Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

♥ ♥ ♥ ♥ ကြွေလွင့်သွားသော သစ်ရွှက်လေးနှစ်ရွှက်♥♥ ♥ ♥

$
0
0

“ခြောက်နာရီခွဲနေပြီ ထတော့လေ သား “

ကျွန်တော်နာရီကြည့်မိသည်…

“ကြီးတော်ကလည်းဗျာ..ခြောက်နာရီနိုးပါဆိုမှ..နောက်ကျနေပြီ..”

ကြီးတော်ကို ပြန်ပြောရင်း သွားတိုက်ဆေးထည့် ရေမိုးချိုးပြီး သွားဖို့ပြင်တော့သည်

“သား မနက်စာ စားသွားလေ..”

“မစားတော့ဘူး ကြီးတော်”

ကြီးတော်ကိုပြောပြီး ကားဂိတ်ကို အပြေလွှားထွက်လာခဲ့သည်…နောက်ကျပါတယ်ဆိုမှ ကားကလည်းမလာ …ဟော လာပြီ..

မင်းသွေးသစ်တစ်ယောက် ကားပေါ်ကို ပြေးတက်တော့သည်..တော်သေးသည် ကားကလည်း  လူသိပ်မပါလို့…

“ အစ်ကို မြို့ထဲ” ကားသမားကို ပိုက်ဆံ ပေးလိုက်သည်..

ခုံအလွှတ်တစ်ခုံမှာ ၀င်ထိုင်လိုက်သည်…၀ူးးး ညက နောက်ကျမှ အိပ်တာဆိုတော့ အခုလည်း အိပ်ရမယ်…

မင်းသွေးသစ်တစ်ယောက် ကားပေါ် ၌ အိပ်၍ ပါသွားသည်…အိပ်ပျော်နေရင်း ဘေးနားမှ အိခနဲ ဖြစ်သွားသောကြောင့်  လူတစ်ယောက်လာထိုင်ပြီဆိုတာ သိလိုက်သည်….မျက်လုံးကို အသာဖွင့်ကြည့်လိုက်သည်….မိန်းကလေးတစ်ယောက်…မသိချင်ယောင်ဆောင်ပြီး ဆက်အိပ်လိုက်သည်…

ဘေးနားက မိန်းကလေက မင်းသွေးသစ်ကို သေချာကြည့်နေသည်..မင်းသွေးသစ်မသိ…

“ချောလိုက်တာ”…ထိုမိန်းကလေး စိတ်ထဲ၌တွေးလိုက်သည်…မျက်ခုံးထူထူ နှခမ်းပါးပါး မျက်နှာက လေးထောင့်ကျကျ..ယောက်ျားပီသသော ရုပ်ဖြစ်သည်…

တစ်ခုံကျော်မှာ ထိုင်နေသော ကောင်မလေးတစ်ယောက်က မင်းသွေးသစ်ဘေးက ကောင်မလေးကို ထီးခေါက်နှင့် လှမ်းတို့သည်..နောက် မေ့ငေါ့ပြသည်..ဘာကိုအသည်းသန်ကြည့်နေတာလဲပေါ့…

မင်းသွေးသစ်ဘေးက ကောင်မလေးကလည်း လက်ကာပြသည်..အသာနေဆိုသည့်သဘော…

သူတို့ပြောနေတုန်း မင်းသွေးသစ် နိုးလာသည်…ထီးခေါက်နှင်းတို့သော ကောင်မလေးက မေ့ဆတ်ပြသည်…

ထိုကောင်မလေးကလည်း လှည့်ကြည့်လိုက်သည်…အို …သူနှင့်မျက်နှာချင်းထိကပ်လုမတတ်ဖြစ်သွားသည်…

မင်းသွေးသစ်တောင်းပန်လိုက်သည်..

“ဆောတီး ညီမ “

ထိုရှက်သွေးဖြာသွားသော ကောင်မလေးကလည်း “ရပါတယ် အစ်ကို “

မင်းသွေးသစ်ပြုံးလိုက်သည်..

