Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

♥★မှုံနံ့သာဖြူနဲ့အင်တာဗျုး♥★

$
0
0

ချစ်သူမြို့ တော်မှ မြို့ တော်သူ မြို့ တော်သားတို့ ရေ...။

ချစ်သူမြို့ တော်ရဲ့  ရသစာပေ၊၀တ္ထုတိုတွေ၊ကိုယ်ပိုင်ခံစားချက်တွေအရေးများတဲ့

မှုံနံ့သာဖြူအကြောင်းကိုမေးခဲ့သမျှဝေမျှတင်ဆက်လိုက်ပါတယ်။

ရှုစား ဆက်ဖတ်ကြပါစို့လား။

♥★ Kyaw မေး၍♥★
♥★ မှုံနံ့သာဖြူ ဖြေသည်♥★

မင်္ဂလာရှိသော နေ့လေးပါခင်ဗျာ…

ဟုတ်ကဲ့ မင်္ဂလာပါ။

မှုံက ရုပ်ကချောတော့ မင်းသမီးမလုပ်ပဲ ဘာလို့စာတွေရေးနေတာလဲ?

အဲ…..ကိုရင်ကျော်ကြီးကနောက်ပြီ။ …မြင်လဲမြင်ဘူးပဲနဲ မှုံက မချောပါဘူး။

ချောတဲ့လှတဲ့သူတွေဟာ အဲလိုပဲ ပြောတတ်ကြတာပါ။ ဆက်မေးမယ်နော်။ မှုံနံ့သာဖြူအမည်ကနာမည်ရင်းဟုတ်ပါသလားခင်ဗျာ..

ဟုတ်တယ်….လို့ပဲထားလိုက်ပါ။

နံမည်လေးကတစ်မျိုးလေးပဲ အဓိပ္ပါယ်ပြည့်ဝတယ်နော်

ဟုတ်လား။ နာမည်ကလှလွန်းနေတော့ …….ကိုယ့်ပုံတင်ရမှာတောင်… မရဲဘူးဖြစ်နေတယ်။ လူက နာမည်လို မလှဘူးလေ ။

နာမည်လေးတော့သိရပြီ၊ ရောက်ရင်ဝင်ရအောင် ဘယ်မှာနေပါသလဲ…

ပုသိမ်မြို့ကပါ။

သြော်…ကျွန်တော့်မမ ပုသိမ်သူ သီချင်းကို သွားသတိရမိတယ်။ ချစ်သူမြို့တော်ကို ဘယ်လိုရောက်လာတာလဲ၊ ၀င်ဖြစ်တဲ့ရက်ကလေးမှတ်မိရင် သိပါရစေ…

သူငယ်ချင်းတစ်ယောက်ရဲ့ ….ဖိတ်ခေါ်မူကြောင့်ရောက်လာတာပါ။ နိုဝင်ဘာလ ၉ ရက်နေ့က ချစ်သူ မြို.တော်ကို…စ၀င်ခဲ့ပါတယ်။

ဟုတ်ကဲ့ခင်ဗျာ… သူငယ်ချင်းက ချစ်သူမြို့တော်ရဲ့ နွေးထွေးမှု၊ မန်ဘာတွေကို လေးစားမှုလေးတွေကို မျှဝေခံစားစေစချင်လို့ ခေါ်လိုက်တာဖြစ်မှာပါ။ သတိထားမိတာလေး ပေါ့…မန်ဘာဝင်ပြီး မကြာခင် စာတွေဆက်တိုက် ရေးဖြစ်တယ်နော်… အရင်ကဘယ်ဆိုဒ်တွေမှာ ရေးဖြစ်သေးလဲ…

