မြင့်မိုရ်တောင်ထက်
လက်တစ်ဖောင်ပိုမြင့်
နေနှင့်နှိုင်းယှဉ် ကြည်လင်မြတ်နိုး
လက်စုံမိုး
ရှိခိုးပါသည် အဖေ
အဖေဆိုတာ
သားအတွက်.......ဓားတစ်လက်
အမေ့အျတွက်.....ဆေးတစ်ခွက်
သမီးအတွက်.....ထီးတစ်လက်
အဖေ့အတွက်တော့......ချွေးထုပ်စက်ပေါ့
အရိုးကြေ အရေခန်း
အသေကြမ်း နေလှန်းလည်း
ရင်ထဲမှာ
ရေဖျန်းခဲ့ ခွန်အားအပြည့်
ဇနီးမယား အသိ
သားသမီး အသိ
မီးအနားရှိလည်း ပူမှန်းမသိတဲ့
အဖေ
အမေ့ရွှေလက် တေးပုခက်တဲ့
ချွေးစိုသွေးထွက် အဖေ့လက်က
ရွှေထက်ပွင့်ကြီး ပတ္တမြားသီး
သားကြီးမှပဲ သိတယ်အဖေ
အဖူးတွေပွင့်ဖို့ သီးဖို့
ဆူးတွေခူးလို့ မညည်းတဲ့အဖေ
ငါးဆယ်ကျော် အားကောင်းတုန်း
နေခြင်းကို မုန်းလို့မဟုတ်
သေမင်းထုံးတို့
နေရင်းဗြုန်းခနဲဆိုလို့
သားတို့ကို ခွဲခွာခဲ့ပြီ
ခုတော့.........နေလုံးကွဲလို့မှောင်ခဲ့ပြီ
ရွှေမြင့်မိုရ်လည်းပြိုခဲ့ပြီ
အဖေ့ရဲ့ မြင့်မိုရ်တောင်ညာလက်ရုံး
သားခေါင်းအုံးအိပ်စက်
မက်ခဲ့သည့်အိမ်မက်များ
သူရဲကောင်းတရားအပြည့်
အခု........ဓားပွေ့လို့လျှောက်တတ်
ကျားတွေ့လို့လည်း မကြောက်တတ်တော့ဘူး
အဖေ
↧
မြင့်မိုရ်တောင်ကိုခေါင်းအုံးအိပ်သည့် ည
↧