“မဟာမြိုင်ပါလား”ကားဆရာ ၏ အော်သံ…

ပါတယ်ဆရာရေ…”မင်းသွေးသစ်ပြောလိုက်သည်..

ထိုကောင်မလေးကို တစ်ချက်ပြုံးပြပြီး ထထွက်သွားသည်…

စောစောက ထီးခေါက်နှင့်လှမ်းတို့သော ကောင်မလေး အနားရောက်လာပြီး

“ ဟဲ့ မျက်ဝန်း စောစောက လူနဲ့ နင်သိလို့လား”

“ မသိပါဘူးဟာ ချောလို့ကြည့်နေတာဟ”

“အံမယ် နင်ပြောတော့ အချစ်ဆိုတာကို စိတ်မ၀င်စားပါဘူးဆို”

“မဟုတ်ဘူးလေဟယ် နင်ကလည်း ငါက သူ့ကို ချစ်တယ်လို့တော့ နင့်ကိုမပြောမိသေးပါဘူးနော်”

“ အံမယ် အခုတော့ မပြောမိသေးဘူးဆိုတော့ နောက်ကျရင် ပြောဖြစ်မယ်ဆိုတဲ့သဘောလား”

“ဟီး”

“မြေနီကုန်းပါလား”

“ပါတယ်”

“ လာမျက်ဝန်း ဆင်းမယ်”

“ အေးပါ သီရိရယ် ငါမလိုက်သွားပါဘူး”

သူငယ်ချင်းနှစ်ယောက် စကားပြောရင်း ကားပေါ်က ဆင်းလာသည်။

“ မျက်ဝန်း ငါသွားပြီနော်..”

“ အေး သီရိ မနက်ဖြန်ဖြန် စောစောထွက်ခဲ့နော်”

“အေးပါ..”

မျက်ဝန်းတစ်ယောက် မနက်ဖြန်ကျရင် သူနဲ့ထပ်ဆုံဖို့ ဆုတောင်းနေမိသည်..

ဒီနေ့တော့ သင်တန်းမတက်ချင်တော့တဲ့အတွက် မျက်ဝန်းတစ်ယောက် အိမ်သို့ပြန်လာခဲ့သည်..

“မင်းသွေး နောက်ကျလှကြီးလားဟ ဘယ်တွေဝင်နေတာလည်းကွ”

သူငယ်ချင်းဖြိး ခန့်မေးတာကို မဖြေအားပဲ ရေအရင်သောက်သည်..

“မဟုတ်ဘူး သူငယ်ချင်းရေ အိပ်ယာထ နောက်ကျသွားလို့ “

“ မင်းက ငါတို့ထက် ဇောကြီးတဲ့ကောင်ပါကွာ..ဘယ်လိုဖြစ်တာလဲဟ”

“ နောက်ပြရှင်းပြပါ့မယ်ကွာ”

သူငယ်ချင်းနှစ်ယောက် သင်တန်းသို့ဝင်သွားသည်…

 

မင်းသွေးသစ်တစ်ယောက် သင်တန်းဆင်းတော့ ကားစောင့်နေသည်..

ကားကလည်း မလာနိုင်သေးပါလားကွာ.. မင်းသွေးသစ် စိတ်ထဲကနေပြောနေမိသည်..

“တိုက်ကြီး ကို တိုက်ကြီးကို “

ဟူးးးးး တော်သေးတာပေါ့ အိမ်မှပြန်ရောက်ပါအုံးမလားလို့

ကားပေါ်ရောက်တော့ ထိုင်ဆရာခုံ တစ်ခုံမှမရှိပေ..လူကလည်း ကျပ်ညက်သပ်နေသည်

ကားဆရာကလည်း ထပ်တင်သည်..တစ်ကိုယ်လုံးချွေးတွေ ဒီးဒီးကျနေသည်.. ဘေးနားလူတောင် အားနာလာသည်။ချွေးကလည်းမတိတ် လူကလည်းမောလာသည်…

