အသိစိတ်နဲ့ ထိန်းနေပေမဲ့လဲ နှလုံးသားလေးကတော့ လှုပ်ရှားနေတယ်၊ သူ.......... မခံစားနိုင်လို့နဲ့ တူပါတယ်။
တဒိတ်ဒိတ်နဲ့ ခုန်နေတယ်...။ အားနာပါတယ်.... နှလုံးသားလေးရယ်...... သီးခံပေးပါ...... တကယ် မတတ်နိုင်လို့ပါနော်.....။
တစ်ယောက်ထဲ လမ်းလျှောက်လာမိတယ်.......။ လမ်းပေါ်မှာတော့ ကိုယ့်လို ဘ၀တူလေးတွေ တွေ့နေရတယ်၊
ကြွေကျနေတဲ့ ရော်ရွက်လေးတွေလေ...။ လေအဝှေ့မှာတော့ ဟိုဟိုသည်သည် ရွေ့လျားလို့....။ လေမဝှေ့တော့လဲ ဒီအတိုင်းလေး
ငြိမ်သက်နေကြတယ်.....။ လူနဲ့တော့ နဲနဲ ကွာနေတယ်..။ ဒါပေမဲ့လည်း သေချာကြည့်မိတော့ အတူတူ ပါပဲ.....။
တစ်ဘက်သတ် ချစ်ခဲ့ရတယ်၊ ကာလကြာရှည်ပါ၊ တိတ်တိတ်လေးပေါ့.....။ သူ့ရှေ့မှာရော.... သူ့နောက်ကွယ်
မှာပါ တကယ်ကို တိတ်တိတ်လေးချစ်ခဲ့တာပါ.....။ ဒီအကြောင်းတွေကို ကျွန်တော်ကလွဲလို့ ဘယ်သူမှ.... မသိခဲ့ကြပါဘူး။
သူနဲ့ ဆုံတိုင်း အမြဲသတိထားကြည့်မိတယ်.....၊ ကျွန်တော် ချစ်နေတာကို သူသိလေမလားလို့.....။ ဒါပေမဲ့ သူ
မသိခဲ့ပါဘူး၊ ဘာကြောင့် ပြောနိုင်သလဲ ဆိုတော့ သူ... ဘာမှမပြောင်းလဲခဲ့ဘူးလေ....။ အရင်အတိုင်းဘဲ၊ အမြဲတမ်း ဒီအတိုင်းပါပဲ။
ကျွန်တော်ကသာ တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်ခဲ့ရတာပါ.......၊ ကျွန်တော်က အသိစိတ်တွေနဲ့ ထိန်းနေနိုင်ပေမဲ့ နှလုံးသားလေး
ကတော့ နားမလည်ခဲ့ပါဘူး၊ သူကချစ်ဖို့ တစ်ခုတည်းပဲ သိတယ်လေ၊ သူ့ကို သိအောင်ဘယ်လိုများ ပြောရမလဲ၊ လောကကြီးက
သိပ်ကို ရှုပ်ထွေးလွန်းတယ် နှလုံးသားလေးရေ......၊ လူ့ကျင့်ဝတ်တွေ.......၊ သိက္ခာတွေဆိုတာ စောင့်ထိန်းတတ်ရတယ်၊ အဓိက
ကတော့ လူသားဆန်ရတယ်.....၊ မင်းကို ပြောပြချင်ပါတယ်.....၊ ဘယ်လိုပြောရမှန်း မသိလို့ပါ။ မင်းကို အလိုလိုက်မိရင်ချစ်သူက
ငါ့ကို မုန်းသွားတာတို့....၊ အခင်မင်ပျက်တာတို့ကို ငါရင်မဆိုင်ရဲပါဘူးကွာ..... တကယ်ပါ နားလည်ပေးနော်.....။
သူ ဒီနေ့ ပျော်နေတယ်......။ သူ့ချစ်ခဲ့ရတဲ့ သူ့ရဲ့ ချစ်သူ လာတော့မယ်တဲ့....၊ သူ လိုက်သွားရတော့မယ်တဲ့လေ
