Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ခေတ်သစ်ဒီမိုကရေစီဘက်တော်သားလေးများနှင့် ကျွန်မ၏ ပဋိပက္ခ

$
0
0

ရွှေမြို့တော်မှာသယ်ရင်းလေးများ မင်လာပါနော်။

:P

ခေါင်းစဉ်ကိုဖတ်ပြီးတော့ ဘယ်လိုကြီးပါလိမ့်လို့ ထင်နေပြီမလား။ ဖြစ်ရမယ်လေ။ ဟဲဟဲ။ အထင်တော့ကြီး တော် မမူလိုက်ကြပါနဲ့။ မမမေက သာမန်ရိုးရိုးလူတန်းစားလေးပါ။ နိုင်ငံရေးသမားလည်း မဟုတ်ရပါဘူး။ လူတော်လူတတ်ကြီးလည်း မဟုတ်ဘူးနော်။ သို့ပေမယ့်ပေါ့လေ မပြောမပြီး မတီးမမြည်ဆိုသလို ပြောချင်တာ လေးတွေ ပေါ်လာတော့လည်း ရွှေမြို့တော် စာမျက်နှာပေါ် ရောက်လာတော့တာပေါ့။

ကဲကဲ မမမေနဲ့ ဘယ်လို ပဋိပက္ခလေးတွေဖြစ်လဲဆိုတာ အပြုသဘောလေးနဲ့ ဆက်လက်ပြီး ဖတ်ပေးကြပါအုံးနော်။ J

================================================================================

တစ်နေ့သ၌ ကျွန်မ မမမေ တစ်ယောက် အဒေါ်ဖြစ်သူ နေမကောင်းလို့ ဆေးသွားကုတယ်ဆိုလို့ အိမ်သွားစောင့် ရင်း အဘွားဖြစ်သူကို ပြုစုပေးခဲ့တဲ့တစ်ရက်မှာပေါ့…

ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိ၊ --------------------------------------------------------------------------

“ပါဏာတိပါတာ ဝေဒါမဏိ သိက္ခာပဒံ သမာဓိရာမိ”

“ငါ မင်းကို သတ်ချင်တယ်~~~~~~~~~~~~~~~~ ငါမင်းကို သတ်ချင်တယ်~~~~~~~~”

“ဟဲ့ ပလုတ်တုတ်! ဘယ်လိုဖြစ်ရတာတုန်း”

ဘွားလေးက အိမ်ရှေ့ဘုရားခန်းမှာ သူ့အသတ်မသတ်ပါဘူးတဲ့

ဧည့်ခန်းက သကောင့်သား (၄)ကောင်က ငါမင်းကိုသတ်ချင်တယ်တဲ့။ တော်တော် မလိုက်ဖက်တဲ့ အနေအထားပါ။

မမမေလည်း မမမေရဲ့ အကျင့်အတိုင်း ၀င်ပါရပါတော့တယ်။

“ဟဲ့ ဖိုးသားတို့ နင်တို့ဘာဖြစ်နေလဲ။ ဘွားလေး ဘုရားရှိခိုးနေတယ်လေ။ မနက်စောစောစီးစီး တကယ်ပဲ”

“အာဗျာ ! ဒေါ်မမမေတို့ကတော့ လုပ်ပြီ။ စောတော့ဘာဖြစ်လဲ။ အနုပညာခံစားတာဗျ။”

“အေးလေ ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီရနေပြီဗျ။ ဘယ်သူက မနက်စောစောစီးစီး MUSI နဲ့ နှုတ်ဆက်တာကို ပိတ်ပင်ထားလို့လဲ”

“ဘယ်လို ဘယ်လို”

ကျွန်မ နားပင် ကျွန်မ မယုံချင်။ ပြောလိုက်တဲ့စကားက အကြီးကြီး။ အကြီးကြီးမှ မဟာစကားကြီးစကားကျယ် ပါ။ ဘာတဲ့ “ဒီမိုကရေစီ” ဆိုပါလား

ကျွန်မလည်း ပစိပစပ်များတဲ့ အပျိုကြီးပီပီ

“ဘာရယ် ဘာရယ်။ နင်တို့ ဘယ်လိုပြောလိုက်တာလဲ။ ဒီမိုကရေစီရတာနဲ့ စောစောစီးစီး အလိုက်မသိ အော်ဟစ်နေတာနဲ့ ဘာဆိုင်လဲ။ နင်တို့ ဒီမိုကရေစီဆိုတာရော နားလည်လို့လား။ လူမှုရေးရော သိရဲ့လား ဟင်”

“အာဗျာ။ ဘာတွေလာပေါက်နေတာလဲ။ ဒီမှာ ဖီးလ်ငုပ်တယ်။ ငါတို့နိုင်ငံဒီမိုကရေစီ ရနေပေမယ့် ဖိုးသားတို့ အိမ်ဒီမိုကရေစီ မရသေးဘူး။ လာ ငါတို့ အိမ်လစ်မယ်ကွာ။ ဘွားတော်ကြီးက ပွစိပွစိနဲ့”