“မှော်ဘီပါလား”

“ပါတယ်ဆရာရေ”

အိမ်သို့ပြန်ရောက်တော့ လူက တော်တော်ပင်ပန်းသွားသည်…

ရေအရင်သောက်ပြီး ရေမချိုးခင် ခေတ္တ အနားယူနေသည်။ကြီးတော် အခန်းထဲကထွက်လာသည်…

“အိမ်က လိုက်ပို့ပါမယ်ဆိုတော့ လိုင်းကားမစီးဘူးလို့ စီချင်ပါတယ်ဆို..အခု ဘယ်လိုလဲ တော်တော်ပင်ပန်းသွားပြီလား သားရဲ့”

“ မဟုတ်ပါဘူး ကြီးမေရာ ကားကျပ်လို့ပါ် ဘာမှမဖြစ်ပါဘူး..”

“ သားသဘောပဲလေ ကြီးမေ ဘာမှမပြောတော့ပါဘူး ရေချိုးတော့နော် မိုးချုပ်နေပြီ”

“ ကြီးမေ မနက်ကျရင် ခြောက်နာရီလောက်နိုးနော်..မနက်ကနောက်ကျနေတယ်”

“ အေးပါ သားရယ် စိတ်ချလက်ချအိပ် နှိုးမယ်”

ထိုသို့ပြောလိုက်ပေမဲ့ ကြီးမေ မနှိုးဘူးဆိုတာ သူသိသည်လေ..

“သားထတော့ မနက်ခြောက်နာရီ 15ဖြစ်နေပြီ “

“ ဟုတ် ဟုတ် ကြီးမေ”

 ရေ မိုးချိုး ပြီး မနက်စာ စားလေသည်..

“ကြီးမေ သားသွားပြီနော်..”

“ သားကားယူသွားလေ”

“ မယူတော့ဘူး ကြီးမေ “

“ မနေ့ကလိုဖြစ်အုံးမယ်ကွယ်”

“ စိတ်ချပါကြီးမေရ မနေ့က ကျပ်တဲ့ကားစီးမိလို့”

မနေ့ကလိုပဲ ကားပေါ်ရောက်တော့ လွတ်တဲ့နေရာဝင်ထိုင်ပြီး အိပ်နေလိုက်သည်…

ဘေးနားမှာ အိခနဲကျလာသောကြောင့် မျက်လုံးတို့ ဖွင့်ကြည့်လိုက်သည်

အန် ..မင်းသွေးသစ် အံသြသွားသည် မနေ့က ကောင်မလေးပါပဲလား..

ကောင်မလေးက သူ့ကိုရယ်ပြသည်..သူပြန်ရယ်ပြလိုက်သည်..

ထိုကောင်မလေးက စကားစပြောသည်..

“အစ်ကို အစ်ကိုက ဘာလုပ်နေတာလဲ ဟင်’

“ အော် အစ်ကိုက သင်တန်းတက်နေတာ ညီမရဲ့”

အော်…ညီမက အင်္ဂလပ်စပီကင်တက်နေတာလေ မြေနီကုန်းမှာ..အစ်ကို ဘယ်အချိန်ပြန်လဲ”

“အစ်ကိုလား ညနေ ငါးနာရီလောက် ပြန်တယ်လေ”

“ ဘာဖြစ်လို့လည်း ညီမရဲ့ “

“ မဟုတ်ပါဘူး ညီမနဲ့ အစ်ကိုက ခင်သွားပြီလေ”

“ဟုတ်ကဲ့ပါဗျာ”ဒီလိုနဲ့ နေ့တိုင်း ကားအတူစီးရင်း အချင်း ချစ်သူအဆင့်သို့ရောက်ရှိသွားလေသည်

“ မောင် မျက်ဝန်းတို့ ဘ၀က ကြည်နူးဖို့ကောင်းတယ်နော် ဘာအပူပင်မှမရှိဘူး”

မျက်ဝန်းပြော စကားကြောင့် မင်းသွေးသစ်မျက်နှာ ဖြူစုပ်စုပ် ဖြစ်သွားသည်..