ဟုတ်ပါတယ်။ မှုံက ..အရင်က ….MM-flashsong မှာ…စာတွေရေးပါတယ်။
အောင်မြင်မူလဲရခဲ့ပါတယ်။ စိတ်အခန့်မသင့်တာလေးတခုကြောင့်…..ဖလက်ဆောင်းက ထွက်လိုက်ပါတယ်။ အဲ့ဒီမှာ …..ယောင်ချာချာဖြစ်နေတုန်း…..သူငယ်ချင်းရဲ့ ဖိတ်ခေါ်မူကြောင့် ချစ်သူ ကိုရောက်ခဲ့တာပါ။ စာရေးတဲ့ ၀ါသနာက ရှိနေတော့ …..ချစ်သူမှာ စာတွေ ဆက်ရေးဖြစ်ခဲ့ပါတယ်။ ဖလက်ဆောင်းကိုလဲ သံယောဇဉ်ရှိတုန်းပါ။ အားလုံးနဲ့လဲ ….အဆင်ပြေသားနဲ …..တယောက်ထဲ ရန်ဖြစ်ပြီးထွက်ခဲ့တာမို့လို့……ဟီး…

ဒီလိုလား၊ စာတွေရေးတဲ့အခါ ကိုယ်ပိုင်ခံစားချက်ပုံစံမျိုးနဲ့ရေးလိုက်တော့ စာဖတ်သူတွေ ရင်ထဲထိသွားကြတယ်…အဲဒီလိုဖြစ်အောင် ဘယ်လိုခံစားပြီးရေးဖြစ်သွားတာလဲ…

ကိုယ်ပိုင်ခံစားချက်မဟုတ်ပေမဲ့လဲ ကိုယ်တိုင်ခံစားပြီးရေးတာပါ။ တခါတလေ ရေးနေရင်း ငိုမိတဲ့အခါတွေတောင်ရှိပါတယ်။ ကိုယ်ကဖြစ်ကြည့်လိုက်မှ ပိုခံစားရတာ ကိုယ့်ရင်ထဲကို ထိမှ စာဖတ်သူလဲရင်ထဲထိမယ် ထင်ပါတယ်။ စာရေးရင်းနဲ့ မင်းသမီးလုပ်ဖို့ပါ လေ့ကျင့်နေတာလေ…..:P

မင်းသမီးလုပ်ရင်တော့ အောင်မြင်မှာပါ။ လူတယောက်ရဲ့အရည်အချင်းကို ပစ္စည်းဥစ္စာနဲ့ မတိုင်းတာမိကြဖို့ ကို…….. သတိလေး ပေးလိုက်ချင်ပါတယ် ဆိုပြီး အဆုံးသတ်ထားတဲ့ ဘ၀..နဲ့ ရင်းတဲ့..နောင်တ….ကို ဘယ်လိုခံစားပြီး ရေးဖြစ်တယ်ဆိုတာလေး ဖြေပေးလို့ ရရင်ဖြေပေး စေချင်ပါတယ်။

အဲ့ဒီလို အဖြစ်လေးတွေ အပြင်မှာ မြင်ဘူးထားပါတယ်။ ခေါင်းစဉ်လေးအတိုင်းပေါ့နော်။ ဒီလို အဖြစ်လေးတွေကို ကြားဘူးမြင်ဘူးရုံနဲ့ အတုယူတတ်ဖို့ ရည်ရွယ်ပြီးရေးထားတာပါ။ ငယ်နုစဉ်အခါမှာ …..အရွေးမမှားစေချင်တဲ့ စေတနာပါ။ ဆရာကြီး လုပ်တာတော့ မဟုတ်ပါဘူး။ မှုံလဲ စာအုပ်တွေဖတ်ပြီး အတုယူဖူးတာမို့လို့ မှုံ ရေးတဲ့စာလေးကို ဖတ်ပြီးကောင်းတဲ့ အချက်လေး တွေကို စိတ်ထဲစွဲ သွားစေချင်ပါတယ်။

