့ ပေါင်းစပ် ရေးလိုက်တာပါ။ “သူရဿဝါနှင့်ခေတ်၏သမီးပျိုများ” ကတော့

အခုခေတ် မိန်းကလေးတွေရဲ့ နေပုံ ထိုင်ပုံ အဝတ်အစား အပြောအဆိုနဲ့ အွန်လိုင်းပေါ်မှာ
သူတို့ လုပ်လေ့ လုပ်ထ ရှိတဲ့ အမူအကျင့် လေးတွေကို လေ့လာပြီး ရေးဖြစ်ခဲ့ တာပါ။
“သူရဿဝါနှင့် ယားဋီကာ” ကတော့
အားလုံး သိတဲ့ အတိုင်းပါပဲ .. ကိုရီးယား ယဉ်ကျေးမှုလှိုင်း အကြောင်း
အခြေခံ ရေးဖြစ်ခဲ့ တာပါ။


နောက် မေးချင်တာလေး တစ်ခုက.. ကိုသူရဿဝါက ဘားကမ့် ပွဲတွေလည်း မှန်မှန်
တက်ခဲ့တာ သိရပါတယ်..
ဘားကမ့်နဲ့ အလှမ်းဝေးသူများ အတွက် ပြောပေးပါဦး..

ကျွန်တော်တို့ နိုင်ငံရဲ့ ခေတ်နဲ့ အမှီ ရင်ဘောင်တန်း လိုက်နိုင်ကြတဲ့ လူငယ် ဘလော့ဂါများနဲ့
တာဝန် ရှိသူ တွေက သူများတွေရဲ့ နောက်မှာ ပြတ်မကျန် ခဲ့အောင်လုပ်နိုင်ခဲ့တဲ့ နိုင်ငံတကာ
အဆင့်မှီ နည်းပညာ နှီးနှော ဖလှယ်ပွဲများ အဖြစ်
“ဘားကမ့်” ပွဲတွေ စဉ်ဆက် မပြတ် လုပ်နေ
နိုင်ခြင်း အပေါ်မှာ ကျွန်တော် အမြဲတမ်း ဂုဏ်ယူ မိခဲ့ပါတယ်။
သာမာန် ဆွေးနွေးပွဲ၊
ဟောပြောပွဲ တွေထက် ပိုမို ထူးခြားတဲ့ ပုံစံနဲ့ ပြုလုပ်လေ့ ရှိတဲ့ နားထောင်သူနဲ့
တင်ပြဆွေးနွေးသူတို့
ပူးပေါင်းရောနှောပြီး နည်းပညာ ဖလှယ်ခွင့် ရှိတဲ့ ပွဲတွေပါ။
မတက်ရောက် ဖူးသူ တွေလည်း
နောင် ကျင်းပမယ့် ဘားကမ့် ပွဲတွေကို တစ်ခါလောက် ဖြစ်ဖြစ် တက်ရောက်ကြည့် စေချင် ပါတယ်။


အကို အနှစ်သက်ဆုံး ဘလော့ဖြစ်ဖြစ် ဆောင်းပါးဖြစ်ဖြစ် ရှိရင် ဖေါ်ပြပေးပါဦး။
ဟိုးအရင် စာတွေ စရေးခါစက အရေးအသား၊ အတွေးအခေါ်နဲ့ အခုအချိန် ရေးနေတဲ့ စာတွေရဲ့
အရည်အသွေးပိုင်း ကတော့ ကွာတာပေါ့လေ။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ကတော့
အားလုံးဟာ ကိုယ်ကိုယ်တိုင် သေချာ စိတ်နှစ်ပြီး ရေးခဲ့တာတွေ ဖြစ်လို့
ဘယ်ဟာကို အကြိုက်ဆုံးလို့ မရှိပါဘူး။
အားလုံး အတူတူပါပဲ။

