ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်နေတယ်ဆိုရင် မင်းဟာငြိမ်းချမ်းနေမယ်။ ပျော်ရွင်နေမယ်။ ကြည်လင်ရွင် လန်းနေမယ်။ကိုယ်ချစ်တဲ့အလုပ်ကို လုပ်နေတယ်ဆိုရင် မင်းဟာ အောင်မြင်နေတဲ့သူ တစ်ယောက်ပါ။
ဆရာတော် ဦးဇောတိက ရေးတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးခဲ့တယ် ။ ဘယ်လိုလူကိုအောင်မြင်တဲ့ လူလို့ပြောမလဲ။ ပိုက်ဆံချမ်းသာတဲ့လူလား၊ရာထူးတွေအကြီးကြီး ရနေတဲ့လူလား ။ အဲလိုမျိုးတွေကို အောင်မြင်မှု့လို့ပြောမလို့လား မဟုတ်ပါဘူးတဲ့ ။ငြိမ်းချမ်းတဲ့လူ ၊ပျော်ရွင်တဲ့လူ၊ကြည်လင်ရွင်လန်း တဲ့လူ ၊ကိုယ်တန်ဘိုးထားတဲ့ အလုပ်၊ကိုယ်ချစ်တဲ့အလုပ်ကို လုပ်နေတဲ့လူဟာ ဘ၀မှာ အောင်မြင်တဲ့ လူသား တစ်ယောက်ပါတဲ့။
တချို့လူတွေက ကိုယ်လုပ်နေတဲ့ အလုပ်ကို မချစ်ဘူး ။ မကြိုက်ဘူး ဒါပေမယ့်အခြေအနေအရ လုပ်နေရတာပါ။ဒါပေမယ့်သူတို့ဟာ သူ့စိတ်ကို သူသိအောင်ကြိုးစားတယ်။ အမြဲတမ်း သွားရင်းလာရင်း နေရင်းထိုင်ရင်း သတိမပြတ်အောင် အတတ်နိုင်ဆုံးကြိုးစားတယ်ဆိုရင် အဲဒီလူဟာ ကြည်လင်အေးချမ်းတဲ့စိတ်လေးဖြစ်လာပါတယ်။ သူငယ်ချင်းတို့ စဉ်းစားကြည့်ပါ ။ လူတစ်ယောက်မှာ
အရေးကြီးဆုံးက “ သတိ” ဆိုတဲ့ အချက်လေး တစ်ခုဟာ ဘ၀မှာ အလွန်အရေးကြီးတဲ့ အချက်လေးပါ။ ဒေါသထွက်မယ့်နေရာမှာ သတိလေးနဲ့ဆင်ခြင်လိုက်ရင် အေးချမ်းသွားပါတယ်။ ရှေးလူကြီးတွေပြောတာ သူငယ်ချင်းတွေလဲ ကြားဖူးမှာပါ။ သွား “သတိ” လာ“သတိ”တဲ့။ အမှားကြီးလုပ်မယ့်နေရာမှာလဲ သတိ လေးတစ်ချက်ဝင်လိုက်ရင်လဲ ဆင်ခြင်တွေးတောပီး မလုပ်မိစေတော့ပါဘူး။ သူငယ်ချင်းတို့မယုံရင်တော့ ဒေါသထွက်ရမယ့်အချိန်မှာ သတိလေးတစ်ချက်လောက် ၀င်လိုက်ပါ။ စိတ်ထဲမှာ ဘယ်လောက်အေးချမ်းသွားလဲဆိုတာ သိလာပါလိမ့်မယ်။အဲလို ပါလဲ ကိုယ်ချစ်လို့လုပ်နေတဲ့အလုပ်လေးထဲမှာလဲ သတိလေးထားလိုက်လို့
စိတ်အေးချမ်းသွားတယ် စိတ်ကြည်လင်သွားတယ်ဆိုရင် အလုပ်နဲ့ပတ်သက်လို့ဆက်ဆံရတဲ့လူတွေ အပေါ်မှာလဲ ပိုပြီး ကြည်ကြည်လင်လင်အေးအေးချမ်းချမ်းနဲ့ ဆက်ဆံရတယ်။ လူတွေနဲ့လဲ ဆက်ဆံရေးဟာ ပိုပြီး အဆင်ပြေလာမယ်။တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားတဲ့ ဆက်ဆံရေး တွေဖြစ်လာမယ်။ အဲဒီလို ဖြစ်လာတဲ့အခါမှာ အလုပ်ထဲမှာ ပိုပြီး ပျော်ရွင်စရာကောင်းလာမယ်။ သူငယ်ချင်းတို့ရော အဲလို ကိုယ်တွေ့ကြုံဖူးကျလား။ ကြုံဖူးတဲ့သူတွေ နားလည်မှာပေါ့နော်။ မန်းလေးသူ ကတော့ ကိုယ်တိုင်ခံစားဖူး ပါတယ်ရှင်။
ကြည်လင်အေးချမ်းတဲ့စိတ်နဲ့ အလုပ်ကို လုပ်တဲ့အခါမှာ ခံနိုင်ရည်ရှိနေမယ်။ စိတ်ပင်ပန်းတဲ့ဒဏ် ၊ အလုပ်နဲ့ပတ်သက်တဲ့ဒဏ်တွေ ၊ လူပင်ပန်းတဲ့ ဒဏ်တွေ ကြုံလာသမျှ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်လိမ့်မယ်။ကိုယ်လုပ်တဲ့ အလုပ်က အများအကျိုးရှိတဲ့အလုပ်ဖြစ်နေတယ်ဆိုရင်
အကောင်းဆုံးဖြစ်အောင်ပို ကြိုးစားပီး လုပ်နိုင်သွားလိမ့်မယ်။ကဲ သူငယ်ချင်းတို့ရော အဲလိုစိတ်ခံစားမှု့လေးများ ရှိဖူးကျလား……။ မရှိဖူးသေးရင် အဲလိုလေး ဖြစ်အောင် ယုံယုံကြည်ကြည်နဲ့ “ သတိ”လေးတစ်ချက်နဲ့ လူအတိုင်းအပေါ်မှာ နားလည်မှု့လေးပေးလိုက်ရင်
ဘယ်လိုလေး စိတ်ထဲမှာ ခံစားရလဲဆိုတာကို လက်တွေ့ခံစားရအောင် ကျိုးစားကြည့်ပါလို့ တိုက်တွန်း လိုက်ပါတယ်ရှင် …။
ကျေးဇူးတင်စွာဖြင့်
မန်းလေးသူ