“ မောင် မောင်အသားရေ တွေဟာ တဖြည်းဖြည်းနဲ့ ပိုဖြူလာသလိုပဲနော်…”

“ မဟုတ်ပါဘူး မျက်ဝန်းရယ် မောင်က အိမ်မှာ အလုပ်မလုပ် အပြင်မထွက်တော့ အသားပိုဖြူလာတာနေမှာပေါ့..”

မင်းသွေးသစ် လိမ်ညာ မုသားဆိုရသည်..

“ မောင် မောင့်ကို မျက်ဝန်း အရမ်းချစ်၇တာပဲ သိလား မောင်မရှိတော့ရင် မျက်ဝန်းသေ မလားတောင်မသိဘူး..မောင့်ကိုမျက်ဝန်းကားပေါ်မှာတွေ့ကတည်းက ချစ်မိခဲ့တာ..”မျက်ဝန်းရယ်

မင်းသွေးသစ်မျက်ရည်တွေမကျအောင်ထိန်းပြီး မျက်ဝန်းကို ရင်ခွင်ထဲထည့်ထားလိုက်သည်……..

“ သား ဒီနေ့ ဆေးခန်းသွားရမယ်နော်..မနက်ဖြန် ဘယ်မှမသွားပါနဲ့ “

ကြီးမေနှင့်အတူ ဆေးခန်းသွာပြီး သောက်ဆရာဆေးတွေက အရင်ထက် ပိုများလာသည်.

ကြီးမေမပြောပေမဲ့ သူ့ရောဂါက အတော်ဆိုးနေပြီဆိုတာ သိလိုက်သည်..မနက်ဖြန် မျက်ဝန်းနှင့်ချိန်းထားသည်..ဒီမတိုင်းသွားရင် သူရိပ်မိနိုင်တယ်..ငါ သူ့ကို ဆက်ချစ်နေရင် သူခံစား၇တော့မယ်..ငါဘယ်လိုလုပ်ရတော့မလဲ..မျက်ဝန်းကို ငါမခွဲနိုင်ဘူး သူ့ကို သိပ်ချစ်တယ်…မျက်ဝန်းပြောသော စကားတို့ကို ပြန်ကြားယောင်မိသည်..မောင်နှင့်ခွဲရမယ်ဆို သေမလား မသိဘူးတဲ့..မျက်ဝန်းရယ် ကိုယ့ကိုခွင့်လွှတ့်ပါကွာ..မျက်ရည်များစီးကျနေသည်..သူ့အတွက် ငါအဝေးသို့ ထွက်သွားရမယ်..ငါ့နှလုံသားကို စတေးဖြစ်၇မယ်..

တံခါးဖွင့်သံကြောင့် သူမျက်ရည်များကို သုတ်လိုက်သည်..

“ သား အိပ်ပျော်အောင် အိပ်လေ ဘာလို့ ငိုနေတာလဲ သားကောင်မလေးကြောင့်လား..သားကြီးမေပြောပြမယ်နော်..သား သူ့ကို ဆက်ချစ်နေမယ်ဆို သားခံစားရလိမ့်မယ်..သူလည်း နာကျင်လိမ့်မယ်သား..သားကြောင့် လူတစ်ယောက်ကို မနာကျင်မိစေနဲ့…သားသူ့ကို သိပ်ချစ်တယ်ဆို သူပျော်ရွှင်ဖို့ သားလုပ်ဆောင်ပေးရမယ်လေ သားသူ့ကို ချစ်တယ် မြတ်နိုးတယ်ဆို သားနားလည်၇မယ်လေ..” ကြီးမေရယ်..သူကြီးမေကို ဖက်ပြီး အားပါးတရ ငိုလေသည်..ကြီးမေလည်း ငိုနေသည်..ကံဆိုးတဲ့ သားရယ် လောကကြီးက ငါ့သားကိုမှ ရောဂါဘယတွေပေးရက်တယ်..