နောက်ပြီး သူက သူ့ချစ်သူကို ဘယ်လောက်အထိ ချစ်တဲ့အကြာင်း.....၊ သိပ်ကိုကြာခဲ့ပြီ ဆိုတဲ့အကြောင်း.....၊ သူ့ကို ဘယ်လောက်
သစ္စာရှိကြောင်း....၊ သူအရမ်းပျော် ရွင်နေကြောင်း.... ပြုံးရွှင်ရယ်မောပြီးတော့ ပြောပြခဲ့တယ်၊
ကျွန်တော်ကတော့ သိတောင် မသိခဲ့တဲ့ သူ့ချစ်သူရဲ့ အကြောင်းကို `` အော်..... အင်း အင်း.....၊ ဟုတ်တာပေါ့၊
ဟဲဟဲ... အားကျစရာဘဲ.... ကောင်းတာပေါ့.....´´ စတဲ့ လူစင်မမှီတဲ့ သံယောင်တွေနဲ့ အဆုံးသတ်ခဲ့ရတယ်၊ သူနဲ့ ဆုံတွေ့သမျှကာလ
တစ်လျှောက်လုံးမှာ အရသာ အကင်းမဲ့ဆုံး စကားတွေကို ပြောခဲ့ရတာပါ....။ သူက ဆက်ပြောသေးတယ် ``ကိုကြီးရေ ပျော်စရာကြီး
နော်´´ တဲ့....... ခေါင်းညိတ်ပြလိုက်ပါတယ်......။ ပြီးတော့ သူကဆက်ပြောတယ်.......၊ `` ရောက်ရင် ညီမလေးတို့အိမ်ကို ၀င်လာ
ခဲ့ပါ....´´ တဲ့။
သူလေ ပျော်ရွင်နေလိုက်တာ...... ၀မ်းနည်းနေလျှက်က `` ၀မ်းသာပါတယ်.....´´လို့ ပြောဖို့၊ ဘာလို့ ဒီလောက်
အထိ ခက်နေရတာပါလလိမ့်နော်......။
ညမှောင်မှောင်ထဲမှာ....... ကျွန်တော် တစ်ယောက်ထဲ ထိုင်နေတယ်....။ ရုပ်ဆိုးလိုက်တဲ့ ညဗျာ.... မဲမှောင်နေ
တာဘဲ၊ မနက်ကျရင် ကျွန်တော် လိုက်ပို့ရဦးမယ်.....။ ပျော်ရွှင်စွာသူသွားနိုင်ပါစေ..... ။ သူ့ကို ကျွန်တော် ကျေးဇူး တင်မိပါတယ်၊
ကျွန်တော် သူ့ကို တစ်ဘက်သတ် ချစ်ခဲ့ရတဲ့ အချိန်တွေမှာ ကျွန်တော် ပျော်ရွှင်ခဲ့ရတယ်လေ....။ ဘယ်သူမှ မပေးနိုင်ခဲ့တဲ့ မျှော်လင့်
ချက်ရဲ့ ရင်ခုန်မှုလေးတွေကို သူပေးခဲ့တာပဲ......။ ကျေနပ်ခဲ့ရပါတယ်။
မနက်ကျရင်....... ရထားကြီးထွက်သွားတဲ့ အထိ.... နှုတ်ဆက်ကျန် ရစ်မယ်လို့.... စိတ်ကူးထားတယ်၊ သူခဏ
ဖြစ်ဖြစ် ပြန်လာခဲ့ရင်တော့.... သူ့ကို ကျွန်တော် တွေ့ရဦးမှာပါ......။ အဲဒီအချိန်မှာ ကျွန်တော့် ညီမလေးကို ပြန်တွေ့ရသလို စိတ်ထား
မျိုး ဖြစ်နိုင်အောင် ကြိုးစားမယ်၊ ဖြစ်ကိုဖြစ်စေရမယ်လေ.... ၊ သူပြန်မလာရင်တော့ .... ဒဏ်ရာလေးတစ်ခုတော့ နှလုံးသားလေးမှာ
