ကျွန်မ ဘာဝမှာ အသက်လောက် ချစ်ခဲ့ရတဲ့ သူတစ်ယောက်ရှိခဲ့တယ် သူ့နာမည်ကတော့ ဝေလင်းတဲ့ ကျွန်မက သူ့ကို အရမ်းချစ်လွန်းလို့ မောင် လို့ပဲ ခေါ်တယ် မောင့်ရဲ့ ရင်ခွင်ဟာ ကျွန်မအတွက်တော့ နွေးထွေးတဲ့ ကမ္ဘာငယ်လေးတစ်ခုပေါ့ မောင်ကလဲ ပြောခဲ့ပါတယ် မောင့်ဘဝရဲ့ သတို့သမီးက ကျွန်မပဲ ဖြစ်ရမယ်တဲ့
အချစ်ကိုတော့ ကျွန်မ မကိုးကွယ်ပါဘူး ဒါပေမဲ့ ကျွန်မက စစ်မှန်တဲ့ ချစ်ခြင်းတွေနဲ့ မောင့်ကိုချစ်ခဲ့တာဆိုတော့ အချစ်ကို ကျွန်မ ယုံကြည်တယ် မောင်ပြောခဲ့တဲ့ ချိုသာသော စကားသံတွေ မောင်ပြုံးပြတဲ့ မောင့်ရဲ့ ပုံရိပ်တွေကို ကျွန်မ ,ကျွန်မရဲ့ အိပ်မက်တွေထဲအထိ ခေါ်ဆောင်သွားလေ့ရှိတယ် မောင်ကတော့ ကျွန်မရဲ့ အိပ်မက်တွေကို အမြဲတမ်းစိုးမိုးထားနိုင်ခဲ့တဲ့ သူတစ်ယောက်ပေါ့
အချစ်ကို မချစ်တက်ခဲ့တာလား ? ချစ်တက်သွားလို့ အပြစ်ဖြစ်ခဲ့တာလား ? အပြစ်ဖြစ်ခဲ့မယ် ဆိုရင်တော့ ထားခဲ့လိုက်ပေါ့ ဘာလို့လဲ ဆိုတော့ ကျွန်မက ချစ်ချင်ခဲ့တာလေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းတစ်ခု ထိုမြင်ကွင်းလေးကတော့ ကျွန်မရင်ထဲကို စူးရှစေခဲ့တယ်
'' အားးးးးးးး နာလိုက်တာ '' လဲကျမိသွားသော ဧကရီ ဆိုတဲ့ မိန်းကလေး တစ်ဦး၏နာကျင်သောအသံပင်ဖြစ်လေသည်
'' ဧကရီ တို့ကတော့ လုပ်ချလိုက်ပြန်ပြီကွာ ကိုယ်ပြောသားပဲ ဒေါက်မြင့်ဖိနပ်ကြီးတွေ စီးမလာပါနဲ့လို့ '' ဝေးလင်းပြောလိုက်သော စကားအဆုံးတွင်တော့ လဲကျသွားသော ဧကရီ ဘေးနားသို့ ထိုင်လိုက်လေသည်
'' ဟင့်ဟင့် ဘယ်နားနာသွားလဲလို့ တော့ မမေးပဲနဲ့ လာဆူနေပြန်ပြီ ဟင့်ဟင့် ''
'' ကိုယ်က ဆူလိုက်တာ မဟုတ်ပါဘူး ဧကရီ ကိုပြောပြတာပါ ကဲကဲကဲ ဘယ်နားနာသွားလဲ '' ပြောဆိုလိုက်ပြီး နင်ကျင်မှူဟန်ဖြစ်နေသော ခြေထောက်လေးအား ဝေလင်း ကိုင်လိုက်လေသည်
'' အ အ ဟင့်အင့် နာတယ် သွားပါပြီ ဒီနေ့တော့ ခြေထောက်နာသွားလို့ လမ်းမလျှောက်နိုင်တော့ဘူးထင်ပါတယ် '' နာကျင်မှူနဲ့အတူ ထွက်ပေါ်လာသော အသံအား ဧကရီ ချွဲနွဲ့ ၍ှုပြောလိုက်လေသည်