မနက်ဖြန် မနက်ရောက်လာတော့ သူကြီးမေကို စာတစ်စောင်ပေးခဲ့ပြီး အထုပ်တွေနဲ့ ထွက်သွားလေသည်..

“ ကြီးမေ မျက်ဝန်းကို စာပေးလိုက်ပါ..ကြီးမေလဲ ကျွန်တော့ရှိတဲ့နေရာကို မလာပါနဲ့နော်..တစ်ပတ်တစ်ခါ မဟုတ်ရင် နေ့တိုင်းမလာပါနဲ့ မျက်ဝန်းကို စာပေးလိုက်ပါ သားသွားပြီ”

“သားရယ် ကြီးမေ စိတ်မကောင်းလိုက်တာကွယ်….ကြီးမေသာ သားရောဂါကို ယူလို့ရရင် ယူလိုက်တယ်သားရယ်”

“ မငိုပါနဲ့ကြီးမေ …သားပျောက်မှာပါ.  သားသွားပြီ “ မျက်ရည်မကျအောင်ထိန်ရင်း ထွက်လာခဲ့သည်..

ကားပေါ်ရောက်တော့ မျက်ရည်များကျနေသည်..မျက်ဝန်း ကိုယ်အဝေးတစ်နေရာကို ရောက်သွားချိန်မှာ မင်း မောင့်အခြေနေကို နားလည်ပေးနိုင်မှာပါကွာ..

“ အန်တိရေ အန်တီ “

“အော် သမီး လာလေ သမီးက သားလေးရဲ့ ကောင်မလေးထင်တယ် “

“ ဟုတ်ကဲ့ အန်တီ ..သူကော ဟင် “   ဒေါ် ခင်ချို တစ်ယောက် မျက်နှာပျက်သွားသည်…

“ သူ ခရီးထွက်သွားတယ် သမီး သမီးကို စာပေးခဲ့ပါဆိုပြီး စာတစ်စောင်ပေးခဲ့တယ်”

ဒေါ်ခင်ချို စာတစ်စောင်ထုတ်ပေးလိုက်သည်..

မျက်ဝန်းတစ်ယောက် စာကို ဖွင့်ဖတ်လိုက်သည်..

မျက်ဝန်း..

မျက်ဝန်း ဒီစာကို ဖတ်နေချိန်မှာ မောင်အဝေးကိုရောက်နေပါပြီ..မောင်ဟာ လူမဆန်တဲ့သူတစ်ယောက်ပါ မျက်ဝန်း ..မျက်ဝန်းကို မောင်လျှို့ဝှက်ထားမိတာ တစ်ခုရှိတယ်..မောင်ဟာ နှလုံးရော၈ါ ရှိတဲ့ သူတစ်ယောက်ပါမျက်ဝန်း..အခု နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ..မငိုနဲ့နော်..မောင်သာ မျက်ဝန်းကို မချစ်ခဲ့မိဘူးဆို မျက်ဝန်း အခုလို ခံစားရမှာ မဟုတ်ဘူး..မောင်မိုက်ခဲ့တာပါ..မောင့်အတွက် မျက်ရည်မကျပါနဲ့.နော်..မောင်အဝေးတစ်နေရာမှာ ရောက်နေပြီ..မျက်ဝန်းအနားမှာ ထာဝရ ရှိနေတယ်လို့ တွေးပေးပါနော်..လွမ်းတိုင်းမျက်ရည်လေးတွေ မကျပါနဲ့နော်..မောင့်ကိုသတိရရင် မောင်တို့ကြည်နူးခဲ့တာတွေ သတိ၇ပေးပါနော်…မျက်ဝန်းကို ထားရစ်ခဲ့တာ မဟုတ်ပါဘူးနော်..မောင့်မှာပါ ချစ်တတ်တဲ့အသည်း မပါခဲ့ရင် မျက်ဝန်းဒီလိုခံစားရမှာမဟုတ်ဘူး မျက်ဝန်းရယ်..မောင့်ဘ၀ကံကြမ္မာက အချစ်အတွက် ကံမပါခဲ့ပါဘူး..အချစ်မုန်းတွေကင်းတဲ့သီခြားကမ္ဘာလေးကို မောင်မကြာခင် ရောက်သွားမှာပါ မျက်ဝန်းရယ်..မျက်ဝန်းငိုနေရင် မောင်ဟာ မောင်သွားမဲ့ခရီးလမ်းမှာ အနှောက်ယှက်ဖြစ်နေမိမယ်..မျက်ဝန်းပျော်ရွှင်နေမှ မောင် သွားမဲ့ ခရီးလေးဟာ ဖြောင့်ဖြူးမှာပါမျက်ဝန်းရယ်..အရာရာကို ခွင့်လွှတ်နားလည်ပေးပါ မျက်ဝန်းရယ်. မျက်ဝန်းတစ်ယောက် မင်းသွေးသစ် စာကိုဖတ်ပြီးတော့ မျက်ရည်များကျနေလေသည်..