ကျန်ရစ်ခဲ့မလား မသိတော့ပါဘူး.....၊ ကြားဘူးလဲ့တဲ့ ပြောစကားအရ ကြာရင်တော့ သူ ကျွန်တော့်ကို မေ့သွားလိမ့်မယ် ဆိုတာကို
အလိုလို သိနေသလိုပါပဲ......၊ ရင် ထဲမှာတော့ စူးစူး နင့်နင့်လေး အောင့်နေသလိုလို ခံစားမိတယ်... နှလုံးသားလေး နေမကောင်းဖြစ်
နေခဲ့ပြီထင်ပါတယ်။
ဒီနေ့ ကြားရတဲ့ ရထား ဥသြဆွဲသံက ဆူညံနေတယ်....၊ ရက်စက်ခြင်းရဲ့ ရယ်မောသံတွေလိုပါပဲ.......။ အရင်
ကလဲ ကြားခဲ့တာပါပဲ၊ ဒါပေမဲ့ ဒီနေ့မှ ......။
ရထားကြီးထွက်သွားပြီ......။ ကျွန်တော် သူနဲ့ ထပ်တူ ပျော်ရွှင်နေသလိုမျိုး ပြုံးပြ ကျန်ရစ်ခဲ့တယ်.... ၊ ရထား
ကြီးရေ......။ ချစ်သူနဲ့အတူ ကျွန်တော့်ရဲ့ ချစ်ခြင်းတွေကိုပါ ယူဆောင်သွားခဲ့ပြီလားဟင်.....။
လက်ပြ နှုတ်ဆက်မလို့ပါပဲ..... ဒါပေမဲ့ ရင်ဘတ်ထဲက အောင့်လာတယ်၊ ဘယ်ဘက်ရင်အုံ... နှလုံးသားလေး
ရှိလောက်တဲ့ နေရာလေးကို ဖိထားရင်းနဲ သေသေချာချာ ကြည့်နေမိတယ်၊ အခုတော့.... ရထားကြီး မြင်ကွင်းထဲက ကွယ်ပျောက်
သွားခဲ့ပြီပဲ.....။ ကျွန်တော်ရပ်နေခဲ့တာက နှုတ်ဆက် ကျန်ရစ်ခဲ့ရတဲ့ ဘူတာလေးမှာပေါ့.... တစ်ယောက်ထဲပါပဲ။
တကယ်တော့လဲ... ကျွန်တော်က တစ်ယောက်ထဲပဲလေ။ နှလုံးသားလေးကိုတော့ အားနာပါတယ်။ နှလုံးသား
လေးက လောကကြီးရဲ့ စောင့်စည်း အပ်တဲ့ ကျင့်ဝတ်သိက္ခာတွေကို သိပ်နားမလည်လို့တူပါတယ်.....။ သူ သိပ်ဝမ်းနည်းနေတယ် တဲ့
စည်းချက်မမှန်တဲ့ ရင်ခုံသံတွေကတဆင့် ကျွန်တော်ကြားနေခဲ့ရတယ်.....။
ကျွန်တော်လေ ရင်ခုံသံ စည်းချက်တွေအတိုင်း လိုက်ပါ ကခုန်နိုင်အောင် ကြိုးစားနေမှာပါ....။ နောက်ပြီး တတ်
နိုင်သမျှ သူ့ကို မေ့ပစ်ရပါလိမ့်မယ်.....။ တကယ်လို့ မမေ့နိုင်သေးခဲ့ရင်တော့ နှလုံးသားလေးကို အပြစ်တင်ရတော့မှာပေါ့..... ပြန်စဉ်း
စားကြည့်မိတော့လဲ နှလုံးသားလေးက သနားဖို့ ကောင်းလိုက်တာ.......။
နှလုံးသားလေးရေ....... တကယ်တော့လေ မြတ်နိုးစွာ ချစ်တတ်ခြင်းတွေက မင်းရဲ့ အလှတရားတွေပါပဲနော်..
ဝမ်းနည်းမနေနဲ့တော့နော်.....။