Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

**နင်သိနိုင်ပါ့မလား**

$
0
0
အပြင်မှာတိတ်ဆိတ်အေးချမ်းနေပေမယ့်.......ငါ့စိတ်ထဲမှာ

တွေးမိရာ...အတွေးတစ်ခုကိုတွေးပြီးမျက်ရည်တွေကျနေခဲ့တယ်........

ဟိုအရင်အချိန်တွေကငါဟာမျက်ရည်ကိုအလွယ်တကူအသုံးမပြုခဲ့ဖူးဘူး

ဒါပေမယ့်ခုတော့ငါလွယ်လွယ်နဲ့ငိုတတ်နေခဲ့ပြီချစ်သူ........

ငါပေးရင်ပေးသလောက်ပြန်ရချင်ခဲ့တဲ့ငါ့အကျင့်

နင့်အပေါ်မှာမျှော်လင့်မိပေမယ့်.....မျှော်လင့်သလောက်မဖြစ်လို့ကျတဲ့မျက်ရည်..........

ငါ့ဘ၀.....လူဖြစ်လာတဲ့ခဏတာမှာ

ငါအချစ်ဆုံးသူတွေငါ့ကိုချစ်တာ....ဂရုစိုက်မှုကိုသာလိုချင်ခဲ့မိတာ
ငါလောဘကြီးရာကျနေတာလား??

ငါချစ်မိတဲ့နင်နေမကောင်းဘူးတဲ့........

ငါ့ဘက်ကဘာမှလုပ်မပေးနိုင်ဘူး..........

ဖြစ်ချင်တာသာဖြစ်ခွင့်ရရင်တောင်းဆုတစ်ခုပြုလိုက်ချင်တယ်.....

နင့်ထံပါးမှာပြုစုကြင်နာခွင့်လေးရချင်မိတယ်.......

နင်စိတ်ညစ်နေပါလားဆိုတဲ့အသိ

ငါဖြေရှင်းမပေးနိုင်ခဲ့ရင်တောင်အနည်းဆုံး.........

နင့်ကိုအားပေးနှစ်သိမ့်ပေးခဲ့ချင်တာ.......

ဒါပေမယ့်နောက်ဆုံးမှာစိတ်ပူ/ရင်ပူရတာနဲ့သာ

အဆုံးသတ်ရစမြဲပဲ......

နင့်အကောင့်လေးမှာစာချန်လို့ပြန်စာလေးရခဲ့ရင်ငါလေ

တစ်နေကုန်အားအင်တွေပြည့်စေခဲ့တယ်ချစ်သူ........

ဒါပေမယ့်နင့်ပြန်စာကိုမတွေ့ရရင်ငါ့ရဲ့စိတ်ဓာတ်တွေ

အောက်ဆုံးထိကျသွားခဲ့တာနင်သိနိုင်ပါ့မလား??

နင့်ကိုအရမ်းချစ်ခဲ့မိရင်နောက်ဆုံးတစ်နေ့

နင်ထားရစ်ခဲ့ရင်ငါကြေကွဲစွာကျန်ရစ်မှာစိုးလို့

ထိန်းထားခဲ့ပေမယ့်

တစ်စစနဲ့အဆုံးထိပျော်ဝင်နေတာငါမသိလိုက်ခဲ့ဘူး

နောက်ဆုံးမိန်းကလေးဆိုတဲ့အသိစိတ်ပျောက်လောက်တဲ့အထိ

နင့်အပေါ်ချစ်ခဲ့မိတာနင်သိရဲ့လား??

ငါအရမ်းချစ်လို့ဥပေက္ခာပြုတတ်တဲ့နင့်ကိုမှချစ်မိတာငါမှားလား??

ရင်မှာတနင့်နင့်သိပ်ချစ်ခဲ့မိတာနင်သိခဲ့ရဲ့လား??

ညသန်းခေါင်တစ်ရေးနိုးတဲ့အခါမှာလဲ

သတိရရင်းတိတ်တဆိတ်ငိုကြွေးမိတာဘယ်သူသိနိုင်ပါ့မလဲ


ချစ်သူရယ်

                                  မြတ်လေးနွယ်

                                      http://www.myatlaynwe.co.cc


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>