“ မောင်ရယ် အရာရာကို ခွင့်လျွှတ်နားလည်ပေးပါ ဟုတ်လား   မောင့်ကို မျက်ဝန်းခွင့်လွှတ်ပါတယ် မောင်ရယ် ..မျက်ဝန်း မောင်နဲ့အတူ အသက်ရှင်သန်နေချိန်လေးမှာ မောင်နဲ့နေချင်ပါသေးတယ် မောင်ရယ်”

“ သမီးရယ် စိတ်ကိုလျော့ပါကွယ်…သူ ရောဂါပျောက်မှာပါ..”

ဒေါ် ခင်ချို နှစ်သိမ့်ရတော့သည်..

“ အန်တီ မောင်ရှိတဲ့နေရာကို သွားကြမယ်နော်…”

“ သူက ဘယ်သူမှမလာနဲ့လို့ပြောတယ် သမီးရဲ့ အန်တီကိုတောင် တစ်ပတ်တစ်ခါ မလာရင် မလာပါနဲ့တဲ့ “

“အန်တီ သမီး သူ့ကိုချော့ခေါ်လာမှာပါ သူအသက်ရှင်တဲ့အချိန်လေး သူနဲ့နေချင်သေးတယ် အန်တီရယ် သူ့ကိုသမီး နားလည်ပေးပါတယ် “

“ ကောင်းပြီလေ သမီးက နေချင်တယ်ဆိုတော့ အန်တီက ဘာမှမပြောတော့ပါဘူးကွယ် အခုပဲ သွားကြမယ်နော်..”

ဒေါ်ခင်ချိုနှင့် မျက်ဝန်းတို့ မင်းသွေးသစ်ရှိတဲ့နေရာကို သွားကြလေသည်…

မန္တလေးမြို့ သို့ မျက်ဝန်းနှင့် ဒေါ်ချင်ချိုတို့ရောက်လာသည်…

မန္တလေး 29 လမ်း B ထောင့်ကိုရောက်တော့ မင်းသွေးသစ်နှင့်တွေ့လေသည်..

“ မောင် မျက်ဝန်းတို့နဲ့ပြန်လိုက်ခဲ့ပါနော်..မျက်ဝန်းမောင့်ကို ထာဝရ ခွင့်လွှတ်ပြီးသားပါ မောင်ရယ်..”

“ မျက်ဝန်း မောင်မလိုက်ပါရစေနဲ့ မျက်ဝန်းရယ် မောင်ဒီနေရာလေးမှာနေချင်လို့ပါ မျက်ဝန်းရယ်..

ဒီနေရာလေးက တိတ်ဆိတ်ငြိမ်းချမ်းတယ် မျက်ဝန်း”

မောင့်ကိုကြည့်မိတော့ မောင့်အသားရည် သည် သွေးရောင်မရှိတော့ပဲ ဖြူဆွတ်နေသည်..မောင့်အခြေနေကို မျက်ဝန်းသိလိုက်ရသည်..