'' ကဲကဲ အဲ့တာဆိုလဲ လာလာ ''ပြောဆိုလိုက်ပြီး ဝေလင်းတစ်ယောက် ဧကရီအား လက်ကမ်းပေးလိုက်သည်
ကမ်းလှမ်းလာသော ဝေလင်း၏လက်ကလေးအား ဧကရီ ဆွဲကိုင်လိုက်ပြီး လဲကျနေသော နေရာလေးမှ ရပ်ဟန်ပြုလိုက်သည်
'' အား နာတယ် နာတယ် တကယ်နာတယ် '' ငိုသံနဲ့အတူ ပြောဆိုလိုက်သော ဧကရီ စကားအဆုံးတွင်တော့
'' ကဲကဲကဲ ဆေးခန်းသွားကျမယ် ဟုတ်ပြီလား '' ပြောဆိုလိုက်ပြီး လက်ကလေးကတော့ ဧကရီ ပခုံး ပေါ်သို့ ကိုင်ဆောင်လိုက်လေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နှောင်း လျှောက်လှမ်းလာသော ခြေလှမ်းတွေရဲ့ ဦးတည်ရာကတော့ ဝေလင်းနဲ့ ဧကရီတို့၏ အနားသို့ပင်
'' မောင် ''
မောင်ဆိုသော ခေါ်သံလေးအား ဝေလင်းကြားမိလိုက်ချိန်မှာပဲ အသံလာရာ ဘက်သို့ လှည့်ကြည့်လိုက်လေသည်
'' ဟာ နှောင်း တစ်ယောက်ထဲလား ဒီကို ဘာလာလုပ်တာလဲ''
နှောင်း မေးရန် ပြင်ဆင်လိုက်သော မေးခွန်းအား ဝေလင်း မေးလိုက်လေသည်
'' တစ်ယောက်ထဲရယ် နှောင်း ဝယ်စရာ ပစ္စည်းလေးတွေ ရှိလို့ လာခဲ့တာပါ မောာင်ကကောဟင်'' နှောင်းပြောလိုက်သော စကားအဆုံးတွင်တော့
'' အော် မိတ်ဆတ်ပေးရအုံးမယ် ဒါက မောင့်မေမေရဲ့ မိတ်ဆွေသမီးလေ မောင်နဲ့တော့ သူငယ်ချင်းတွေပေါ့ အခုဒီကိုလာခဲ့တာလဲ ဒီက မောင့်သူငယ်ချင်း ဧကရီက shopping ထွက်ချင်တယ် ဆိုလို့ လိုက်ပို့တာလေ ''
'' အော် ဟုတ် နှောင်း နာမည်က နွေနှောင်းခင်ပါ ဒီက ဧကရီနဲ့ ခင်မင်ခွင့်ရလို့ ဝမ်းသာမိပါတယ် နှောင်းကို နောက်တွေ့လဲ ခေါ်ပေါ့ ''
'' ဟုတ်ကဲ့ပါ မမ '' ဧကရီ ပြောဆိုလိုက်သော စကားအဆုံးတွင်တော့
'' ကို သွားကျမယ်လေ '' ဧကရီပြောလိုက်သော စကားတစ်ခွန်းကြောင့် ဝေလင်း သတိတစ်ချက် ပြန်ဝင်လာခဲ့မိသည်
'' အော် နှောင်း ကိုယ်တို့ သွားတော့မယ်နော် ဧကရီ ခြေထောင် နာနေလို့ ဆေးခန်းဝင်ပြရမယ်ဆို ဆို'' ဝေလင်းပြောမည့်စကားမဆုံးခင်မှာပဲ
'' နှောင်းနားလည်ပါတယ် ဧကရီလဲ ခြေထောက် နာနေတာဆိုတော့လေ သွားပါသွားပါ '' ဦးခေါင်းလေးညိမ့်ပြီး ဖြေဆိုလိုက်သော သူကတော့ နှောင်းပင် ဖြစ်လေသည်
