ရွှေရောင် အနာဂါတ်အတွက်
ငါတို့ရဲ့လက်တွေနဲ့
ငါတို့ရဲ့ ဘ၀တွေကို ထုဆစ်နေကြမယ်
ဘ၀ဆိုတဲ့ တိုက်ပွဲ
မတိုက်ပဲ မိုက်မဲနေသမျှ
အောင်ပွဲဆိုတာ မရှိနိုင်ဘူး
တခုခုကို ရယူချင်ရင်တော့
တခုခု ပေးဆပ်ရမှာပဲ
သုခနဲ့ စံဖို့အတွက်
ဒုက္ခကိုလည်း ခံတတ်ရမယ်
ဒါနိယာမ တရားပဲ
ငါတို့ရဲ့ လက်ထဲက
အချိန်ဆိုတဲ့ ယန္တရား
အလက္ကား ရထားတာမဟုပ်ဘူး
တန်ဘိုးကြီးကြီးနဲ့
ငါတို့ ရင်းနှီးထားရတာ။
ဒီအတွက်
ငါတို့ ဘယ်လောက်မြတ်ခဲ့ပြီလဲ
ငါတို့ရဲ့ခွန်အားလက်နက်
ငါတို့ရဲ့ ချွေးစက်တွေနဲ့
ရရှိခဲ့တဲ့အောင်မြင်မူ့
ဘယ်လောက်အထိ အကျိုးပြုခဲ့ပြီလဲ
ကိုယ့်ကိုယ်ကို ပြန်မေးရဲခဲ့ပြီလား ။ ?
ငါတို့နေထိုင်တဲ့ ကာမကမ္ဘာ
မာယာတွေနဲ့ ဖျားယောင်းထားတဲ့ ကာမတဏှာ
အကွေ့အကောက် အတက်အဆင်နဲ့
ရမ္မက်တွင်းတွေနဲ့ ပြည့်နှက်နေတဲ ကာမတဏှာ
ဒီအတွက် သတိထားပြီး
အသိတရားနဲ့ ရုန်းထွက်ကြရမယ်။
လာတုန်းက ဒီခရီး
ခေါင်းမော့ပြီး လာခဲ့သလို
အချိန်တန်အိမ်ပြန် ခရီးမှာလဲ
ရင်ကော့ပြီး ပြန်ရဲရမယ်
ငါတို့ရဲ့ဘ၀ ငါတို့ရဲ့ပုံတူအစစ်
ရဲရင့်စွာ ထုဆစ်ပြီးတော့
မိသားစု ပြတိုက်ထဲမှာ
ဝင့်ကြွားစွာ ထားနိုင်ရမယ်။
ဒါဆိုရင် အခုတည်းကစဉ်းစား
ငါတို့ ထုဆစ်မဲ့အရုပ်
ကျားရုပ်လား ၊နွားရုပ်လား
နဂါးရုပ်လား ၊အလကားရုပ်လား၊၊ ?
ိ