ဟုတ်တာပေါ့၊ ရှေးက စာရေးဆရာကြီးတွေကလဲ စု-တု-ပြု လို့လမ်းညွှန်ထားတာပဲ။ ကျမရင်ထဲက.......မေမေ....မှာ ရေးသားခဲ့သလို ကျေးဇူးဆပ်နိုင်တဲ့ သား၊သမီးတစ်ယောက် ဖြစ်အောင်၊ မိခင်ကို စိတ်ချမ်းသာမှုပေးနိုင်အောင် ဘယ်လိုများအကြံပေးချင်ပါသလဲ။

လူတော်တော်များများရဲ့ စိတ်ထဲမှာ မိဘကျေးဇူးဆပ်ရမယ်ဆိုတာကို သိပြီးသားပါ။ ဒါပေမဲ့ စိတ်သာရှိပြီး လက်တွေမလုပ်ဖြစ်ကြသေးပါဘူး။ ဘာဖြစ်လိုလဲ ဆိုတော့ ကိုယ်က ငယ်နေသေးတာကိုး။ အဲဒီလိုနဲ့ အချိန်တွေ နောက်ကျ သွားတတ်ပါတယ်။ အဲလိုလေး မဖြစ်အောင်တော့ အကြံပေးကြည့် ချင်ပါတယ်။

မိဘကို ကျေးဇူးဆပ်ဖို့ အချိန်မနှောင်းစေချင်ဘူးပေါ့လေ။ လောကကြီးမှာ... အကဲ့ရဲ့ချည်းခံရသူ၊အချီးမွမ်းချည်းခံရသူ...ရှေးကလဲမရှိခဲ့...... ယခုလဲမရှိ၊ နောင်လဲ ရှိလိမ့်မဟုတ် ဆိုပြီး "ကောင်းနိုးရာရာ..မှတ်သားစရာ" မှာ ဖော်ပြထားတာဖတ်ရတော့ ကိုယ်တွေ့ ကြုံခဲ့ရတဲ့အဖြစ်ကလေးများ ရှိမလား၊ ရှိရင် အများအတွက် ထိခိုက်နစ်နာမှု မရှိရင်ပြောပြပေး စေလိုပါတယ်။

လောကကြီးရဲ့ သဘာဝလေးပါ။ ပတ်ဝန်းကျင်နဲ့ အဆင်မသင့်လို့ စိတ်ညစ်နေတဲ့ လူများအတွက် ဒီစကားလေးဟာ အားဆေးပါပဲ။ လူငယ်လေးတွေဆိုတော့ ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျရှိတဲ့ လူနည်းပါတယ်။ အဲ့ဒါကို စိတ်ဓါတ်မကျဘဲ အဲ့ဒီ စကားလေး အတိုင်းပေါ့ အချိန်တန်တော့ ပြီးဆုံးသွားမှာပါ။

အမျိုးအမည်မသိသော...အချစ် မှာ လူမော်ရဲ့ "ငါရင်ထဲက တစ်ဦးထဲသောမိန်းခလေး" ဖြစ်ရမယ့် မိန်းကလေးအတွက် ကြည်နူးမိပါတယ်၊ ဒါပေမယ့် လူမော်ဟာ အရင်ချစ်သူတွေ တစ်ယောက်ပြီး တစ်ယောက်ပြောင်းနေတာကို လက်ခံနိုင်မယ့် မိန်းကလေးအတွက် မိဘတွေရင်ထဲ ဘယ်လိုနေမလဲ၊

ကိုရင်ကျော်ကြီးက မြ၀တီမှာ အလုပ်လုပ်ဖို့ ကောင်းတယ်။ တော်တော်မေးတတ် တယ်…ဟီး…..။ဘယ်လိုဖြေရပါ့မလဲ။ မှုံသာ အမေတစ်ယောက်ဆိုရင် ကိုယ့်သမီးအပေါ် တကယ်ကောင်းတဲ့ လူတစ်ယောက်၊ သမီးလေးအတွက် စီးပွားရေးကအစပေါ့၊ လုံခြုံမူအစစ်ပေးနိုင်မယ်ဆိုရင် သူဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ သဘောတူနိုင်ပါတယ်။