'' အဲ့တာ ဆိုကိုယ်တို့ သွားတော့မယ်နော် '' ပြောဆိုပြီး ဧကရီ၏ပခုံးလေးအား လက်ကလေးဖြင့် ဆုတ်ကိုင်း၍ နေရာလေးမှ ထွက်ခွာသွားလေသည်
နှောင်းတစ်ယောက်ကတော့ နေရာလေးမှပဲ ကျန်ခဲ့လေသည် သူမချစ်ရသော ဝေလင်းအပေါ် စိတ်ဆိုးခြင်း မရှိတဲ့အပြင် ပျော်ရွှင်မိနေလေသည် အဘယ်ကြောင့်ဆိုသော ဧကရီက ဝေလင်းသူငယ်ချင်းဖြင့်သည်ဟု ပြောလိုက်သော စကားတစ်ခွန်းကြောင့်ပင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ဟုတ်တယ်သား ဧကရီတို့ မိဘတွေနဲ့ မေမေတို့နဲ့က ဟို ငယ်စဉ်ကတည်းက ရင်နှီးလာခဲ့ကျတဲ့ မိတ်ရင်းဆွေရင်းတွေ အခု သားကလဲ အရွယ်ရောက်နေပြီ ဧကရီလေးကလဲ အရွယ်ရောက်နေပြီဆိုတော့ မေမေတို့ လူကြီးခြင်း လက်ထပ်ထိမ်းမြားဖို့ စီစဉ်ထားပြီးကျပြီသား သားသဘောကကောဟင် ''
မေမေ မေးလာသော မေးခွန်းကြောင့် ကျွန်တော် ဖြေရခတ်နေသည်
'' မေမေ နားလည်ပါတယ် သားရယ် ဒါပေမဲ့ မေမေက ကောင်းမယ် ထင်လို့ သမီးလေး ဧကရီမိဘတွေနဲ့ တိုင်ပင်ပြီး စီစဉ်လိုက်ကျတာပါ မေမေရဲ့ တောင်းဆိုချက်လေးကို သားအငြင်းဘူးလို့ မေမေယုံကြည်တယ် သား ''
မေမေ တောင်းဆိုချက်အား ကျွန်တော် ညင်းဆိုလိုက်ရင် ကျွန်တော်အတွက်နဲ့ မေမေအိပ်ရာထဲ လဲသွားမည် မေမေမှာ နှလုံးရောဂါလဲ ရှိတယ် ကျွန်တော်အတွက်နဲ့ မေမေ တစ်ခုခုဖြင့်သွားမှာကို ကျွန်တော်မကြည့်ရက်ပါ မေမေကိုစိုးရိမ်မိတဲ့စိတ်လေးတစ်ခုနဲ့
'' ဟုတ်ကဲ့ မေမေ '' ကျွန်တော်ပြောဆိုလိုက်ပြီး ခေါင်းလေးအား ညင်သာစွာ ညိမ့်ပြလိုက်လေသည်
'' ဝမ်းသာလိုက်တာ သားရယ် မေမေ သမီးလေး ဧကရီရဲ့ မိဘတွေကို အသိပေးပြီး မဂ်လာ ရက်ကို မြန်မြန်လေး ရွေးလိုက်တော့မယ်နော် ''
ကျွန်တော်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် မေမေမျက်နှာပေါ်မှာတော့ အပြုံးတွေ ဝေဆာလျှက်
မေမေပျော်ရွှင်နေတာလေးကို ကျွန်တော်ကြည့်ရင်း ကျွန်တော်ရင်ထဲမှာတော့ နာကျင်လျှက် မေမေကတော့ ဝမ်းသာပီတိတွေဖြစ်လို့ ကျွန်တော်ရင်ထဲမှာတော့ ပူလောင်နေတယ် ဆိုတာ မေမေသိမယ် မထင်ပါ မေမေပျော်ရွှင်မယ် မေမေပြုံးနိုင်မယ် မေမေစိတ်ချမ်းသာမယ်ဆိုရင်တော့ ကျွန်တော် နှလုံးသားလေးကို စတေးလိုက်ရတာ ထိုက်တန်ပါတယ်
