Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

*ချစ်ရည်းစားထားချင်တယ်*(အပိုင်း.၁)

$
0
0

                                             **  ချစ်ရည်းစားထားချင်တယ် ** အပိုင်း(၁)
**ကိုကို**
အသည်းရိုင်း….ပိုင်ရှင်မလေးတွေကို…
အကဲစမ်းလိုမူနဲ့ မျက်လုံးအစာကျွေးရုံသက်သက်ဖြင့် 
ညို့ ကွင်းတွေပစ်ပြိးအချစ်ကိုကစားနေသူ…။
စပါးကြီးမြွေ….ညို့ စွမ်းအားနဲ့ အချစ်ကို…ကြည်ဆယ်သွားသူ……………………။
**ဦး **
ငွေကိုလမ်းခင်းလို့ …ကူညီမူကိုသရုပ်ပြကာ
အသည်းနုနုကိုပွတ်ကာသီကာနဲ့ 
အချစ်ကိုလှည့် ဖျားသွားသူ…………………။
**နော်ဆိုင်း**
ငါကလွဲရင်…နင်ဘယ်ယောက်ကျားလေးမှမကြည့် ရဘူး။
စကားမပြောရဘူး..။မခင်ရဘူး။ငါပဲနင့် ကိုချစ်မယ်။
သ၀န်တွေအပ်ကြောင်းထပ်အောင်တိုပြတတ်တာကို…
မိန်းမတွေကသဘောကျတယ်လေ… ။
**မောင်**
က ကအပေါ်မှာ….အမြဲအနစ်နာခံ
အရာရာမှာ က ကကိုရှေ့ တန်းတင်လို့ 
အခက်အခဲတွေကိုအတူဖြေရှင်းရင်း
ချစ်တယ်လို့ တောင်……….အင်း….
**က က**
က က..အတွက်ဖြစ်လာမဲ့ …ရည်းဆားလေးကလေ..
က က နဲ့ အရာအားလုံးထပ်တူကျနိုင်ရမယ်လေ..
အဲဒါတွေအားလုံးက…တစ်ယောက်တည်းမှာရှိနိုင်ပါ့ မလား….ဟင်
ပြီးပြည့် စုံတဲ့ ယောက်ကျားတစ်ယောက်ကို……..။
*               *                    *                        *                         *                         *
                                      