ဟုတ်ကဲ့ခင်ဗျာ၊ ချစ်ခဲ့တာလား.....ရူးခဲ့တာလား....မှာ" စိတ်အလိုကိုမလိုက်ပဲ ဖြစ်ချင်တာတဲ့ ဖြစ်သင့်တာကို ဆုံးဖြတ်နိုင်ပါစေ" ဆိုတဲ့ ဆုံးဖြတ်ချက်ကလေးဟာ လူတိုင်းနဲ့သက်ဆိုင်နေပါတယ်။ အဲဒီဘ၀ဒသနကို အကျယ်တ၀င့်လေးရှင်းပြပေးပါလား၊

ခု အွန်လိုင်း ချစ်သူပြဿနာတွေ တော်တော်များလာပါတယ်။ အဲ့ဒီကိစ္စက စွဲလမ်းတတ်တဲ့ လူငယ်တွေအတွက် အမှားဖြစ်စေနိုင်ပါတယ်။ အွန်လိုင်းမှာ လူကောင်းလဲ ရှိသလို လူဆိုးလဲ ရှိပါတယ် ။ အဲ့ဒါကြောင့် ဖြစ်သင့်တာကိုပဲ ဦးစားပေး စဉ်းစားစေချင်ပါတယ်။

ဟုတ်တယ်၊ အွန်လိုင်းမှာတွေ့ရတဲ့ ချစ်သူကြောင့် ဘ၀ပျက်ရတဲ့ မိန်းကလေးတွေရှိတာမို့ ဆင်ခြင်သင့်တာပေါ့နော်။ ရေးဖြစ်ခဲ့တဲ့ ဘလော့တွေထဲက အနှစ်သက်ဆုံးဘယ်ဘလော့ပါလဲ၊ ဘာ့ကြောင့်နှစ်သက်သလဲဆိုတာ လေးပြောပြပေးပါလား၊

ပါရမီဖြည့်ဘက်….ကို ကြိုက်ပါတယ်။ ဘာ့ကြောင်လဲ ဆိုတော့ စိတ်ကူးယဉ် အိမ်မက်မို့ ပါ။

စိတ်ကူးယဉ်အိမ်မက် အကောင်အထည်ဖော်နိုင်ပါစေ။ ချစ်သူမြို့တော်မှာ သတိထားမိပြီး ဘလော့ရေးနေတဲ့သူတွေထဲက ကြိုက်နှစ်သက်တဲ့ ဘလော့ဂါ တွေရဲ့အမည်လေးတွေ ပြောပြပါလား။

ဟုတ်။ ကိုရင်ကျော်၊ မရှင်း၊ မမေသဇင်၊ ကိုအောင်ထက်၊ ကိုမင်းဆက်…..တို့ စာတွေ ကို ကြိုက်ပါတယ်။

ကျွန်တော် နဲ့ ရေးဖော်ရေးဖက်တွေကို အခုလိုအားပေးတာ ကျေးဇူးတင်ပါတယ်။ အခုစာပေနယ်မှာ ထင်ရှားပြီး၊ ဒါမှမဟုတ် စာရေးဆရာတွေထဲမှာ အထူးလေးစားရတဲ့ စာရေးဆရာများ ရှိရင်သိချင်ပါတယ်၊

အထူးလေးစားရ ဆုံးသူကတော့…လင်္ကာရည်ကျော်ပါ။…နောက်ပြီး ဂျူး၊ မစန္ဒာ၊ မိုးမိုး(အင်းလျား)၊ ဘာသာရေးထဲကဆိုရင် ဓမ္မာစရိယဦးဌေးလှိုင်တို့ကိုအရမ်းကြိုက်ပါတယ်။ အဲ့ဒီစာရေးဆရာတွေကတော့ စွဲစွဲလမ်းလမ်း ဖတ်ပါတယ်။ တခြားစာရေးဆရာတွေလဲ ဖတ်ဖြစ်ပါတယ်။