'' နှောင်းရယ် ကိုယ်ကို့ ခွင့်လွတ်ပေးပါကွာ '' ဒီစကားတစ်ခွန်းကတော့ နှောင်းအတွက် ကျွန်တော်ရဲ့ နောက်ဆုံးစကားတစ်ခွန်းပဲပေါ့
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီနေ့ကတော့ နှောင်းအတွက် လန်းဆန်းတက်ကြွနေတဲ့ နေ့လေး တစ်နေ့ပေါ့ ပြောစရာစကားရှိလို့ တွေ့နေကျနေရာလေးမှာ စောင့်နေမယ် နှောင်း ဆတ်ဆတ် လာခဲ့ပါတဲ့ မောင်ဘာများပြောမလဲဆိုတာ တွေးရင်းရင်ခုန်မိနေတာတော့ အမှန်ပါ
''နှောင်း ရယ် မောင်တို့ လက်ထပ်ကျရအောင် '' ထိုစကားလေးကို နှောင်းအား မောင်နှုတ်ဖျားမှ ပြောဆိုလာမယ် ဆိုရင်တော့
'' မောင် ''
နှောင်း ခေါင်းညိမ့်မိမှာ အမှန်ပါ
တွေးရင်း တွေးရင်း ရင်ခုန်ရင်းနဲ့ မောင်နှင်လာတဲ့ ကားလေးကတော့ ဝေလင်းနဲ့ နှောင်း တွေ့နေကျ နေရာလေးသို့ ရောက်ရှိခဲ့လေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ဘာ မောင်ဘာပြောလိုက်တယ် ''
'' ဟုတ်တယ် နှောင်း မောင် အခြားတစ်ယောက်နဲ့ လက်ထပ်တော့မယ် '' ဝေလင်းပြောလိုက်သော စကားသံတွေ ကြားထဲမှာတော့ ကြေကွဲသံတွေ ပါဝင်လျှက်
ကြားမိလိုက်သော နှောင်း အတွက်ကတော့ ရင်ခွင်တစ်ခုလုံး ပူလောင်သွားစေခဲ့သည် တိုက်ခတ်လာတဲ့ လေနုအေးအေးလေးတွေကတော့ နှောင်းရင်ခွင်အား မအေးမျှစေခဲ့
'' မောင် ဘယ်သူနဲ့ လက်ထပ်မှာလဲ ? မောင်ပြောတော့ နှောင်းက မောင်ဘဝရဲ့ မောင့်ရင်ခွင်မှာ ခိုလှုံရမယ့် သူတစ်ယောက်ဆို အခု အခု ဘယ်လိုဖြစ်သွားရတာလဲမောင် '' ငိုသံနဲ့အတူ ဝေလင်း၏ပခုံး နှစ်ဖက်အား နှောင်းလက်ကလေးဖြင့် ဆုပ်ကိုင်းပြီး မေးလိုက်လေသည်
ဝေလင်း၏ပခုံး၂ဖက်အား နှောင်းလက်ကလေးဖြင့် ဆုပ်ကိုင်လိုက်တိုင်း ဝေလင်းက နှောင်းအား ရင်ခွင်ထဲသို့ အမြဲ ပွေ့ပိုက်ထားလေ့ရှိသည် ဖခုအချိန်တွင်တော့ နှောင်း ဆုပ်ကိုင်လာသော နှောင်းလက်ကလေးအား ဝေလင်းဖယ်ရှား ပြစ်လိုက်လေသည်
'' မောင့်ကို ခွင့်လွတ်ပေးပါ နှောင်းရယ် မောင်နဲ့ ဧကရီ လက်ထပ်တော့မယ် ''
'' မောင် မောင်ပြောခဲ့တုန်းက ဧကရီဟာ မောင့်ရဲ့ သူငယ်ချင်းဆို အခုအခု '' နှောင်း၏ စကားမဆုံးခင်မှာပဲ