အရွယ်ငယ်သေးသတဲ့ xxကွယ်xxပြောတယ်xxဆုံးမတာxနားထောင်မလွယ်xx
အချိန်တွေကxx…xပေးလာတုန်းကွယ်x..x..xချစ်…..ရည်း…စား….ထား…ချင်တယ်…ချစ်…ရည်း….စားထား…ချင်တယ်….
  အိမ့် ချစ်ရဲ့ သူချင်းကို..ရေချိုးရင်း..အော်ဟစ်ကာသီဆိုနေသူက..က က ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးလေးတစ်ယောက်…။
”အဟိ  ဟီ  …ပျော်လိုက်တာ..”ဒီနေ့ ကို ကိုနဲ့ တွေ့ ရမယ်။ရုပ်ရှင်မင်းသားဟိန်းဝေယံလိုအကြည့် စူးစူးနဲ့ 
ကြည့် တတ်တဲ့ ကိုကို။စပါးကြီးမြွေ  လိုညို့ ယူဖမ်းစားတတ်တဲ့ ကိုကို။အဲဒီမျက်လုံးတွေကြောင့် ပေါ့ က က ရဲ့ 
ရင်ခုန်သံတွေတဒိတ်ဒိတ်နဲ့ ဖြစ်ခဲ့ ရတာ။ကို ကို အကြည့် ကိုရင်မဆိုင်ရဲ့ သူက က က ပါ ၊ကို့ ကို ရဲ့ ညို့ စွမ်းအားတွေကြားမှာကျရူံးခဲ့ ရသူပါ။
               တကယ်လို့ များကိုကိုက ”က က ကိုချစ်တယ်လို့    ”ဖွင့် ပြောလာခဲ့ ရင်က က ဘယ်လိုပုံစံလေးနဲ့ နေရမလဲဟင်။  အဟီ…ဟီ……ရင်တွေခုန်လိုက်တာ။ရုပ်ရှင်ဇာတ်ကားတွေထဲကလို..
က က ရဲ့ လက်ကလေးကို…ဆုပ်ကိုင်လာမလား။မေးစေ့ လေးကိုညင်သာစွာနဲ့ ကိုင်လာမလား…။
               အင်……………က က ရဲ့ ပုခုံးနှစ်ဖက်ကို   ကိုင်ပြီးပြောလာခဲ့ မလား။ဒါဆိုက က ကကိုယ့် ရင်ခွင်ထဲ ကိုခေါင်းလေးငုံ့ ပြီးတိုးဝင် ရမှာလား….အဟီ…ဟီ…..က က က ဘယ်လိုနေရမလဲမသိတတ်တော့ ဘူး..အဟိ..။
 က က ရဲ့ ရင်ခုန်သံတွေမြန်နေလို့ ..ရင်ဘတ်ကိုလက်နဲ့ ဖိထားရတယ်..ကိုကိုရေ။က က ဘယ်လိုနေ၇မလဲဟင်…။”ပျော်လိုက်တာကိုကိုရယ်…”ဆိုပြီးအားရပါးရပြန်ဖက်ရမှာလား..ပြီးတော့ ရော်…
ပြီးတော့ ရော်….ဘာဖြစ်မလဲ…ပြီးတော့ ရော်…
 ခြေထောက်နှစ်ဖက်ကိုသာလိမ်ပြီးပွတ်နေမိတော့ သည်။ကြက်သီမွှေးညှင်းများလည်း
ထလို့ နေသညိ။ကိုယ်လုံးကလဲတွန့် လိမ်လာသလိုပဲ။”အား….အာ..အမလေးရူးရူးပေါက်ချင်လိုက်တာ”
”ကို ကို…ရေ….က က လေ…ဟိုလေ….ဟို”
”ဘာဖြစ်နေတာလဲယယယက က ပြောလေ…”
”က က လေ..ရူးရူးပေါ က်ချင်လို့ ပါ”
” …ဟာ…ဒီကောင်မလေးး”
     ကို ကို့ မျက်နှာလေ…ရှက်သွားဟန်ရှိသည်။သဘာဝအန္တရာယ်ကိုမထိန်းနိုင်သူက က ကို..ကြည့် ပြီးပြုံးစိစိနဲကြည့် နေသည်။
”ကို ကို..လိုက်ခဲ့ နော်”
”အန်”
”ကိုကိုလိုက်ခဲ့ ပါဆို….နော်”
  ကနွဲ့ ကလျှပြောနေသောကလေးဟန်မပျောက်သေးသည့် က က ကို…အံ့ သြစွာ
ကြည့် နေမိသည်။က က ကတော့ လက်ကိုအတင်းစွဲခေါ်နေသည်။ယောင်တောင်တောင်နဲ့ လိုက်ပါခဲ့ သည်က
”အမျိုးသမီးသန့် စင်ခန်း”တဲ့ ..။
”ဟိုက်…သွားပါပြီကွာ..”
”ဒီနားမျာစောင့် နေနော်ကို ကို …က က ကြောက်လို့ ပါ…”
အခြားကောင်မလေးတွေကပြုံးစိစိနဲ ကိုကို့ကို ကြည့် သည်။က က ကတော့ 
သန်စင်ခန်းထဲသို့  တန်းနေအောင်ပြေးသွားတော့ သည်။
*                      *                      *                          *                            *
´ဟဲ့ က က ထစမ်း..ထစမ်း..ဘယ်အချိန်ထိ..အိပ်နေမှာလဲ..မနက် ၈နာရီထိုးနေပြီ´´
´´အာ..က်ုကိုကလဲ..စောင့် ပါဦး…ကိုကိုနော်…´´
´´အောင်မယ်…အောင်မယ်..ကြည့် စမ်း….ဘယ်ကကိုက်ုလဲ..ဘာတွေယောင်နေတာလဲ´´
´´ဟင်….ကိုကို…အဲ…ယောင်လို့ မမ..´´
´´ထတော့ လေ…ထ ထ.  ခုထ´´
က ကကိုအိပ်ရာထဲမှဆွဲရမ်းထူနေသူက မ မ ပါ။ပါးစပ်ကလဲ..အပျိုကြီးမမပီပီ
ပွစိပွစိနဲ့ ပေါ့ ..။
´´ဟယ်..ကြည့် စမ်းကြည့် စမ်း…အိပ်ရာထဲမှာ…သေးတွေပေါက်ထားပြန်ပြီ  မကြီးမငယ်နဲ့ ဟယ်..´´
  ကိုယ့် ကိုယ်ကိုပြန်ငုံ့ ကြည့် မိသည်။လုံချည်တကွင်းလုံုးးရွှဲရွှဲစိုနေသည်ကိုသတိမထားမိလိုက်ပါ။
ဟင်….ဒါဆိုခုနက…က က အိမ်မက်မက်နေတာပေါ့ ..။
ဟာ…သွားပါပြီ…ကိုကိုနဲ့ မက်နေတဲ့ အိမ်မက်လေးပျက်ပါပြီနော်…။အိမ်မက်ထဲမှာကိုကိုနဲ့ အတူတူရူးရူးးသွား