အကို အချစ်ဆိုတဲ့ အရာအပေါ် အကို အမြင်လေး ပြောပါဦး။


အဲဒါကတော့ လူတိုင်းအတွက်၊ အချိန်တိုင်းအတွက်၊ နေရာတိုင်းအတွက်၊ အခြေအနေတိုင်း
အတွက် တူညီ မှန်ကန်တဲ့ အဖြေတစ်ခု၊ လက်ခံနိုင်မှုတစ်ခု ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။
အခြေအနေ အချိန်အခါ အသက်အရွယ် အပေါ်မှာ မူတည်ပြီး တစ်ဦးနဲ့တစ်ဦး အချစ်အပေါ်
အဓိပ္ပါယ် ဖွင့်ပုံ တူချင်မှ တူလိမ့်မယ်။ ကျွန်တော် တစ်ယောက်တည်း အတွက်တောင်
ခပ်ငယ်ငယ် ၁၆ နှစ်၊ ၁၇ နှစ်သား တုန်းက အချစ်အပေါ် ခံယူပုံနဲ့ အခုလက်ရှိအချိန် အချစ်အပေါ်
ခံယူပုံ တူမှာ မဟုတ်ဘူး။ အခုလက်ရှိ အချိန်မှာ အချစ်အပေါ် သဘောထား ကတော့ အချစ်ဆိုတာ
တစ်ဦးနဲ့တစ်ဦး ကြားထဲက အပြန်အလှန် တည်ဆောက် ထားတဲ့ နားလည်မှု အတိမ်အနက် ပါပဲ။

တစ်ဦးက လေးနက်ပြီး တစ်ဦးက ပေါ့လျော့ ရင်လည်း အဲဒီ အချစ်က သူတို့နှစ်ဦးကြားထဲ
တစ်ချိန်ချိန်မှာ ကုန်ဆုံး သွားမှာပါ။ ဆိုလိုချင်တာက အဲဒီနားလည်မှုက
နှစ်ဦး နှစ်ယောက် ပေါင်းပြီး
အချိန်ကာလ ဘယ်လောက်အထိ ကြာမလဲ။
တစ်လ နားလည်မှု ရှိရင် အဲဒီအချစ်က တစ်လ
တန်ဖိုး ရှိတယ်၊ အချစ်လို့ ခေါ်လို့ရတယ်။ တစ်သက်လုံး
အပြန်အလှန် နားလည်မှု
တည်ဆောက် နိုင်ရင် အဲဒါ တစ်သက်လုံး
ဘဝမှာ လက်တွဲ သွားမယ့် တန်ဖိုးမျိုး ရှိတဲ့ အချစ်ပေါ့။
ဒီလိုပဲ ပြောချင်တာပါ။


ခု နောက်ပိုင်း အွန်လိုင်း ပေါ်မှာ လူငယ် တော်တော်များများ ရေးသား လာကြတယ်။
လူငယ်တွေကို အကို့ အနေနဲ့ ဘာများ ပြောချင်ပါလဲ။

တိုင်းပြည် တစ်ပြည်ရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကို အခိုင်မာဆုံး သက်သေပြ နိုင်တာ စာပေပါ။
လူငယ်တွေ စာအများကြီး ရေးလာကြတာကို ကြိုဆိုပါတယ်။ ဒါပေမယ့် ဘယ်လို ရည်ရွယ်ချက်နဲ့ ရေးသလဲ
ဆိုတာတော့ ကိုယ့်ဟာကိုယ် ဂရုပြု ပြင်ဆင် တန်ဖိုးမြှင့်ရမယ့် ကိစ္စပါ။

အကို ချစ်သူမြို့တော် စာဖတ်ပရိသတ် တွေကို ဘယ်လို စကား လက်ဆောင်များ ပါးလိုက်ချင်ပါသလဲ။
လူမှာ စိတ်ချမ်းသာဖို့ ကိုယ့်ဘဝကိုယ် ပျော်ရွှင်ကျေနပ်နေဖို့ အရေးကြီး ပါတယ်။
အချိန်ပြည့်တော့ မဖြစ်နိုင်ဘူးပေါ့။ ဒီတော့ ဘဝရဲ့ နေ့စဉ် အချိန် အတော်များများ စိတ်ချမ်းသာ
ပျော်ရွှင်နိုင် ကြပါစေလို့ ပြောချင်ပါတယ်။


အကို စာစရေးတဲ့ လူငယ်လေးတွေကိုရော ဘယ်လိုများ အကြံပြုချင်ပါသေးလဲ။
စာများများဖတ်၊ များများပြန်ရေးပြီးတော့ Public ကို ပြသဖို့ ရည်ရွယ်တဲ့ ကိုယ့်စာအပေါ်
ကိုယ်တိုင် တာဝန်ယူချင်စိတ် အပြည့်ရှိဖို့ပါ။

အကို့အနေနဲ့ ခုခေတ်ပေါ် လူငယ်တွေ (ယဉ်ကျေးမှု) အပေါ် ဘယ်လို မြင်ပါသလဲ။
ဘယ်လို သုံးသပ်ချင်ပါလဲ။

