ချစ်သူရေ
သတိရတယ်ဆိုတဲ့အတိုင်းအတာတစ်ခုထက်နင့်ကိုပိုပြီးသတိရနေမိတယ်
ရင်ထဲမှာနင့်နေတာဘဲဆိုတဲ့စကားကတကယ်ခံစားရမှတကယ်ကိုလေးနက်လွန်းပါတယ်
အလွမ်းဆိုတာအထီးကျန်သူကိုမှရွေးပြီးတိုက်ခတ်တတ်လေသလား
ဘယ်နေရာကိုဘဲကြည့်လိုက်ကြည့်လိုက်
တစ်ယောက်တည်းဆိုတဲ့အသိကအလွမ်းလေကိုပိုထန်စေခဲ့တယ်
လမ်းကွယ်အလွမ်းရဲ့မြည်သံဟာမျက်ရည်တွေနဲ့တစ်ဖြောက်ဖြောက်ကြေကွဲစွာမှိုင်းညှို့ရီဝေနေလေရဲ့
နင်နဲ့ဝေးနေရတဲ့အချိန်နာရီစက္ကန့်တွေတိုင်းနင်နဲ့ဝေးနေရတဲ့နေ့တွေညတွေတိုင်းငါ့အတွက်လူဖြစ်ရှုံးသလိုခံစားနေခဲ့ရတယ်
နင့်ကိုလွမ်းဆွတ်သတိရတမ်းတမိတိုင်းငါမျက်ရည်တွေကျခဲ့မိတယ်
ငါ့ကိုခွင့်လွတ်ပါချစ်သူ
ပျော့ည့တယ်ဘဲပြောပြောယောကျာင်္းတန်မဲ့မိန်းမဆန်တယ်ဘဲပြောပြော
နင့်အတွက်မျက်ရည်ခန်းသွားတဲ့အထိငါငိုနေပါရစေ
အဝေးရောက်ချစ်သူကြားနှိုင်ပါစေ