လင်္ကာရည်ကျော်က ကျွန်တော်တို့ မန္တလေးက ဆရာဝန် စာရေးဆရာပဲ။ ဂျူး၊ မစန္ဒာ၊ မိုးမိုး(အင်းလျား)၊ ဓမ္မာစရိယဦးဌေးလှိုင်တို့ကကို ကျွန်တော်လဲ ဖတ်ဖြစ်ပါတယ်။ ဘယ်လိုစာမျိုးကို အဖတ်များလဲ၊ ဘယ်သူတွေရေးတဲ့ စာအုပ်ကို နှစ်သက်ခဲ့ပါသလဲ၊ နှစ်သက်ရတဲ့ အကြောင်းလေးကို ပြောပြပေးပါလား၊

သဘာဝဆန်ဆန်ရေးတာကို ကြိုက်ပါတယ်။ လင်္ကာရည်ကျော် နဲ့ ဦးဌေးလှိုင်စာအုပ်တွေက အားလုံးနီးနီး ၀ယ်သိမ်းထားပါတယ်။ ဆရာလင်္ကာရည်ကျော် ကတော့သူ့ စာအုပ်တိုင်း က အသိဥာဏ်ကို ရင့်သန်စေပါတယ်။ ဆရာကြီး ဦးဌေးလှိုင်ကတော့ ဘာသာရေးအတွက် မှတ်သားစရာတွေ အများကြီးပေးပါတယ်။ သူစာအုပ်တွေက ဘုရားဟောကျမ်းဂမ် နဲ့ ညီပြီး လိုက်နာကျင့်သုံးဖို့ အလွန်ပဲ သင့်တော်ပါတယ်။

ဒါ့ကြောင့်ထင်တယ်။ မှုံ…ရေးတဲ့စာတွေ အတော်များများက ဒသနဆန်တဲ့ အတွေးအခေါ်တွေပါနေတာကိုး။ အစားအသောက်နဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ၊

အကုန်စားပါတယ်……ဟီး …

ဒါဆို…ဘယ်ကို သွားသွား အိမ်ရှင်တွေ ချက်ချင်တာချက်လို့ရတာပေါ့။ ငယ်စဉ်က ရည်မှန်းခဲ့တဲ့ ရည်မှန်းချက်ကလေးရှိရင်ပြောပြပေးပါလား၊ အဲဒီရည်မှန်းချက်ကလေးကို ပုံပေါ်လာအောင် ဖန်တီးဖြစ်ပါသလား။

ရည်မှန်းချက်ကတော့ ပြောမပြ ချင်တော့ဘူး၊ ဖြစ်မလာခဲ့လို့ပါ ။ စိတ်ပူတတ်တဲ့၊ အချစ်လွန်တဲ့ မေမေကြောင့် ဘ၀မှာ အေးအေးဆေးဆေး နေခဲ့ရပြီ၊ စွန်စားစူးစမ်းချင်တဲ့ စိတ်တွေကို စွန့်လွတ်ခဲ့ရပါတယ်။ ခုတော့ အိမ်မှာ အေးဆေး ( TTMY ) ပေါ့ …….

မိခင်ရဲ့ အမြော်အမြင်ကြီးမှုက တော်တော်အရေးပါတာပေါ့နော်။ လက်ကိုင်ပြုထားတဲ့ ခံယူချက် ကလေးသိပါရစေ။

ခံယူချက်ကတော့ လူသားအားလုံးအတွက် အကျိုးပြုနိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်ပါတယ်။

အကျိုးပြုနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ချစ်သူမြို့တော်အပေါ်ဘယ်လိုမြင်ပါသလဲ။

ချစ်စရာကောင်းတဲ့မြို့လေးပါ၊ ပျော်စရာ ကြည်နူးစရာတွေကိုလဲ ပေးစွမ်း နိုင်ပါတယ်။
ချစ်သူမြို့တော်လေး အောင်မြင်မူတွေ တည်မြဲစေဖို့…..ဆုတောင်းပေး လိုက်ပါတယ်။