“ မောင့်သဘောပါ မောင်ရယ် မောင့်စိတ်ကြိုက်ပါ မျက်ဝန်းလိုက်လျောပါတယ်.”

“ မောင် မျက်ဝန်းတို့ ဒီနေ့ မန်းလေး မှာလျှောက်လည်ရအောင်နော်…’

“ မျက်ဝန်းသဘောလေ”

ဒေါ်ခင်ချို တစ်ယောက် သူတို့ပြောနေတာကို ဘာမျှ ၀င်မပြောပဲ ရှောင်ထွက်သွားလေသည်..

မင်းသွေးသစ်အခြေနေကို ဒေါ်ခင်ချိုနားလည်သွားသည်..ဆရာဝန်ကိုမေးကြည့်တော့ နှစ်ယောက်လောက်ပဲ ခံနိုင်တော့မယ်တဲ့..မင်းသွေးသစ်မမြင်အောင် မျက်ရည်များကို သုတ်ပြီး ထွက်သွားလေသည်..

ညနေရောက်တော့ မင်းသွေးသစ်နှင့် မျက်ဝန်းတို့ အပြင်သွာရန်ပြင်လေတော့သည်..

ဒေါ်ခင်ချိုက “ သားတို့အပြင်သွားရင် အန်တီပါလိုက်မယ်နော်..အန်တီလည်း မန်းလေးရှူ့ခင်းကိုကြည့်ချင်လို့”

“ ဟုတ်ကဲ့ အန်တီ “

ဒေါ်ခင်ချိုက ကားမောင်းပို့လေသည်..

ဘုရားအစုံလျှောက်ဖူးပြီး မန်းလေးတောင်ကို တက်လေသည်…မန်းလေးတောင်ကို မင်းသွေးသစ်နှင့်မျက်ဝန်းနှင့် တစ်တွဲ ဒေါ်ခင်ချိုက တစ်ယောက်တည်းနှင့် တောင်ပေါ်သို့တက်လာသည်..

တောင်ပေါ်တက်ရင်း

‘ မျက်ဝန်း မောင့်ကို သိပ်ချစ်လားဟင် ‘”

“ချစ်တာပေါ့ မောင်ရယ် မျက်ဝန်း အသွေးသားထဲမှာ မောင်ဟာ မျက်ဝန်းရဲ့ သိပ်ချစ်ရတဲ့သူပါ မောင်”

“မျက်ဝန်းရယ်”

“ မောင် စကားမပြောနဲ့ မောလိမ့်မယ်”

ဘုရားပေါ်ရောက်တော့ မင်းသွေးသစ် ဘုရားကို ဦးသုံးကြိမ်ချပြီး  အရှင် ဘုရား..ရောက်လေရာ ဘ၀တိုင်းမှာ ရောဂါကင်ရှင်းသော သူ ဖြစ်ရပါလို့၏..ကျွန်တော်မျိုး ချစ်သူ မျက်ဝန်းနှင့်လည်း နောင်ဘ၀တွင် ဆုံတွေ့ရပါလို၏…

ဘုရားပေါ်က ပြန်ဆင်းတော့ မျက်ဝန်းတို့နှင့် ဒေါ်ခင်ချိုတို့ မန်းလေးကျုံးရေကန်ကြီးကို ပတ်ပြီး ကားလျှောက်မောင်းလေသည်…

“မျက်ဝန်း မောင်ချမ်းတယ် မောင့်ကို ဖက်ထာပေးပါလားကွာ”

မျက်ဝန်းတစ်ယောက် မျက်ရည်တွေကျနေသည်…ငိုသံမပါအောင် ထိန်းရင်

“ မောင် မျက်ဝန်းတို့ဘယ်တော့မှ မခွဲဘူးနော် မျက်ဝန်းမောင့်ကို သိပ်ချစ်တယ် သိလား”

မင်းသွေးသစ်ကို ရင်ခွင်ထဲ ထည့်ထားရင် မျက်ရည်တွေကျနေသည်..