'' ဟုတ်တယ်နှောင်း မောင်တောင်းပန်ပါတယ် ''
မောင်ကသာ နှောင်းကိုတောင်းပန်နေပေမဲ့ မောင့်ကို ချစ်တဲ့ စိတ်နဲ့ နှောင်းခွင့်လွတ်ပေးလို့ရပါတယ် ဒါပေမဲ့ နှောင်း နှလုံးသား တစ်ခုလုံး နာကျင်ခဲ့ရပါပြီ မောင် တားဆီးလို့ မရခဲ့တဲ့ ကျွန်မ မျက်ရည်တွေကတော့ ခဏတာ စီးဆင်းခွင့်လေးပြုလိုက်သည်
'' ဒီဖိတ်စာလေးက မောင်နဲ့ ဧကရီ ရဲ့ မဂ်လာဖိတ်စာလေးပါ '' ပြောဆိုလိုက်သော စကားနဲ့အတူ ဝေလင်း နှောင်းအားဖိတ်စာလေးတစ်ခုအားပေးလိုက်လေသည်
မောင်အရမ်း ရက်စက်ခဲ့တယ် မောင်နဲ့ ဧကရီတို့ လက်ထပ်ဖိတ်စာလေးကို နှောင်းကို ပေးမဲ့အစား မောင့်နှုတ်ဖျားမှ မောင်နဲ့နှောင်း
လုံးဝမသက်ဆိုင်တော့ပါ
လို့ နှောင်းကို ပြောခဲ့လိုက်ပါလား မောင်ရယ်
'' နှောင်း မောင်သွားတော့မယ် '' ပြောဆိုလိုက်ပြီး နေရာလေးမှ ဝေလင်းထွက်ခွာ သွားခဲ့လေသည်
'' မောင် '' ကျယ်လောင်သော အသံတစ်ခုဖြင့် နှောင်း အနောက်မှ လှမ်းခေါ်လိုက်လေသည်
'' မောင် '' နှောင်းခေါ်လိုက်သော အသံအား ကျွန်တော်ကြားမိလိုက်သောလဲ နှောင်းအား ပြန်လှည့်မကြည့်ခဲ့ ကျွန်တော်ကျခဲ့သော မျက်ရည်တွေအား နှောင်းမြင်သွားမှာဆိုးလို့ပါ တကယ်တော့ ကျွန်တော်ကျခဲ့တဲ့ မျက်ရည်တွေက နှလုံးသားကလာခဲ့တဲ့ မျက်ရည်တွေပါ
'' မောင် '' ခေါ်သံလေးနဲ့အတူ နေရာလေးမှာ ကျန်ခဲ့တဲ့သူကတော့ နှောင်းဆိုတဲ့ မိန်းကလေး တစ်ဦးပါ
လုံးဝ မသက်ဆိုင်တော့ပါ
ဆိုတဲ့ စကားလေးကို ဖိတ်စာလေးနဲ့ ပြောခိုင်းသွားတဲ့ မောင့်ကို နှောင်း လမ်းမှာတွေ့ ခဲ့ရင် ပြုံးပြနှုတ်ဆတ်နေမိအုံးမှာပါ
မောင့်ကို ချစ်လွန်းလို့ ခွင့်လွတ်ခဲ့ပါတယ်
နောက်ဆုံးကျခဲ့တဲ့ မျက်ရည်လေးကို မောင့်မသုတ်ပေးသွားခဲ့လို့
မောင့်ကို နှောင်း................(နှောင်းဘာစကားကိုပြောခဲ့ပါသနည်း) ????
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြီးပါပြီ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရွှင်လန်းချမ်းမြေ့ကျပါစေ ကြိုးစားပါအုံးမည်
ရဲရင့်ရထာ