ပေးတဲ့ဆုကိုရှိလိုပါတယ်ခင်ဗျာ။ ချစ်သူမြို့တော်တိုးတက်ရေးအတွက် ဘာများအကြံပြုချင်ပါ သလဲ။

အားလုံးအဆင်ပြေပါတယ်။ အက်ဒမင်တွေလဲ တော်တယ်နွေးထွေးမူ ရှိပါတယ်။
ဒီတိုင်းလေး ဆက်လက် ချီတက်သွားရင် ထပ်ဆင့်အောင်မြင်လာမှာပါ။ ဆိုဒ်တခုမှာ အိမ်ရှင်တွေရဲ့ နွေးထွေးမူက အလွန်အရေးပါပါတယ်။ ကော်ပီဘလော့တွေကိုသာ သတိထားပြီးချပေးစေချင်ပါတယ်။

ကော်ပီဘလော့တွေတင်တာကတော့ ပြောလို့ မဖြစ်ပေမယ့်။ မူရင်းကူယူတဲ့ ဆိုဒ်နဲ့တင်ပြသူကို ဖော်ပြရင်တော့ ကောင်းတာပေါ့ခင်ဗျာ။ ချစ်သူမြို့တော်သူ၊ မြို့တော်သားများကို ဘာများ စကားလက်ဆောင်ပါချင်ပါသလဲ။

မှုံ ကို ခင်ကြ တဲ့ မြို.တော်သူ မြို့တော်သားတွေကို အထူးကျေးဇူးတင်ပါတယ် ။
မှုံကလဲ စွဲစွဲလမ်းလမ်းကို ခင်တတ်ပါတယ်။ ဒီနှစ်သစ် အခါလေးမှာ မြို့တော်ထဲကသူငယ်ချင်း အားလုံး စိတ်ကူး နဲ့လက်တွေ့တစ်ထပ်ထဲ ကြပါစေလို့ဆုတောင်းပေးပါတယ် ။

မှုံ…တောင်းတဲ့ဆုကို အားလုံးရနိုင်ကြပါစေ။ အခုလိုစိတ်ရှည်လက်ရှည် ဖြေကြားပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဟုတ်။ မအားတဲ့ ကြားက မေး ခွန်း ထုတ်ပေးတဲ့ ကိုရင်ကျော် ကို အထူးကျေးဇူး တင်ပါတယ်ရှင်။

မှုံနံ့သာဖြူ ရဲ့ အိမ်ကလေး
မှုံနံ့သာဖြူ ၏ ဘလော့များ

★★★★★

ချစ်သူမြို့ တော်ရဲ့  ဒီတစ်ပတ်အင်တာဗျူး အစီအစဉ် ဒီမှာတွင် ရပ်နားပါရစေ။

နောက်တစ်ပတ် အင်တာဗျူးအစီအစဉ်တွင် ဘယ်သူဖြစ်မည်ဆိုတာကို

မန်ဘာများ သည်းခံ စောင့်မျှော်ပေးကြပါလို့  မေတ္တာ ရပ်ခံပါတယ်။

မန်ဘာများအနေနှင့် မိမိတို့  ချစ်ခင်လေးစားရသော ဘလော့ဂါများကို မေးချင်ရင်

နာမည်လေးပေးထားခဲ့ပါ မေးပေးပါမယ်ခင်ဗျာ။

ဘလော့ဂါများအနေနှင့်လဲ မန်ဘာများရဲ့  တောင်းဆိုမှုကို

အလေးထားဖြေကြားပေးရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

★★★★★

ခင်မင်လေးစားလျက်

♥★ ကျော် သို့မဟုတ် ကိုရင်ကျော်♥★

(၁-၁-၂၀၁၂)(တနင်္ဂနွေနေ့)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>