မင်းသွေးသစ်  နှခမ်းတွေဖြူလျော့လာလေသည်…သူ့မှာ အချိန်မရှိတော့ဘူးဆိုတာ တဖြည်းဖြည်းနားလည်လာခဲ့လေသည်..

မျက်ဝန်း စကားတွေပြောနေမိသည်..

“ မျက်ဝန်းတို့ ဘ၀လေးဟာ အရမ်းပျော်ဖို့ကောင်းတယ်နော်..မောင် အိမ်ပြန်ရောက်ရင် မျက်ဝန်းတို့လက်ထပ်ကြမယ်နော်..”

မျက်ရည် တစ်စက်က မင်းသွေးသစ် ပါးပြင်ပေါ်သို့ ကျသွားသည်.

“ မျက်ဝန်း ဘာလို့ငိုနေတာလဲ” မင်းသွေးသစ် ပြောလိုက်သည်

“ မဟုတ်ပါဘူး မောင် မျက်ဝန်း ၀မ်းနည်းလွန်းလို့ပါ”

မောင်ရယ် မငိုရဘူးတဲ့လားကိုယ့်ချစ်သူတစ်ယောက်လုံး ကိုယ့်ကိုခွဲခွာသွားရတော့မယ်အခြေနေမှာ မျက်ဝန်းမငိုရဘူးဆိုတော့..မင်းသွေးသစ် မျက်ဝန်းကို ဖတ်ထားသော လက်တို့ ဖြေလျော့သွားလေသည်…မျက်ဝန်းသိလိုက်ပြီ။

မောင်…..မောင်…မောင်ရေ မျက်ဝန်းကိုထားခဲ့တော့မှာလား…မျက်ဝန်း မျက်ရည်တို့ အတားဆီးမဲ့ ကျလေတော့သည်..ဒေါ်ခင်ချိုလည်း  မျက်ရည်တွေဝဲနေသည်

မျက်ဝန်းတစ်ယောက် မင်းသွေးသစ်ကို ဖက်ထားရင် အရူးတစ်ယောက် တတွတ်တွတ် ပြောနေသည်

 

.မောင် ဘာလို့ အိပ်သွားတာလဲ ထပါအုံး မျက်ဝန်းကိုထကြည့်ပါအုံး မောင်ရယ်..မောင် မျက်ဝန်းကိုထားခဲ့ပြိနော်…မောင်ပဲ ဘယ်တော့မှမခွဲကြဘူးဆို အခုတော့ မောင်မျက်ဝန်းကိုထားခဲ့ပြီနော်..မင်းသွေးစ်ရဲ့ အသက်မဲ့ ခန္ခာကိုယ်ကို ဖက်ထားရင် ငိုရှိုက်နေသည်…

မင်းသွေးသစ် ဇာပနာပြီးတော့ မျက်ဝန်းတစ်ယောက် ရန်ကုန်သို့ ပြန်လေသည်..

မနက်မိုးလင်းတော့ မျက်ဝန်းတစ်ယောက် လိုင်းကားပေါ် ပြေးတက်လေသည်.. မောင့်အရိပ်ငွေ့တွေ ပြည့်နေတြ့ ခုံလေူမှာ ၀င်ထိုင်လိုက်သည်…မောင်ရေ မောင်လည်း မလာပါလား မောင့်ထိုင်နေကျခုံလေးမှာ မောင်မ၇ှိပါလား..မင်းသွေးသစ်ထိုင်နေကျခုံလေးနားမှာ ထိုင်ရင်း မျက်ဝန်း မျက်ရည်တွေကျနေသည်..မောင်နှင့်ကြည်နူးခဲ့တာတွေကို ပြန်တွေးရင် ရင်ဘက်က အောင့်လာသည်..မျက်ဝန်းတစ်ယောက် မင်းသွေးသစ်ထိုင်ခဲ့ဘူးသော ခုံလေးပေါ်တွင် နှလုံးသားကွဲကြေပြီး သေဆုံးသွာခဲ့လေသည်..


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>