ပေါက်တာပါ… ။ ခုတော့ အိပ်ရာထဲမှာပေါ က်မိပြန်ပြီနော်….ခေါင်းကိုသာလက်နှစ်ဘက်နဲ့ ထိုင်ကုတ်နေမိတော့ 
သည်။
´´ဟဲ့ က က ထိုင်နေပြန်ပြီလား…ရေသွားချိုးလေဟယ်…´´
´´ဟုတ်..မမ´´
အိပ်ရာ  ထဲကနေကမူးရူးထိုးအိပ်ချင်မူးတူးနဲ့ က က တစ်ယောက်မတ်တပ်ရပ်လိုက်သည်။ 
´´အမလေး…က က ရယ်…´´
မမသူ့ မျက်နှာကို  လက်နှင့် အမြန်အုပ်လိုက်သည်။ က ကတစ်ယောက်လုံချည်ကျွတ်ကျနေသည်ကိုပင်
သတိမထားမိပါ။
         ´´ဟယ်…က က ရယ်.ထမီလေးကိုတောင်မနိုင်တော့ ပါလားဟယ်…ရှပ်ပျာကို ထ နေတတော့ တာပဲ´´
´´အဟီး………..မမ  ကန်တော့ နော် ကန်တော့ …ကန်တော့ ´´
လက်အုပ်ကလေးချီပြီးတောင်းပန်နေသော်လည်း.အခန်းအ၀င်ဝတွင်..ခလုတ်ကတိုက်မိပြန်သေးသည်။
´´ဒုတ်…ဒုတ်..အမလေး ´´
´´အမလေး..က က ရယ်နင့် ကိုကြည့် ရတောလေ..မီးခဲနင်းထးရသလိုပျာလောင်နေတာပဲ
မျက်နှာလည်းပြောင်အောင်သစ်ဦးနော်..သွားတိုက်ဖို့ ပါမေ့ နေဦးမယ်..´´
´´ဟုတ်……မမ´´
 က က ..သတိမေ့ ပေါ့ လျော့ တတ်မှန်းသိသောကြောင့် .မ မ က.ပါးစပ်မှတပျစ်တောက်တောက်..
သတိပေးနေခြင်းဖြစ်သည်။
´´ရော့ ..ဒီမှာထမင်းကြော်စားကော်ဖိသောက်´´
ဟုတ်ကဲ့ မမ´´
      ပါးစပ်ထဲတွင်ထမင်းများနှင့် ပါးလုပ်ပါးလောင်းစားရင်းမှပြောနေသည်။
´´က က ရယ်..ငါလေ..နင့် အစားရင်လေးလိုက်တာဟယ်..´´
´´ဟင်..ဘာဖြစ်လို့ လဲ  မ မ ရဲ့ ´´
´´ဟွန်း….ဒီပုံစံနဲ့ ကတော့ လေ..ယောက်ျားရရင်လေ..အရိုက်ပဲခံနေရမယ်မှတ်ထား..သိလား´´
´´အံမယ်…ရိုက်ကြည့် ပါ့ လား..ပါးနဲ့ လက်ဝါး..အိုးစားကွဲသွားမှာပေါ့ ´´
´´အေးပါ..စောင့် ကြည့် ရသေးတာပေါ့ ..ဘာနဲ့ရိုက်မလဲ..လက်နဲ့ လားနှာခေါင်းနဲ့ ဆိုတာလေ´´
´´အဟဲ…………….မမ…ရည်းစားထားရတာပျော်စရာကောင်းလား…´´
´´ဟင်..နင့် လိုအိပ်ရာထဲ မှာသေးပါတတ်တဲ့ သူက..ရည်းစားထားဦးမယ်..ဟုတ်လား´´
´´အာ…မမကလဲ..အဲဒါသူတို့ မသိဘူးလေ..အဟဲ…ရူး……..တိုးတိုးလေ…မမရဲ့ ´´
´´ဒါကြတတ်တယ်ကြည့် စမ်း´´
ချစ်စရာအမူအရာလေးများနှင့် ပြောနေသာက က ကို  မမကြည့် ရင်းပြုံးနေမိပါသည်။
ကကတစ်ယောက်မမနှင့် စကားများပြောရင်း..ကိုကို့ ကိုသတိရလာပြန်သည်။ကိုကို့ ရဲ့ အကြည့် စူးစူးတွေပေါ့ ။
ကိုကိုနဲ့ မျက်လုံးချင်းစုံတိုင်း  ရင်ခုန်မိတာကလဲ  က က..ပါပဲ။ရင်ထဲမှာဖော်မပြတတ်သောခံစားမူတစ်ခုကိုက က ခံစားနေမိသည်။အဲ လို မကြည့် ပါနဲ့ လား..ကိုကိုရယ်…။က က  မနေတတ်လို့ ပါ..အဟိ..ဟိ…
´´ဟဲ့  ..က က ..ဘာတွေစိတ်ကူးရင်ပြီးပြုံးနေပြန်တာလဲ…သွားတော့ လေ..အလုပ်ကို…´´
´´အော်…ဟုတ်ကဲ့ ပါ..မ မ ရဲ့ …အဟိ…………..ဟိ´´
****************************စံလွန်းတင်***********************************
                                                                                       အပိုင်း(၂)မျှော်
                                                                                       ဆက်လက်ကြိုးစားပါမည်။
                                                                                        သက္ကစ္စကာရီ
                                                                                         အမရာဒေ၀ီ                                                                           
                                                                                      
မှတ်ချက်။   ။  ဒီဝထ္ထုလေးရေးဖို့ အပွင့် လင်းဆုံးရင်ဖွင့် ပြီးရေးသားခွင့် ပေးတဲ့ ညီမလေးကိုကျေးဇူးတင်ပါတယ်ရှင်။
လိုအပ်ချက်တွေရှိခဲ့ ရင်…အမရာအမှားပါလို့ ဝန်ခံပါရစေ။







Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>