“အံမယ်လေးလေး ကြားလို့မှ ကောင်းကြရဲ့လား။ နင်တို့ ဒီမိုကရေစီကို ဘယ်လောက်နားလည်လို့လဲ. !!!!!!!!!!!!!!!!!!!!!!” (ငါ့ကိုများ ဘွားတော်ကြီးတဲ့ ၂၆ နှစ်က ဘွားတော်ကြီးလားဟင်း )

ကျွန်မ မမမေရဲ့ စကားတောင်မဆုံးလိုက်သေးပါဘူး။ ဒီမိုကရေစီ ဘက်တော်သား သကောင့်သားလေး (၄) ကောင်ဂစ်တာကြီးကိုင်လို့ ခုန်ပေါက်ဆင်းသွားပါတော့တယ်။

==========================================================

တစ်ခုသော ညနေခင်းလေးတစ်ခုမှာပေါ့။

“မမမေ မျိုးတို့အိမ်မှာ မနက်ဖြန်အလှူ လိုက်ပြီး ညအိပ်ကူညီပြီး လုပ်ပေးပါလားဟင်”

မမမေနဲ့ အရင်တည်းက ခင်မင်းရင်းစွဲလည်းရှိ။ မမမေကိုလည်း အားကိုးတဲ့ ညီမလေးတစ်ယောက်မို့ သွားရောက်ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“မမမေကိုတော့ နည်းနည်းအားနာတယ်။ မျိုးတို့ရပ်ကွက်က လူပေါင်းစုံ။ အလွှာစုံရှိတော့ နည်းနည်းတော့ ဆူတယ်။ မမမေရဲ့“

“အင်း ရပါတယ်လေ။ ကုသိုလ်ရေးမို့ လက်မနှေးပဲ ကူညီပါ့မယ်။ တစ်ညပဲအိပ်ရမှာကို“

 ဒီလိုနဲ့ ညနေစောင်း ရုံးဆင်းတော့ မျိုးဆိုတဲ့ ကလေးမနေတဲ့ ရပ်ကွက်ကို ကျွန်မ လိုက်ပါ လာခဲ့ပါတယ်။ နေညို၇င် လေပြိုတယ် ဆိုတာ ခုမှ မမမေ တကယ်မျက်ဝါးထင်ထင်တွေ့ဖူးတော့တယ်။

“ဟေ့….. ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သောက်တာ ဘယ်ခွေးမှ လူမထင်ဘူးကွ“

“ဟဲ့ပလုတ်တုတ်”

မမမေရဲ့ ဒုတိယအကြိမ် ပလုတ်တုတ် သံပါ။

“ငါတို့နိုင်ငံကြီး ဒီမိုကရေစီရနေပြီ။ ဘယ်ကောင်ဘာပြောချင်လဲ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်သောက်တာ။“

“ဟုတ်တယ်ကွ။ ငါတို့ဘာသာသောက်တာ။ ဘာဖြစ်လဲ အေ့? ? ?”

မြတ်စွာဘုရား။ အရက်သမား အရက်သောက်ပြီး မူးတာ မဆန်းပါဘူး။ ဒါပေမယ့် ခုကြားရတာတွေက ဆန်းနေပါတယ်။

ဒီမိုကရေစီရတာနဲ့ အရက်သမား အရက်မူးတာ ဘာဆိုင်လို့တုန်း။ အံ့သြချက်က ကမ်းကုန်ဆိုသလိုပါပဲ။

ကျွန်မ မမမေ တစ်ယောက် ယောင်ချာချာနဲ့ မျက်လုံးလေး အ၀ိုင်းသား ပါးစပ်လေး အဟောင်းသားနဲ့ ကြည့်နေ လိုက်ရပါတော့တယ်။ သူတို့လည်းသွားပြီး ဆရာတတ်လို့ မဖြစ်သေးပါဘူး။ တော်ကြာ ပြန်ရစ်မှဖြင့် ပြေးပေါက် မှားနေမယ်။

ခက်တာက ခုချိန်မှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်နေပြီ။ ဒီမိုကရေစီဆိုတာကို လက်ကမ်းကြိုလို့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ ပြည်သူတွေအားလုံးကြိုးစားပမ်းစားနဲ့ ဦးဆောင်သူတွေနဲ့ လက်တွဲသင့်နေတဲ့အချိန်။

အရက်မူးပြီး လမ်းပေါ်လျှောက် ဒီမိုကရေစီ။ ဒီမိုကရေစီ နဲ့ အော်နေတာတော့ မသင့်လျော်ဘူးထင်ပါ့။

သို့ပေမယ့် သို့ပေမယ့်ပေါ့ကွယ်။

==========================================================

ညနေခင်းတစ်ခုမှာပေါ့

“ထူးမြတ် အပြင်သွားရင် ဆိုင်ကယ်ဦးထုတ်ယူသွားအုံး။ ယာဉ်ထိန်းရဲ (Traffic Policeman) နဲ့တွေ့လို့ ပိုက်ဆံကုန်နေအုံးမယ်”