အခုခေတ် လူငယ်တွေက နားပွင့် မျက်စိပွင့် တွေပါ။ အရင်ကထက် ပိုပြီး ခေတ်မှီ လာကြတယ်၊
ပွင့်လင်း လာကြတယ်၊
အရင်ကထက်လည်း ပိုပြီး လွတ်လပ် လာကြတယ်။ ဒါပေမယ့် လွပ်လပ်မှု၊
ပွင့်လင်းမှုနဲ့ ယဉ်ကျေးမှု ကို
တစ်ခုတည်းပေါင်းပြီး မစဉ်းမစား မဆင်မခြင် အသုံးချနေကြတဲ့

လူငယ် အချို့ ရှိနေတယ်။ ယဉ်ကျေးဖို့ ဆိုတဲ့ နေရာမှာ စကား အပြောအဆို ယဉ်ကျေးဖို့ ဆိုတာ တစ်ခုတည်း
မဟုတ်ပါဘူး။ ကိုယ် နှုတ် အမူအယာ ယဉ်ကျေးတယ် ဆိုတာက အပေါ်ယံ အပြုအမူပါ။
တကယ်တမ်း လိုအပ်တာက စိတ်ယဉ်ကျေးမှုပါ။ ကိုယ့်ကြောင့် သူတစ်ပါးရဲ့
လွတ်လပ်ခွင့်ကို မထိခိုက်ဘူး၊
သူတစ်ပါး စိတ်အနှောင့်အယှက် မဖြစ်စေရဘူး၊
ကိုယ့်ကြောင့် ကိုယ့် လူမှု ပတ်ဝန်းကျင် ထိခိုက်
နစ်နာ ဆုံးရှုံးမှု မရှိစေရဘူး စတဲ့ အဆင့်အတန်း မြင့်တဲ့
ပင်ကိုယ် စိတ်ယဉ်ကျေးမှုကို ဆိုလိုပါတယ်။
လူငယ်တွေ ဖြစ်တဲ့အတွက်
တစ်ခါတလေမှာ ကိုယ်နှုတ် အမူအယာကို သတိနဲ့ ချွန်းအုပ်လို့ မရတာမျိုးတွေ
ရှိတတ်တယ်။
ဒါပေမယ့် အဓိက အရေးကြီးတာက စိတ်ယဉ်ကျေးမှု ရှိနေဖို့ပါပဲ။


အကို့ အနေနဲ့ ခုခေတ်ပေါ် လူငယ်တွေ (စိတ်)အပေါ် ဘယ်လိုမြင်ပါသလဲ။ ဘယ်လို သုံးသပ်ချင်ပါလဲ။

ကျွန်တော်တို့ဆီက လူငယ်တွေက လွှင့်ပစ်လိုက်ရမယ့် စိတ်ဓါတ်တွေ မဟုတ်သေးပါဘူး။
စိတ်ကောင်း ရှိချင်မှ ရှိမယ်။ ဒါပေမယ့် မယုတ်မာဘူး၊ မညစ်ပတ်ဘူး။ အဲဒီလို လူတွေ လူငယ်ထု ထဲမှာ
အများကြီး ကျန်နေ ပါသေးတယ်။ အဲဒါကို အရေအတွက် ပိုမိုတိုးပွါးအောင် လုပ်ကြဖို့ပါ။

ကိုယ့် လူငယ်တွေ အချင်းချင်း အပြန်အလှန်
သတိပေး ထိန်းကျောင်း သွားကြရမယ် ထင်ပါတယ်။

ခုလိုဖြေကြားပေးတဲ့ကိုသူရဿဝါကိုအထူးကျေးဇူးတင်ပါတယ်ရှင်
ကိုသူရဿဝါတယောက် စာပေအကျိုးဆထက်တိုးလို့သယ်ပိုးရွတ်ဆောင်နိုင်ပါစေရှင်။

ဟုတ်ခုလိုမေးမြန်းတဲ့မရှင်းသန့်မေနဲ့ချစ်သူမြိုတော်သူ၊သားအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျာ
ချစ်သူမြို့တော်ဆိုဒ်ဒီထက်မကအာင်မြင်ပါစေဗျာ။

ကိုသူရဿဝါအိမ်လေးသို့
ကိုသူရဿဝါဘလော့များကိုလေ့လာချင်ရင်ဖြင့်
ချစ်သူမြို့တော်ကဧည့်ခံတဲ့သစ်သီးလေးပါသုံးဆောင်ဦးနော်:D

...


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...