မမမေတို့ လမ်းထဲက အသိတစ်ယောက်ရဲ့ ကွန်ပျူတာ မှာ SOFTWARE တစ်ချို့ထည့်ပေးဖို့ အကူအညီ တောင်းထားလို့ သွားထည့်ပေးနေတုန်းကြားလိုက်ရတဲ့ အသံပါ။

“ရပါတယ်ဗျာ။ သားတို့နိုင်ငံမှာ ဒီမိုကရေစီ ရနေပြီပဲကို မဆောင်းလည်းရတယ်။ ဖမ်းရင် ပြန်ပြောလိုက်မယ်“

ဗုဒ္ဓော

ကျွန်မ မမမေ မျက်လုံးအစုံတောင် ပြူးထွက်မတတ်အံ့သြသွားရပြန်ပါပြီ။ ကြားလိုက်ရတာ ကျွန်မ နားမှ ဟုတ်ရဲ့လားလို့။

“ရရ မရရ ဆောင်းသွား။ ဦးထုပ်ကို။ တော်ကြာပိုက်ဆံကုန်နေအုံးမယ်“

“ထူးမြတ်ရယ်။ စည်းကမ်းမဲ့ ဦးထုပ်မဆောင်းတာနဲ့ နင်ပြောတဲ့ ဒီမိုကရေစီနဲ့ ဘာဆိုင်တုန်း”

“အာဗျာ ဆိုင်ဆိုင် မဆိုင်ဆိုင် ရှိုးပျက်တယ်။ လစ်ပြီ”

“ဟဲ့ ဟဲ့ အန္တရာယ်လေ အန္တရာယ် အော်. !@#$%^&*()__+”

ကျွန်မ မမမေ တစ်ယောက်သာ သူ့အမေနဲ့ စကားတွေပြောပြီး ဆွေးနွေးကျန်ခဲ့တယ်။ ဒင်းလေးကတော့ ဒီမိုကရေစီရပြီဆိုပြီး ဦးထုပ်မဆောင်းပဲ ထွက်သွားလေရဲ့။

ခေတ်ကာလ သားသမီးတွေများ ဆိုင်တယ်မဆိုင်တယ်အသာထား။ နားလည်တာ မလည်တာ အသာထား။ ပြောချင်ရာပြောပြီး လုပ်ချင်ရာ လုပ်နေကြပါရောလား။

ခေတ်သစ် ဒီမိုကရေစီ မင်းသားလေး ထူးမြတ်တစ်ယောက် ည ၈ နာရီလောက်မှာ စည်းကမ်းမဲ့ ဒီမိုကရေစီ တန်ခိုးနဲ့ ဆေးရုံကြီးမှာ ခေါင်းကွဲလို့ ချုပ်ရပါလေရောရှင်

==========================================================

မမမေ ပြောချင်တာက …………..သူတို့ပြောနေတာ မှန်ပါတယ်။ ပြောင်းလဲနေတဲ့ ခေတ်အခါကြီးနဲ့ ပြောင်းလဲနေတဲ့ လူမှုအခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ မမမေလည်း လိုချင်တာပေါ့။ သူများတွေထက်တောင် ပိုလိုချင်သေးတယ်။ ဒါပေမယ့်ပေါ့ စည်းကမ်းမဲ့တာ ဒီမိုကရေစီ မဟုတ်ပါဘူး။ အဖော်အချွတ်တွေဝတ်ပြီး ခေတ်ရဲ့ ရှေ့ကို လွန်လွန်ကဲကဲ ရောက်နေတာ ဒီမိုကရေစီ မဟုတ်ပါဘူး။

ပွင့်လင်းပါ။ အရှက်မမဲ့ပါစေနဲ့။

လိုချင်တဲ့ သမာ လောဘ ရှိပါ။ မတရားလိုချင်တဲ့ ၀ိသမာလောဘမရှိပါစေနဲ့။

လွတ်လွတ်လပ်လပ်နေပါ။ စည်းကမ်းမမဲ့ပါစေနဲ့။

ပျော်ရွှင်ပါ။ ပတ်ဝန်းကျင်ကိုတော့ အနှောင့်အယှက်မဖြစ်ပါစေနဲ့။

ဒီမိုကရေစီဆိုတာ စည်းကမ်းမဲ့ခြင်း မဟုတ်ပါလို့ ပြောချင်ပါတယ်။

အရမ်းသိ။ အရမ်းတတ်နေလို့မဟုတ်ပါဘူးရှင်။ အမျိုး၊ဘာသာ၊သာသနာအတွက် စည်းကမ်းရှိတဲ့ ဒီမိုကရေစီ လူငယ်ကောင်းလေးတွေ ဖြစ်စေချင်လွန်းလို့ပါ။

မမမေလည်း ပြီးပြည့်စုံနေတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ ကြိုးစားလျှက်ပါ။ ကြိုးစားဆဲပါလို့ ပြောရင်း

စိတ်သဘောထားချင်းလေးများ မတိုက်ဆိုင်ခဲ့ရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ရင်း

တစ်ပါးသူပျော်ရွှင်ဖို့ စိတ်ရင်းနှင့်အားထုတ်သူသည် ကိုယ်တိုင်ပျော်ရွှင်ရသူသာဖြစ်သည်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>